Dec 1, 2012

လက်ပံတောင်းတောင် သပိတ်စခန်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ ရှင်းလင်းခြင်း ကိစ္စ တာဝန်ရှိသူများနှင့် ဆရာဝန်များ ဖြေရှင်းပြီ (ရုပ်/သံ)


(၁)။(မုံရွှာမြို့ ခုတင် ၂၀၀ ဆံ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ် ပြောကြားချက်)
 နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ကနေ ညနေပိုင်းအထိကို ကျွန်တော်တို့ ပြည်သူ့ဆေးရုံကြီး မုံရွှာမြို့ကို တတ်ရောက်ကုသ လတဲ့ လူနာတွေကတော့ ရဟန်း(၂၇) ပါးနဲ့ လူ(၁) ဦးတို့ဖြစ်ပါတယ် ။တတ်ရောက်လာတဲ့ လူနာများကတော့ ကျွန်တော်တို့ မီးလောင်ဒဏ်ရာများနဲ့ လူနာများဖြစ်ပါတယ် ။အဲဒီလူနာများနဲ့ ပတ်သတ်ပြီး လူနာတွေကို အသေးစိတ် အနီးကပ်ပြုစုကုသပေးခဲ့တဲ့  ခွဲစိတ်ကုသဆရာဝန်ကြီး ဒေါက်တာ ဦးလှဘုန်းက ရှင်းပြပါလိမ့်မယ် ။
ခွဲစိတ်ကုသဆရာဝန်ကြီး ဒေါက်တာ ဦးလှဘုန်းပြောသလိုပါပဲ ။ရောက်ရှိလာတဲ့ ရဟန်းသံဃာတွေ အများစုဟာ မီးလောင်ဒဏ်ရာတွေပါပဲ ။တစ်ချို့လူနာတွေမှာမှ အနည်းငယ်နက်တဲ့(ရှုပ်ထွေးသောဟုဆိုလိုချင်ပုံရပါသည်.[စာရေးသူအာဘော်] )မီးလောင်ဒဏ်ရာတွေ တွေ့ပါတယ် ။အဲ
ါနဲ့ပတ်သတ်ပြီး အသေးစိတ်ကို မှူခင်းဆရာဝန်ကြီး ဦးဌေးတင်ချစ်က ရှင်းပြပါလိမ့်မယ် ။

 (၂)။ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးလှဘုန်း ၏ လူနာလက္ခဏာများ ရှင်းလင်းချက်။
ဟုတ်ကဲ့ ။ကျွန်တော် အဲဒီနေ့ မနက် တာဝန်ကျနေချိန် ရဟန်းသံဃာတော်တွေ ကျွန်တော်တို့ ခွဲစိတ်ကုသဆောင်ကို ရောက်လာပါတယ် ။ခွဲစိတ်ကုသဆောင်ကို ရောက်လာတဲ့ သံဃာ အများစုကတော့မီးလောင်တဲ့ ဒဏ်ရာတွေချည်းပါပဲ ။ 


(၃)မှူခင်းဆရာဝန်ကြီး ဒေါက်တာ ဦးဌေးတင်ချစ် ၊ မုံရွှာမြို့ ခုတင် ၂၀၀ ဆံ ပြည်သူ့ဆေးရုံကြီး၏     မီးလောင်လူနာများ၏ ဒဏ်ရာများ အပေါ် ရှင်းလင်းချက် ။
ကျွန်တော်တို့ မီးလောင်ဒဏ်ရာရ လူနာတွေကို သွားရောက် ကြည့်ရှူခဲ့ပါတယ် ။သွားကြည့်တဲ့ အချိန်မှာ ဒဏ်ရာအမျိုးအစား ပူလောင်တဲ့ ဒဏ်ရာတွေကို တွေ့ရှိရပါတယ် ။ဒီပူလောင်ဒဏ်ရာတွေကို သေချာ သုံးသပ်လိုက်တဲ့ အချိန်မှာ အပေါ်ယံအပူလောင်ဒဏ်ရာတွေ ရှိသလိုပဲ ဧရိယာလိုက် အကွက်လိုက် မီးလောင်ဒဏ်ရာတွေကိုလည်းတွေ့ရပါတယ် ။ ကျွန်တော်တို့ ဒီ အပြင်လိုက် အပေါ်ယံအပူလောင်ဒဏ်ရာတွေကို သုံးသပ်ကြည့်တဲ့ အချိန်မှာ ဒါကတော့ ပုံမှန် မီးစွဲလောင်တဲ့ ဒဏ်ရာအမျိုးအစားဖြစ်ပါတယ် ။ အဲဒီ အကွက်လိုက် ဧရိယာလိုက် အတွင်းမှာနော် ။ အနည်းငယ်နက်သော ဒဏ်ရာအမျိုးအစားများလည်းတွေ့ရပါတယ် ။ဒါလေးတွေကလည်း ခုနက ပြောသလို ၊ဟုတ်လား ၊ပူပြီးတော့
မီးလောင်နေတဲ့ အရာဝတ္ထူပစ္စည်းတွေ  ခန္ဓာ​ကိုယ်နဲ့ ထိခိုက်ရင်   ခန္ဓာ​ကိုယ်ပေါ်ကျရင် ရနိုင်တဲ့ ဒဏ်ရာ အမျိုးအစားတွေဖြစ်ပါတယ် ။ဥပမာ အားဖြင့် ဟုတ်လား နိုင်လွန် ၊ နိုင်လွန်သားပါတဲ့ အဝတ်စားတွေ ဝတ်ထားတဲ့ အချိန်မှာ ဒီလိုဟာမျိုးတွေ့နိုင်သလိုမျိုးပဲ ပလပ်စတစ်စကို မီးလောင်ပြီးတော့  ခန္ဓာ​ကိုယ်ပေါ်ကျရင် ဒီလိုမျိုး ဒဏ်ရာတွေ တွေ့နိုင်ပါတယ် ။သွားရောက် စစ်ဆေးတဲ့ အချိန်မှာလည်း ဒဏ်ရာကို ထူးခြား အနံအသက်တွေ မရသလို ဒဏ်ရာ အနေအထားတွေ ကြည့်လိုက်တဲ့ အချိန်မှာလည်း ဟုတ်လား ၊စားလောင်စေတတ်တဲ့ အက်စစ်လို (xx)(xx=သဲကွဲစွာ မကြားလိုက်ရ-စာရေးသူအာဘော်./ဗီဒီယိုဖိုင်တွင် ဆက်ကြည့်ပါ ) တို့ ဒါမျိုးတွေ သုံးပြီးတော့ ရခဲ့တဲ့ ဒဏ်ရာမျိုးလည်း မဟုတ်ပါဘူး ။

                                                     ( ဗီဒီယို ရုပ်/သံဖိုင်)


(၄) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊စစ်ကိုင်းတိုင်းဒေသကြီး ၊ဒု-တိုင်းရဲတပ်ဖွဲ့မှူး ၊ဒုတိယ ရဲမှူးကြီး သူရ  သွင်ကိုကို၏ လက်ပံတောင်းတောင် သပိတ်စခန်းဖွင့် လူထုအား တရားဥပဒေနည်းလမ်း ရဲလုပ်ငန်းလုပ်ထုံးလုပ်နည်းနှင့် ဖြေရှင်းခဲ့ပုံ ဖြေရှင်းမှူ။

ဟုတ်ကဲ့.ကျွန်တော်တို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာဆိုရင် မုံရွှာခရိုင် ဆားလင်းကြီး မြို့နယ်အတွင်းမှာတည်ရှိပါတယ် ။ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ တားမြစ်နယ်မြေလည်းဖြစ်ပါတယ် ။ဒီ ပုဒ်မ
၁၄၄ ထုတ်ပြန်ထားတဲ့ နိုင်ငံတော် စီမံကိန်းနယ်မြေနေရာမှာ စီမံကိန်း အမြန်ဆုံး ပြီးစီးအောင်မြင်ဖို့အတွက်
ကို ဟန့်တားနှောင့်ယှက်တဲ့ ဆောင်ရွှက်မှူတွေ တည်ဆောက်ရေး စီမံကိန်းကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်
ဟန့်တားတဲ့ ဆောင်ရွှက်မှူတွေ ရှိခဲ့ပါတယ် ။ ၂၀၁၂ ခုနှစ် မတ်လ ဆန်းက စလို့ ယခုနောက်ဆုံးအချိန်ထိ
၁၈၈ ကြိမ် ဆောင်ရွှက်ခဲ့ကြောင်းသိရပါတယ် ။အဲလို ဆောင်ရွှက်ခဲ့တဲ့နေရာမှာ ကျွန်တော်တို့ နိုဝင်ဘာ ၁၈ 
ရက်နေ့မှာတော့ ဒီဆန္ဒပြတဲ့ ပြည်သူတွေနဲ့ ဒီသံဃာတော်တွေပါ ပုးပေါင်းပြီးတော့  ဒီနယ်မြေ အတွင်းမှာ ဒီ
တားမြစ်နယ်မြေမှန်း သိရက်နဲ့ ဆန္ဒပြတဲ့ သပိတ်စခန်း ၄ ခုကို ဖွင့်လှစ်ခဲ့ပါတယ် ။ ဒီလိုဖွင့်လှစ်ခဲ့တဲ့အတွက်
ဒီလိုဖွင့်လှစ်တဲ့အချိန်ကစပြီး ကျွန်တော်တို့ လုံခြုံမှူထိန်းသိမ်းမှူ အဖွဲ့များကရော ၊ အုပ်ချုပ်မှူ အဖွဲ့တာဝန်ရှိသူ
များကပါ ဒီ အမြန်ဆုံး ပြန်လည်ပြီးတော့ ဒီသပိတ်စခန်းများကနေ မိမိတို့ရဲ့ နေရာ အသီးသီးကို ပြန်လည်
ထွက်ခွါသွားဖို့ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ ဖြောင်းဖျ ညှိနှိုင်း အုပ်ချုပ်ခဲ့ပါတယ် ။သို့သော်လည်း ဒီသပိတ်စ
ခန်းများဟာ ဆက်လက်ပြီး ရပ်တည် ဖွင့်လှစ်နေတဲ့ အတွက် ၂၇ ရက်နေ့ည ၈ နာရီမှာတော့ ပြည်ထဲရေးဝ
န်ကြီးဌာန ရဲ့ ကြေငြာချက်ကို မြန်မာ့ ရုပ်မြင်သံကြားမှာတဆင့် တနိုင်ငံလုံး အတိုင်းအတာ အထိ ထုတ်ပြန်ပေးခဲ့ပါတယ် ။နောက်တနေ့ နိုင်ငံပိုင်သတင်းစာများမှာလည်း ကျွန်တော်တို့ ဆက်လက် အသိပေး
ထုတ်ပြန်ပေးခဲ့ပါတယ် ။ကျွန်တော်တို့ ထုတ်ပြန်ကြေငြာချက်မှာတော့ ၂၇ ရက်နေ့ ည ၇ နာရီမှာ နောက်ဆုံးထားပြီး ထွက်ခွါပေးရန်ဖြစ်သော်လည်း နောက်နေ့ ၂၈ ရက်နေ့ တနေကုန်နဲ့ ၂၉ ရက်နေ့ မနက်
၃ နာရီအထိ ၂၇ နာရီ အထိကို ဆက်လက် သည်းခံ စောင့်ဆိုင်းပြီးတော့မှ ဖယ်ရှား ထွက်ခွါသွားဖို့ ထပ်မံ
စောင့်ဆိုင်း မေတ္တာ ရပ်ခံခဲ့ပါတယ် ။ ကျွန်တော်တို့ အကြိမ်ကြိမ် အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ သပိတ်
စခန်းများမှာ တပ်ဆင်ပြီးတော့မှ ထွက်ခွါဖို့ ကြေငြာရင်း ဆောင်ရွှက်ခဲ့သော်လည်း ၂၉ ရက်နေ့ မနက် ၃ နာရီမှာတော့ မည်သည့်နည်းနဲ့မျှ ထွက်ခွါနိုင်ဖို့ မရှိတဲ့ အတွက် ထပ်မံ အသိပေး မေတ္တာ ရပ်ခံပြီးတော့
မလွှဲသာ မရှောင်သာ ပဲ ကျွန်တော်တို့  ဒီသပိတ်စခန်း ၄ ခုကို နိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် ခွင့်ပြုထား
တဲ့ အသိအမှတ်ပြုထားတဲ့ မီးသတ်ပိုက်များဖြင့် ရေပက်၍ ထိုးခွဲခြင်း ၊ မျက်ရည်ယိုဗုံးတို့ကို အသုံးပြုခြင်းဖြင့်
ကျွန်တော်တို့ မလွှဲသာ မရှောင်သာ ဆောင်ရွှက်ခဲ့ရပါတယ် ။ အဲလို ဆောင်ရွှက်ခဲ့တဲ့နေရာမှာ ကျွန်တော်တို့
အင်အားကိုလည်း အသင့်တင့်တော အင်အားကို သာ ကျွန်တော်တို့ သုံးခဲ့ကြောင်း တွေ့ရှိရပါတယ် ။ အဲဒီမှာထိခိုက် ဒဏ်ရာရထားတဲ့ သံဃာတော်များနဲ့ လူနာများကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်
ရှိသူများ အနေဖြင့် မုံရွှာမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှူ စောင့်ရှောက်မှူပြုလုပ်ပေးလျှက်ရှိကြောင်း
သိရှိရပါမယ် ။



(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ