Nov 27, 2012

ဗိုလ်မှူးအတုအား အပေါင်းပါများနှင့်ဖမ်းမိ

၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနား လမ်းရှိ ““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး အဖြူရောင်ယာဉ်သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင်ဦးတင့်ဆွေ (၆၄)နှစ် အား““ ဗိုလ်မှူး က ရွှေပေါင် ချင်လို့”” ဟု ပြောဆိုခဲ့သည်။ ထို့နောက် ယာဉ်ပေါ်မှ ဗိုလ်မှူး ၀တ်စုံဖြင့် လူတစ်ဦးဆင်းလာပြီး ““တပ်ပြောင်းရွှေ့ ရမည်ဖြစ် သဖြင့် ငွေ လိုကြောင်း၊ ရွှေဟန်းချိန်း၁ ကုံးအား ငွေကျပ် ၁၈ သိန်းဖြင့် ပေါင်လိုကြောင်း”” ပြောသဖြင့် ဦးတင့်ဆွေက ရွှေထည်အားယူကြည့်ကာမှတ်ကျောက်တင် စစ်ဆေးခြင်း မပြုဘဲ ဘောင်ချာဖြတ်၍ ငွေကျပ် ၁၈ သိန်းအား ပေးခဲ့ သည်။


 ငွေရလျှင် ကားအား အမြန်မောင်းနှင်ထွက်သွားသဖြင့် ကားနံပါတ်အား မှတ်သားထားပြီး ရွှေထည်အား စစ်ဆေးရာ အတုဖြစ်နေကြောင်းသိရှိရ၍ မအူပင်ရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။ ဖုန်းသတင်းရလျှင်ရခြင်း ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေရာ ၁၁၀၀ အချိန်တွင် ၎င်းကားနှင့် လူများအားဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ နယ်ခြားစောင့်တပ်မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးတစ်ဦးဖြစ်ကြောင်းပြောဆိုသဖြင့် သက်ဆိုင်ရာတပ်သို့ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတပ်မှ
မဟုတ်ကြောင်း၊ ၎င်းအမည်ဖြင့်မရှိကြောင်း သိရှိရပြီး လိမ်လည်ရာ၌အသုံးပြုခဲ့သည့် ဗိုလ်မှူးဝတ်စုံအပြည့်အစုံ၊ ကော်စေ့ဖြင့်ပစ်ရသည့် ပစ္စတိုအနက်ရောက် သေနတ်အတု၁လက်၊ လိမ်လည်သွားသည့်ငွေကျပ်၁၈ သိန်းနှင့် ယာဉ်တို့အား သိမ်းဆည်းရမိခဲ့သည်။ သို့ဖြစ်၍ ဗိုလ်မှူးအယောင်ဆောင်ပြီး လိမ်လည်သူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေသူ များ ဖြစ်သည့် မြင့်နိုင်ဦး(ခ) သိန်းနိုင်(၄၂)နှစ်၊ ကျော်လွင်ဦး(၃၈)နှစ်၊ ကြူဇင်(၅၁)နှစ်နှင့် ခင်မောင်တင် (၅၂)နှစ်တို့ ၄ ဦး အား ၁၃၄၅ အချိန် မအူပင် ရဲစခန်း(ပ)၁၇၂/၂၀၁၂ ပြစ်မှုပုဒ်မ ၁၄၀/၁၇၀/၄၂၀/၃၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

From:[_shan news_]
(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ