Nov 25, 2012

တိုင်းရင်းသားတွေရဲ့ ခံစားချက်လေး နားထောင်ပေးပါဦး မြန်မာပြည်မှာ NLD နဲ့ ကြံ့/ဖွံ့ပဲ ရှိတာမဟုတ်ဘူးဗျ

From:Black Angel....//
ခမြာတွေမလည်း သူတို့သဘောထား ရဲရဲဝံ့ဝံ့ မအော်ရဲဘူး..... ဒီမိုမျက်စောင်းက သူတို့နဲ့ မပူးပေါင်းဘူး သူတို့နဲ့ အပြိုင်အဆိုင်ဆိုရင် အကြောင်းသုံးပါး မရွေးလို့.....
အိုဘားမားမိန့်ခွန်းက ကျနော်တို့ မျှော်လင့်ထားသလို မဟုတ်ဘူး။ အိုဘားမားက ဒီမိုကရေစီက ရွေးကောက်ပွဲ သင်တန်းလာပို့ချနေတာ။ ကျနော်တို့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးဖို့ နည်းနည်းလမ်းကြောင်းပေးတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ထုံးစံအတိုင်း သူတို့ကိုယ်ကျိုးစီးပွား အဓိကပဲ။ ပြီးတော့ မြောက်ကိုရီးယားကို သတိပေးချင်တာလည်း ပါတယ်။ မြောက်ကိုရီးယားကို မဆီမဆိုင် ကျနော်တို့ဆီကနေ သတင်းစကား ပါးလိုက်သေးတယ်။

 ဒီမိုကရေစီ သင်ပုန်းကြီး ဖတ်စာလာရွတ်တာ။ ကျနော်တို့က ဒီမိုကရေစီရဖို့ မိုးပေါ်က ရေခံသောက်သလို လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ သွေးနဲ့သားနဲ့ အသက်နဲ့ရင်းပြီး လုပ်နေကြတာ၊ တိုက်ပွဲဝင်နေကြတာ။ အခုမှ ရေးရေးလေး ပေါ်လာတဲ့အချိန်မှာ တကယ့်ကို ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်ထောင်ပြီး အော်ချင်နေကြတယ်။ လူထုရှေ့မှာ စကားပြောတဲ့နေရာမှာ ပါတီကြီးတခုလောက်ကို အမွှန်းတင်လိုက်တာမျိုး။ ကျနော်တို့ ပါတီစုံစနစ်ပါ။ ကျနော်တို့ နားလည်သွားပါတယ်၊ ဘယ်သူ့အတွက် စည်းရုံးရေး လာဆင်းတယ်ဆိုတာကို နားလည်သွားတယ်။
 ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ)
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ