Nov 30, 2012

မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် ဂျီဒီပီအချို့ နည်းပါးနေသေး ယခုနှစ်တွင် ကျပ် ၁၉၀၀ ဘီလီယံခန့် မျှော်မှန်း

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခွန်ရငွေနှင့် ဂျီဒီပီအချိုးမှာ များစွာ နည်းပါးနေသေးကြောင်းနှင့် ယခုနှစ်အတွက်မူ ယခင်နှစ်ထက် ဘီလီယံ ၃၀၀ ကျော် ပိုမိုရရှိရန် မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ 

  
ထိုသို့ အခွန်ရငွေ နည်းပါးနေခြင်းမှာ အခွန်ထမ်းများ၏ တိမ်းရှောင်မှုနှင့် အကောက်ခွန်ဝန်ထမ်းများ၏ ပေါ့လျော့မှုများကြောင့်လည်း ပါဝင်ကာ နှစ်ဦးနှစ်ဖက် အဆင်ပြေသလို ညှိနှိုင်းလုပ်ဆောင်နေခြင်းမှာလည်း နိုင်ငံတော်မှ အမှန်တကယ် ရသင့်ရထိုက်သော အခွန်အကောက် ဆုံးရှုံးနစ်နာမှုကို ဖြစ်စေသည်ဟု ဘဏ္ဍာရေး အငြိမ်းစားဝန်ထမ်း တစ်ဦးကလည်း ဆိုသည်။
 “နိုင်ငံတော် တည်ဆောက်ရေးမှာ ပြည်သူတွေ ပေးဆောင်တဲ့ အခွန်အခနဲ့ပဲ အဓိကလုပ်ဆောင်ရတာပါ။ သတ်မှတ်ထားတဲ့အတိုင်း အခွန်ထမ်း ပြည်သူတွေအနေနဲ့ တာဝန်သိသိ ပေးဆောင်ဖို့အတွက် အသိစိတ်တွေ အရင်ဖွံ့ဖြိုးဖို့ လိုတယ်။ နိုင်ငံသားတစ်ဦး အနေနဲ့ အခွန်တိမ်းရှောင်နေမယ် ဆိုရင် ဒါနိုင်ငံတော်အပေါ် ကျေးဇူးမသိတတ်တာနဲ့ အတူတူပါပဲ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

 ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်ငါးမျိုးအား ကောက်ခံလျက်ရှိရာ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ သိန်းဆုခွန် စသည့် လေးမျိုးနှင့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန် တို့ဖြစ်ပြီး နိုင်ငံတော်၏ အခွန်အကောက်ရငွေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်လျက်ရှိသည်ဟု သိရသည်။

 နိုင်ငံတော်အနေဖြင့် အခွန်အကောက်ရငွေမှာ နှစ်စဉ်တိုးတက်ရရှိသော်လည်း ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခွန်ရငွေနှင့် ဂျီဒီပီအချိုးမှာ နည်းပါးလျက်ရှိနေသေးသည်ဟု ဆိုသည်။ ယမန်နှစ်က အခွန်ရငွေ စုစုပေါင်းမှာ ကျပ် ၁၅၀၀ ဘီလီယံကျော်ရှိခဲ့ပြီး ယခုနှစ်၌ပင် ကျပ် ၁၉၀၀ ဘီလီယံခန့် တိုးတက်ရရှိရန် မျှော်မှန်းထားကြောင်းနှင့် ထိုသို့ တိုးတက်ရရှိရန်မှာလည်း အားလုံးက ပူးပေါင်းပါဝင်ဖို့ လိုကြောင်းလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောသည်။ 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် အကောက်ခွန်ဝန်ထမ်းများ၏ ပေါ့လျော့မှု၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍လည်း ယခင်ထက် ပိုမိုအလေးထား ကြပ်မတ်မှုများ ပြုလုပ်လာခဲ့သော်လည်း အောက်ခြေပိုင်းတွင် လစ်ဟာမှုများ ယနေ့အချိန်ထိ ရှိနေသေးမှုကို နည်းလမ်းရှာဖွေ သုံးသပ်ဖို့ လိုအပ်နေသေးကြောင်း အလတ်စား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:[_ခေတ်လူငယ် _]
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ