Nov 28, 2012
မွန်ပြည်နယ်အစိုးရအဖွဲ.၀င် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် ၏ အာဏာအလွဲသုံးစားလုပ်မှု
 မွန်ပြည်နယ်အစိုးရအဖွဲံမှ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာတိုးတိုးအောင်သည် မော်လမြိုင်မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှုးများအား၂၀၁၂ခုနှစ်၊နိုဝင်ဘာလတွင်မော်လမြိုင်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွေမြို.တော်ခန်းမ၌ခေါ်ယူတွေ့ဆုံ၍အောက်ပါအတိုင်းပြောကြားသွားပါသည်။
မွန်ပြည်နယ်သည် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်မှ ပြောကြားရာတွင်   "ခင်ဗျားတို့မြို့နယ်မှ မြို့နယ်တာဝန်ခံဝန်ကြီး ဒေါက်တာလှဦးလည်းမရှိဘူး၊ ခင်ဗျားတို့မြို့နယ်ကိုဒေါက်တာလှဦးအပြင်ကျွန်တော်လည်းကွပ်ကဲနေတယ်ဆိုတာသိအောင်လာတွေ.တာ၊လှဦးကလည်း သူ့နည်း၊သူ့ပာန၊်သူ.စတိုင်နဲ့ သူလုပ်သလို ကျွန်တော်ကလည်း ကျွန်တော်နည်း ၊ ကျွန်တော်ပာန်၊ ကျွန်တော်စတိုင်နဲံ. အုပ်ချုပ်မယ်၊ကွာခြားချက်တော့ရှိမယ်၊ ဒါပေမယ့် ခင်ဗျားတို့သိဖို့ကတော့ သူလဲဝန်ကြီးဘဲ၊ကျွန်တော်လဲဝန်ကြီးဘဲ၊ကျွန်တော်ကတော့ တစ်ခြားဝန်ကြီးတွေထက်ပိုပြီး ထူးခြားတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မွန်ပြည်နယ်ရဲ့ မြို့တော်ဝန်ဘဲ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးတွေကို ပြန်ရွေးမယ်၊ကျွန်တော်ခိုင်းတာ လုပ်တဲံ.လူတွေကို ကျွန်တော်က အကာအကွယ်ပေးမယ် "ပာုပြောကြားသွားပါသည်။
(၁)မွန်ပြည်နယ်၊စည်ပင်သာယာရေးဝန်ကြီး၊ဒေါက်တာတိုးတိုးအောင်ရဲံ. ပြောကြားချက်အရ ၄င်းခိုင်းတာလုပ်တဲံ့ လူတွေကို ၄င်းမှကာကွယ်ပေးမည်ဆိုသဖြင့် ဥပဒေ၏ အထက်တွင် မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ရှိနေပါသလား။  
(၂)ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြောက်ခြင်းသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်သောအထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ဆောင်ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခန်းမဆောင်တွင် ခေါ်ယူတွေ့ဆုံကာ လက်လွတ်စပယ်ပြောကြားနေခြင်းသည် မွန်ပြည်နယ် ၊ ပြည်ထဲရေးဝန်ကြီး่่่၌ လုပ်ပိုင်ခွင့်မရှိတော့လို့လား။
(၃)မွန်ပြည်နယ်၊မော်လမြိုင်မြို့ကြီးများ၏ မြို.တော်ဝန်ဖြစ်တယ်လို. တရားဝန်ပြောဆိုနေသဖြင့် အမှန်တကယ် မြို့တော်ဝန်အဖြစ် နိုင်ငံတော် သမ္မတကြီးက ခန့်ထားတာဝန်ပေးခဲ့လို့လား။
(၄) ၄င်း၏ပြောကြားချက်တွင် သူ.နည်း၊သူ့ပာန၊်သူ့စတိုင်နဲံ လုပ်မယ်ဆိုတော့ နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒ ညွန်ကြားချက်လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြဌာန်းချက်များကိုမျက်ကွယ်ပြုပြီး မွန်ပြည်နယ်ကြီးကို ၄င်းတို့ရထားသော ကိုယ်ပိုင်ပြည်နယ်အဖြစ် ပြောင်းလဲအုပ်ချုပ်ကာ သူ့သဘောသူဆောင်လုပ်နေခြင်းလား။
(၅) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြို့နယ်တာဝန်ခံဝန်ကြီး ၊တွဲဖက်မြို့နယ်တာဝန်ခ၀န်ကြီးံ ပာူ၍ပြဌာန်းထားခြင်းမရှိဘဲ မွန်ပြည်နယ်တွင် နယ်စား/ပယ်စား စနစ်ကျင့်သုံးနေခြင်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတိအလင်းချိုးဖောက်ရာရောက်နေသလား။
    စသည့်အချက်များအား နိုင်ငံတော်သမ္မတနှင့်တကွ တာဝန်ရှိသူများအားလုံး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
(ဦးချစ်)
(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF
2 ယောက် ဆွေးနွေးခဲ့တယ်:
အောင်မြင့်ဦး said...
နာမည်က မိန်းမဆန်နေတယ် ။ဒေါကါတာဒေါ်တိုးတိုးအောင်
Anonymous said...
ဝန်ကြီးချူပ်ဧ။်petဖြစ်သည်။
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ