Nov 30, 2012

မီဒီယာတွေ ဖွဖွနေတဲ့ မီးလောင်ဗုံး နဲ့ မီးခိုးဗုံး အကြောင်း

မီးလောင်ဗုံးနဲ့ မီးခိုးဗုံးအကြောင်းပါ

Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ.. အဓိကရုဏ်း နှိမ်နင်းသူများက မီးခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ် စခန်းထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်တွေ လောင်တာဖြစ်ပါတယ်.. ( မယုံရင် မိမိအ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ ) အောက်က ဗီဒီယိုလင့်တွေကို လေ့လာကြည့်ပါ.. မီးခိုးဗုံးတစ်လုံး ဘယ်လိုလောင်ကျွမ်းသလဲဆို တာ တွေ့ရ ပါ လိမ့် မယ်.. ခုကိစ္စမှာ မီးလောင်ဗုံးသုံးတယ်ဆိုရင် တော့ အစအနတောင်ကျန်မှာမဟုတ်ပါဘူး.. မီးေ လာင်ဗုံးကို အင်္ဂလိပ်လို Napalm Grenade / Bomb လို့ခေါ်ပါတယ် မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အ ခါ တွက်ရှိ လာတဲ့ အပူချိန်ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိ ပါ တယ်.. ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင် ကျန်မှာမဟုတ် ဘူး.. နောက် တစ် ခုက ခုပြောနေတဲ့ Napalm မီးလောင်ဗုံးတွေကို မြန်မာနိုင်ငံအနေနဲ့ မ၀ယ်နိုင်သေးသလို ထုတ်လည်း မထုတ်နိုင်သေးပါဘူး.. မီဒီယာတွေ ဖွတာနဲ့ပဲ ဒီလိုတွေဖြစ်နေကြတာပါ.. အဓိက မီဒီယာတွေမှာ တာဝန်ရှိ ပါတယ်.. အောက်က လင့်တွေကို လေ့လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်. မလေ့လာမသုံးသပ်ပဲ ရမ်း သမ်းအော်နေရင်တော့ ဖြင့် အဆင်မပြေလှပေဘူး.......

http://www.youtube.com/watch?v=Wq28kc4d6Pc
http://www.youtube.com/watch?v=X9cPj9SbqFQ
http://en.wikipedia.org/wiki/Napalm

အောက်ကလင့် ၂ခုကတော့ စိုင်းသိန်းဝင်းဆိုတဲ့ ပုဂိုလ်ကြီး ပြောတဲ့ Flame thrower ပါ.. မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းဖို့ ဒီလက်နက်ကို ထုတ်မပေးထားပါဘူး.. ပြောရ ရင် မြန်မာ့ တပ်မတော် မှာတောင် မသုံးနိုင်သေးပါဘူး..

အဲဒိလက်နက်တစ်လက် ကို ဒေါ်လာ ၅သိန်းဝန်းကျင် ရှိပါတယ်.. ကမ္ဘာမှာတောင် တားမြစ်ထားတဲ့ လက် နက်ပါ.. နောက်ပြီး အနောက်နိုင်ငံတွေကလည်း ဒီလက်နက်မျိုးတွေကို ထုတ်မရောင်းကြပါဘူး.. အထူး သဖြင့် ပိတ်ဆို့ခံနိုင်ငံဆိုတော့ ပိုဆိုးပေါ့..

အဓိကရုဏ်း နှိမ်နင်းဖို့သက်သက်လောက်နဲ့တော့ ဒီလောက်ဈေးကြီးတဲ့ ဒေါ်လာ ၅သိန်း ပတ်ဝန်းကျင် တန် တဲ့ လက်နက်တွေ ထုတ်မသုံးလောက်ပါဘူး..း))

http://www.youtube.com/watch?v=D9DkciMTsLI
http://www.youtube.com/watch?v=K2Qn_LkOhGg

အောက်ကတော့ ဆွီဒင်နိုင်ငံ ဘော်ဒန်မြို့က မီးခိုးလက်ပစ်ဗုံး ပစ်ခတ်လေ့ကျင့်နေကြတဲ့ ဗီဒီယိုပါ.. အဲမှာ မီးစထွက်တာကို မြင်ရပါမယ်.. Phosphorous နဲ့လုပ်ထားတဲ့ မီးခိုးဗုံးအမျိုးအစား ဖြစ်ပါတယ်.. မီးခိုး ဗုံး လုပ်တဲ့ Method တွေအများကြီရှိပါတယ်..

လက်ရှိ မြန်မာနိုင်ငံမှာ သုံးတဲ့ မီးခိုးဗုံးတွေက Phosphorous နဲ့လုပ်ထားတဲ့ မီးခိုးဗုံးတွေဖြစ်ဖို့များပါတယ်.. အဲလိုဗုံးမျိုးကို အ၀တ်တွေလှန်းထားတဲ့ သပိတ်စခန်းထဲ ပစ်ထည့်လိုက်ရင် မီးစ ကြောင့် မီးလောင်မှာ အေ သအချာပါပဲ..

Phosphorus က ရေနဲ့ဓါတ်မပြုပေမယ့် လေထဲက အောက်စီဂျင်နဲ့ ဓါတ်ပြုတယ်ခင်မျ.. Phosphorus ကို ၀ယ်ရင် ရောင်းထဲ့ဘူးမှာ ရေထဲမှာထားကြဖို့ ရေးထားကြတယ်.. သူ့ရဲ့ဂုဏ်သတ္တိကိုက အပူထွက်တယ်.. သူ့ပါသူလေထဲမှာ လောင်ကျွမ်းနိုင်တယ်.. အထူးသဖြင့် White Phosphorus (P4) ပေါ့. လေနဲ့ အရမ်း ဓါတ်ပြုလွယ်တယ်.. လေနဲ့ဓါတ်ပြုပြီး Phosphorus Pentoxide အငွေ့တွေထွက်တယ်.. မယုံရင် ရေ စိမ် ထားတဲ့ Phosphorus အချောင်းတစ်ခုကို ရေစိုနေတဲ့ အ၀တ်တစ်ခုပေါ်မှာ ခဏထား လိုက် လေထဲ က အောက် စီ ဂျင် နဲ့ဓါတ်ပြုပြီး ရေခြောက်သွားပြီးတာနဲ့ မီးထတောက်လိမ့်မယ်.. အဲဒါလေးကိုလည်း သတိချပ်ဖို့လိုပါတယ်..

မျက်လှည့်ဆရာတွေ ဖယောင်းတိုင်မီးကို အလိုလိုတောက်အောင် ဘယ်လိုပြကြလဲ.. မီးစာမှာ Phosphorus သုတ်ထားပြီး သူ့ပါသူ လေနဲ့ဓါတ်ပြုပြီး မီးတောက်အောင် လုပ်ကြတာ တွေ့ဖူးကြား ဖူး ကြမယ်ထင်ပါတယ်..

http://www.youtube.com/watch?v=Yg7RR82NQOU

ဘယ်ကိစ္စမဆို စိတ်ခံစားချက်ဖြစ်ပေါ်စေတဲ့ ရှုထောင့်တစ်ခုတည်းကနေ မကြည့်ပဲ ဘက်ပေါင်းစုံ ရှုထောင့်ေ ပါင်းစုံကနေ လေ့လာသုံးသပ်နိုင်ကြပါစေ..

Kts Gamelover
From:[_ မြန်မာရွှေမြေ_]
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ