Nov 25, 2012

ကေအိုင်အို ဗဟိုတွင် ကေအိုင်အေ အင်အားဖြည့်တင်းရေးကိစ္စဆွေးနွေးနေတဲ့အတွက် အစိုးရနဲ့ မတွေ့ဆုံနိုင်

နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပြီးခဲ့တဲ့လ အောက်တိုဘာ ၃ဝ ရက် တုန်းက တရုတ်နိုင်ငံ ရွှေလီမြို့တွေ့ ဆုံပွဲမှာ သဘောတူခဲ့ရာမှာ ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အရေးကြီးအစည်းအဝေးဖြစ်တဲ့ ကေအိုင်အေအတွင်း အင်အားပြန်လည်ဖြည့်တင်းရေးနှင့် လက်နက်ကုန်ကြမ်းဝယ်ယူရေးကိစ္စများ မပြီးပြတ်နိုင်သေးတာကြောင့်မို့  အခုလောလောဆယ် အခြေအနေမှာ အကြောင်းမပြန်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

အစိုးရနဲ့ အခုတကြိမ်ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး၊ စစ်ရေးအပြင် ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စတွေပါ ဆွေးနွေးနိုင်ဖို့အတွက် အခုရက်ပိုင်းအတွင်း ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အစည်းအဝေးကျင်းပဖို့ရှိရာ လက်စမသတ်နိုင်သေးတာကြောင့် ဟုအကြောင်းပြကာ အကြောင်းမပြန်နိုင်သေးတာဖြစ်တယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace-Talk Creation Group) က ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရရဲ့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ကေအိုင်အိုတို့ အခုလအတွင်းတွေ့ဆုံဖို့ကိစ္စ ဒီကနေ့ ၂၅ ရက်နေ့အထိ အတိအကျပြောဆိုလို့ မရနိုင်သေးဘူးလို့လဲ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အခုလ(နိုဝင်ဘာလ)အတွင်း တွေ့ဆုံမဲ့ကိစ္စကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ပြီးခဲ့တဲ့ကြာသပတေးနေ့က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းထံ စုံစမ်းတဲ့အခါ ကေအိုင်အိုရဲ့ အကြောင်းကြားမဲ့ရက်ကိုစောင့်နေတာလို့ ဖြေကြားခဲ့ပြီး မနေ့မနက်ပိုင်း ကေအိုင်အိုဘက်က အကြောင်းပြန်တာက အစည်းအဝေးကိစ္စ မပြီးပြတ်သေးတဲ့အတွက်ကြောင့်
လို့သိရပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ