သီရိလေ့လာမိသလောက်ရေးရရင် ........
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ဆုံးဖြတ်ချက် မပျက်ပါ။ ဥပဒေရဲ့မူလဘူတသဘောအရပဲကြည့်ကြည့် ၊ ယုတ္တိကျကျပဲတွေးတွေး ပါ........
တရားစီရင်ရေးဆိုင်ရာဆုံးဖြတ်ချက်တစ်ခုကို ချမှတ်တဲ့ အဖွဲ့အစည်းကအဖွဲ့ဝင်တွေ၊ ဆုံးဖြတ်ချက်ချမှတ်သူတွေ ရာထူးက နှုတ်ထွက်ရုံနဲ့ အဲဒိဆုံးဖြတ်ချက်အလိုလိုပျက်ပျယ်မှာမဟုတ်ပါ။ .... အလားတူစီရင်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုက အဲဒိဆုံးဖြတ်ချက်ကိုပြန်ဖြက်မှသာ ပျက်ပြယ်ပါတယ်။ .....
ဥပမာပြောပေးရရင် ... သီရိချိန်ဘာဆင်းတုန်းက ချိန်ဘာဆရာလိုက်တဲ့အမှုတစ်မှုပါ။ .... ပထွေးဖြစ်သူက အသက် ၁၂ နှစ်ရှိတဲ့ မယားပါသမီးကို မုဒိမ်းကျင့်တယ်။ တရားသူကြီးက တရားခံဖြစ်တဲ့ ပထွေးလုပ်သူကို ထောင်တစ်သက်တစ်ကျွန်းချလိုက်တယ်။ နောက်သိပ်မကြာပါဘူးအဲဒိတရားသူကြီးကို တရားရုံးချုပ်က အငြိမ်းစားပေး (force to retire) ပေးလိုက်တယ်။ အပြစ်ကတော့ အဲဒိမုဒိမ်းမှုမှာ တရားသူကြီးဖြစ်သူဟာ တရားလိုဖြစ်တဲ့ ၁၂ နှစ်သမီးကောင်မလေးရဲ့ အမေကို လက်ခံတွေ့ဆုံပြီး အမှုကိစ္စလာပြောကို လက်ခံစကားပြောလို့တဲ့........
ဲ့ "အမိန့်ချသူအနားယူ၊ အမိန့်အလိုလိုပျက်ဆိုတဲ့" လွှတ်တော်ရဲ့ သီအိုရိအရဆိုရင် အဲဒိအမှုက မုဒိမ်းကောင်ကြီးကို ထောင်ထဲကပြန်ထုတ်ပေးရတော့မှာပေါ့။ ......
မြန်မာပြည်မှာတရားသူကြီးတွေထောင်ဂဏန်းရှိပါတယ်။ သူတို့စစ်ခဲ့တဲ့အမှုတွေကလည်း အမြောက်အများပါ။ ..... တရားသူကြီးတစ်ယောက်အနားယူသွားတိုင်း သူချခဲ့တဲ့အမိန့်ပျက်ပြယ်လို့ အမှုအနိုင်ပေးခဲ့သူက အရှုံးပြန်ဖြစ်ပြီး အမှုအရှုံးပေးခဲ့သူက အနိုင်ပြန်ရကြစမ်းဆိုရင် ............... သီရိတော့ တွေးတောင်မတွေးရဲတော့ဘူး........
သီရိအထင်ပြောရရင် လွှတ်တော်အမတ်မင်းတွေဟာ ရှေ့လူလုပ်ခဲ့သမျှနောက်လူက အကုန်ပြောင်းပြန်လှန်ဆိုတဲ့ အာဏာရှင်အယူအဆကို ပြန်လှန်ထိန်းကြောင်းခြင်း (Check and Balance) ဆိုတဲ့ အယူအဆအဖြစ် မှားယွင်းယူဆနေပုံရပါတယ်။
သီရိသူငယ်ချင်းတစ်ယောက်ကို အဲလိုရှင်းပြတုန်းက သူကမေးတယ် တရားသူကြီးက လူတစ်ဦးချင်းတွေကို ဆုံးဖြတ်တာတဲ့၊ ခုံးရုံးဆုံးဖြတ်တာ လူတစ်ဦးချင်းမဟုတ်ဘူး အဖွဲ့အစည်းချင်းဖြစ်တဲ့ကိစ္စကို ဆုံးဖြတ်တာတဲ့ ...... အဲဒါကြောင့် ခုံရုံးနှုတ်ထွက်တာနဲ့ သူ့ဆုံးဖြတ်ချက်ပျက်ပြယ်တယ်လို့ လွှတ်တော်ကပြောတာနေမှာပေါ့တဲ့။ ...
သီရိပြန်ဖြေခဲ့ပါတယ်။ .... ခုံရုံးရဲ့ဆုံးဖြတ်ချက်ဆိုတာဟာ ဦးသိန်းစိုး၊ ဒေါက်တာတင်အောင်အေး စတဲ့ ခုံးရုံးအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံးရဲ့ဆုံးဖြတ်ချက်ပါ။ တနည်းပြောရရင် ၂၀၀၈ အခြေခံဥပဒေအရ ဖြစ်လာတဲ့ တရားစီရင်ရေး (organ) တစ်ခုရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ခုံရုံးအဖွဲ့ဝင်တွေ နှုတ်ထွက်သွာပေမဲ့လည်း တရားစီရင်ရေး organ ကြီးရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ဆုံးဖြတ်ချက်ကလည်း မပျက်ပါဘူး၊....... နောက်ဆုံးအခြေခံဥပဒေကို ပြင်လိုက်လို့ ခုံရုံးဆိုတာမရှိတော့ဘူးဆိုရင်တောင်မှ အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုပိုင်ခွင့်ရှိလာမှာဖြစ်တဲ့ တရားစီရင်အရေး organ တစ်ခုခုက မဖျက်မချင်း ဒီဆုံးဖြတ်ချက်မပျက်ပါဘူး။ ....
ဥပမာပေးရရင် လွှတ်တော်မှာဥပဒေကြမ်းတစ်ခုကို အတည်ပြုကြတယ်။ နောက် ဥပဒေကြမ်းကို အတည်ပြုတဲ့ လွှတ်တော်အမတ်တွေ အမတ်အဖြစ်က အကြောင်းကြာင်းကြောင့် နှုတ်ထွက်သွားတယ်၊ ဒါမှမဟုတ် လွှတ်တော်အမတ်အဖြစ်ဆက်မရှိတော့ဘူးဆိုကြပါစို့ .... အဲဒိ အတည်ပြုခဲ့တဲ့ဥပဒေပျက်လေသတည်းလား။ ....... မပျက်ပါဘူး၊ ဥပဒေပြုလွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေတစ်ခုကို ဥပဒေပြုနိုင်တဲ့အဖွဲ့အစည်းတစ်ခုကပဲ ဥပဒေတစ်ရပ်ရေးဆွဲပြီး ဖျက်သိမ်းခွင့်ရှိပါတယ် ။ ဘာလို့လဲဆိုတော့ လွှတ်တော်ကပြုခဲ့တဲ့ဥပဒေဆိုတာ အမတ်ဦးဖြူ၊ အမတ် ဦးနီတို့ရဲ့ ဥပဒေမဟုတ်ပဲ နိုင်ငံရဲ့ (organ) တစ်ခုဖြစ်တဲ့လွှတ်တော်ရဲ့ဥပဒေဖြစ်နေလို့ပါပဲ။ ..........
ဆုံးဖြတ်ချက်ဟာ စီရင်ချက်မဟုတ်ဘူး၊ အမိန့်မဟုတ်ဘူး ဒါ့ကြောင့် ခုံရုံးဆုံးဖြတ်ချက်ပျက်တယ်ဆိုပြီးတော့ စကားကပ်သပ်လည်း ပြောလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ တရားစီရင်ရေးဆိုင်ရာ organ တစ်ခုရဲ့ နောက်ဆုံး ရလာဒ် ဟာ နာမည်တွေဘယ်လိုပဲပြောင်းခေါ်ခေါ် သူ့ရဲ့စည်းနှောင်မှုက ပြောင်းလဲမသွားပါဘူး။ .....
ဆုံးဖြတ်ချက်တစ်ခုဟာစည်းနှောင်မှုရှိမရှိဆိုတာကို ...
(၁) ဆုံးဖြတ်ချက်ချတဲ့အဖွဲ့အစည်းဟာ တရားစီရင်ရေးအာဏာ ရှိ၊ မရှိ နဲ့
(၂) ဆုံးဖြတ်ချက်ကို တရားစီရင်ရေးအာဏာရှိတဲ့ သူ့ထက်အဆင့်မြင့် (သို့) သူ့ကိုဆက်ခံသော အဖွဲ့အစည်းက ပယ်ဖျက်ထားခြင်းရှိ၊ မရှိ နဲ့ပဲတိုင်းတာနိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတိုင်း ဒီစံနှစ်ခုနဲ့ပဲတိုင်းပါတယ်။ ....
နောက်ပြီးတော့ တရားစီရင်ရေး organ တစ်ခုကို စီရင်ပိုင်ခွင့်မရှိပဲ စီရင်ဆုံးဖြတ်တဲ့အတွက် ဆုံးဖြတ်ချက်ပျက်ပြယ်တယ်လို့ နိုင်ငံရဲ့ တခြား organ တွေက ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ တရားစီရင်ရေး organ တစ်ခုအနေနဲ့ ကိစ္စတစ်ရပ်ကို စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိ၊ မရှိဆိုတာ ကို တရားစီရင်ရေး organ ကလာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ပါပဲ။ ...... ဘာလို့လဲဆိုတော့ တရားစီရင်ရေး ဆိုတာ တခြား organ တွေကြားမှာဖြစ်တဲ့ ပြဿနာတွေကို အဆုံးအဖြတ်ပေးရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူ့ရဲ့စီရင်ပိုင်ခွင့် ကိုတခြား organ တွေက အဆုံးအဖြတ်ပေးနေမယ်ဆိုရင် တိုင်းပြည်မှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာပြီး အစိုးရအဖွဲ့အစည်းချင်းချင်းဟာလည်း အပြုသဘောကို အခြေမခံတဲ့ အားပြိုင်မှုတွေဖြစ်လာနိုင်ပါတယ်။
ဥပမာပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ဘယ်ကိစ္စရပ်တွေကိုစီရင်ပိုင်ခွင့်ရှိပြီး ဘယ်ကိစ္စရပ်တွေကို စီရင်ပိုင်ခွင့်မရှိဘူးဆိုတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ခွင့်ရှိတယ်ဆိုကြပါစို့ .... အစိုးရက အလွှတ်တော်လုပ်ခွင့်ရှိတာတွေကို ဘောင်တွေကျော်ပြီး အခြေခံဥပဒေနဲ့ ဆန့်ကျင်ဆောင်ရွက်မယ်။ အမတ်တွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ အမိန့်တွေကို နာခံရမယ်ဆိုတာမျိုး By-Law တွေထုတ်မယ်။ လွှတ်တော်ပိုင်းကမကျေနပ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြီး ဒီကိစ္စတွေတားခိုင်းမယ် ............. ဒီအခါမှာ အစိုးရကနေပြီး ဒီလိုကိစ္စရပ်မျိုးကို ခုံရုံး (Constitutional Tribunal) က ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုပြီး ဆုံးဖြတ်မယ် ..... ဘယ်လိုဒီမိုကရေစီကြီးဖြစ်သွားမလဲ ?
အလားတူပါပဲ လွှတ်တော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စီရင်ပိုင်ခွင့်ကို ဆုံးဖြတ်ဖို့ အခွင့်အာဏာရှိတယ်ဆိုကြပါစို့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကိုအမတ်တွေက ဘောင်ကျော်လုပ်နိုင်အောင် ဥပဒေတွေပြဌာန်းမယ်၊ ဝန်ကြီးတွေဟာ အမတ်တွေရဲ့သဘောတူညီမှုမပါပဲ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ မလုပ်ရဆိုတာမျိုး ဥပဒေတွေပြဌာန်းမယ် .... အစိုးရဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြီး ဒီကိစ္စတွေတားခိုင်းမယ် ............. ဒီအခါမှာ လွှတ်တော်က ဒီလိုကိစ္စရပ်မျိုးကို ခုံရုံး (Constitutional Tribunal) က ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုပြီး ဆုံးဖြတ်မယ်....... ဘယ်လိုလုပ်ကြမလဲ.....?
နောက် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကစီရင်ပိုင်ခွင့်ရှိ၊ မရှိဆိုတာ ကို လွှတ်တော်နဲ့ အစိုးရက အလျှဉ်းသင့်သလိုသတ်မှတ်ကြမယ်ဆိုကြပါစို့ .... ဒီအခါမှာ organ တစ်ခုက အခြား organ တစ်ခုကို ဘောင်ကျော်လုပ်ကြမယ် .... ပြီးတော့ လုပ်တဲ့ကိစ္စဟာ ဥပဒေနဲ့ ညီ၏၊ မညီ၏ ဆိုတာထက် ခုံရုံးကဆုံးဖြတ်ပိုင်ခွင့်ရှိမရှိဆိုတာကို ဦးတည်အငြင်းပွားကြပါလိမ့်မယ် နောက်တဖြည်းဖြည်းနဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ အပြုသဘောမဆောင်တဲ့ အာဏာပြိုင်ဆိုင်မှုတွေ များသည်ထက်များလာပြီး .... လုပ်ကြံမှုတွေ၊ အာဏာသိမ်းမှုတွေ နဲ့ တိုင်းပြည်နောက်ကြောင်းပြန်လှည့်သွားရပါလိမ့်မယ်။
ဒါ့ကြောင့် တရားစီရင်ရေး organ ရဲ့ စီရင်ပိုင်ခွင့် ရှိ၊ မရှိကို တရားစီရင်ရေး organ ကိုယ်တိုင်ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်လို့ ကမ္ဘာ့ဥပဒေပြညာရှင်တွေက တညီတညွတ်တည်းသဘောတူထားပြီး ဒီမိုကရေစီနိုင်ငံတွေအားလုံးမှာလက်တွေ့ကျင့်သုံးနေကြတာပါရှင့်......
လွှတ်တော်ရဲ့ ကော်မတီတွေ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး ဆိုတာကို ငြင်းပယ်ခြင်း၊ ထောက်ခံခြင်း မလုပ်လိုပါဘူး ..... ဒါပေမဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ နေရာမှာ ဒီမိုကရေစီစံနှုံးတွေကို တော့ လေးစားဖို့လိုပါလိမ့်မယ်။ ပါးစပ်က ဒီမိုကရေစီ လို့ဘယ်လောက်အောက်အော် ဒီမိုကရေစီဆိုပြီး ဘယ်လောက် နာမည်တပ်တပ် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ စံနှုံးတွေနဲ့မညီရင် ဘယ်တော့မှာဒီမိုကရေစီဖြစ်မှာမဟုတ်တဲ့အပြင် ပြည်သူတွေအတွက်လည်း အဆိပ်အတောက်သာဖြစ်ပါလိမ့်မယ်။.....
သီရိအထက်မှာရေးခဲ့တာတွေဟာ ဒီမိုကရေစီရဲ့ very bacic concept တွေပါ။ .... ဖွဲ့စည်းပုံအခြေခံဥဒေခုံရုံး အဖွဲ့ဝင်တွေနှုတ်ထွက်သွားလို့ သူတို့ရဲ့ဆုံးဖြတ်ချက် ပျက်သွား၊မသွားဆိုတာကို ကမ္ဘာပေါ်က အထင်ကရ ဥပဒေပညာရှင်တွေ၊ သမာသမတ်ကျတဲ့တရားသူကြီးတွေ၊ ရှေ့နေကြီးတွေ နဲ့ ဒီမိုကရေစီစံပြနိုင်ငံက နိုင်ငံ့ခေါ်ဆောင်ကြီးတွေ မေးကြည့်ပါ။ .....ဆုံးဖြတ်ချက်မပျက်သွားဘူးလို့ပဲ ဖြေပါလိမ့်မယ်။ သီရိက ဆယ်ဆ တစ်ဆ လောင်းရဲတယ်နော် ...
နောက်ဆုံးအနေနဲ့ ကလေးလိုတွေးကြည့်လိုက်ဦးမယ် .... ဟီး ... ဟီး ..
ခုံရုံးအဖွဲ့ဝင်တွေနှုတ်ထွက်တဲ့အတွက် ပြည်ထောင်စုအဆင့်ဆိုင်ရာ ဆုံးဖြတ်ချက် အတည်မဖြစ်တော့ဘူးဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ပြည်နယ်တိုင်းဝန်ကြီးတွေနဲ့ အဆောင်အယောင်တန်းတူပေးတဲ့ ဆုံးဖြတ်ချက်တွေလည်း ပျက်သွားရမှာပေါ့နော် ...။
ဟိုလူကြီးပြောတဲ့စကားနည်းနည်း ကိုးကားလိုက်မယ်
....... "အဖေဘင်္ဂါလီ၊ အမေဘင်္ဂါလီ သားကျတော့မှ ရိုဟင်ဂျာဖြစ်ချင်လို့ရမလား"
သီရိမင်းကျော် လျှာရှည်သည်။
ref : https://www.facebook.com/thiri.minkyaw/posts/112545868910247
From:[_မဟာကြောင် _]
(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။