Nov 30, 2012

လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာခဲ့

ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုများကို ကင်းရှင်းအောင် ဆောင်ရွက်ရာတွင် ပြည်သူများ၏ အကူအညီကို ရယူဆောင်ရွက်သွားရန် အထူးလိုအပ်ပါသည်။

 ပြည်သူများအနေဖြင့် အစိုးရရုံးဌာနများနှင့် ဆက်သွယ် ဆက်ဆံကြရာတွင် လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းဌာနများနှင့် ဆက်သွယ်ဆက်ဆံကြရာတွင် လည်းကောင်း၊ ရုံးဌာနဝန်ထမ်းများ အနေဖြင့်လည်း ဝန်ထမ်းအချင်းချင်း၊ ဌာနအချင်းချင်း ဆက်သွယ် ဆက်ဆံကြရာတွင် လည်းကောင်း  လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေးတို့အတွက် ငွေကြေး သို့မဟုတ် ပစ္စည်းများ တောင်းဆို ပေးကမ်းနေကြရခြင်းများ ရှိနေသေးကြောင်း သိရှိရပါသည်။

 လာဘ်ပေးလာဘ်ယူမှု သည် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် လက်ခံ၍ မရနိုင်သည့် ဆိုးရွားသော အကျင့်စရိုက် ဖြစ်သည့်အပြင်  တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ထိရောက်စွာ တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် တည်ဆဲဖြစ်သည့် ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို ခေတ်ကာလနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် လက်ရှိ လွှတ်တော်တွင် အသစ်ပြင်ဆင် ရေးဆွဲလျက် ရှိပါသည်။


အဆိုပါ လာဘ်ပေးလာဘ်ယူမှုများအား ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားနိုင်ရန် ပြည်သူများ အနေဖြင့်

  • (က) ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဖုန်း- ဝ၆၇-၄၃၁၃၇ဝ၊ လိပ်စာ- ရုံးအမှတ်(  ၄၉)၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန။
  • (ခ) ရုံးအဖွဲ့မှူး ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဖုန်း- ဝ၆၇-၄၁၂၃၁၈၊ ဝ၉-၈၃ဝ၂၆ဝ၁၊ ဝ၆၇-၄၁၂၄၃၉ (Fax)၊ လိပ်စာ- ရုံးအမှတ်(၁ဝ)၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နေပြည်တော် ။


စသည့် ဖော်ပြပါ ဌာနလိပ်စာများသို့ အထောက်အထား၊ အချက်အလက် ပြည့်စုံစွာဖြင့် တိကျမှန်ကန်စွာ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From:[_ ခေတ်လူငယ်_]
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ