Nov 27, 2012

လှိုင်တက္ကသိုလ်ဝင်း အတွင်းရှိ မြန်မာနိုင်ငံ စာစစ်ဌာန၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ် မြေဝင်းအတွင်းရှိ မြန်မာနိုင်ငံစာစစ်ဌာန ဇွဲကပင်ဆောင်၌ နိုဝင်ဘာ လ ၂၇ ရက်နေ့ နံနက်ပိုင်းက မီး လောင် မှုဖြစ်ပွားခဲ့ရာ အချိန်မီ မီးငြှိမ်းသတ်နိုင်မှုကြောင့် အရေးကြီး စာရွက်စာတမ်းများ မီးလောင်ပျက် စီးမှုမရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုမှာ ၄င်း နေ့နံနက် ၅ နာရီ ၅၅ မိနစ်အချိန် ၌ စာစစ်ဌာန အပေါ်ဆုံးထပ်ရှိ စာ ရွက်စာတမ်းများထားရာအခန်းမှ စာတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂၄ စီးဖြင့်လာရောက်ငြှိမ်းသတ်မှု ကြောင့် နံနက် ၆ နာရီ ၅ဝ မိနစ် အချိန်၌ မီးငြှိမ်းသွားခဲ့ခြင်းဖြစ်
ကြောင်း ၄င်းကဆိုသည်။

ဘယ်လိုကနေ ဘယ်လိုစ လောင်လဲဆိုတာကတော့ မသိရ သေးဘူး။ သူများတွေပြောတာက တော့ အဲဒီအပေါ်ဆုံးထပ် အခန်းကနေ မီးခိုးနဲ့မီးတောက်တွေထွက် လာတော့မှ မီးလောင်နေမှန်း သိရတာ။
တော်သေးတာက စာစစ်ဌာန ရဲ့အရေးကြီးစာရွက်စာတမ်းတွေက မီးလောင်တဲ့အထဲ ပါမသွားဘူး''ဟု ၄င်းကပြောသည်။

ထိုမီးလောင်မှု၏ အကြောင်း အရင်းအား မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေး
နေဆဲဖြစ်ပြီး မီးလောင် မှုကြောင့် အလျား ၁ဝ ပေ၊ အနံ ၁၅ ပေရှိသော အခန်း ၂ ခန်းမှ စာရွက်စာတမ်းများနှင့် ခေါင်မိုးများ မီးလောင်ပျက်စီးကာ
ငွေကျပ်သုံး သိန်းခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လှိုင် မြို့နယ်ရဲစခန်းမှ ပညာရေး
ဝန်ထမ်း ဖြစ်သူ ဦးရန်နိုင်စိုးအား (ပ)၅၉၇/၁၂၊ ပုဒ်မ (၂၈၅)ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

From:[_Popular Myanmar News Journal_]
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ