Nov 26, 2012

နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မလာနိုင်သေးတဲ့ ကေအိုင်အို ဗဟိုဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးနေကြသလဲ

KIA က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ နှုတ်ထွက်ခွင့်တင်တာဗဟိုကလက်မခံပေမဲ့ အဖွဲ့  ၀င်တွေက မျှတမှုမရှိတဲ့တစ်ဖက်သတ်တောင်းဆိုချက်တွေကိုသာ မီဒီယာအများရှေ့မှာ တောင်းဆိုခဲ့ရပြီး
ကချင်လူထုအတွက်အကျိုးမရှိမဲ့ဆွေးနွေးပွဲမျိုးကိုနောက်တစ်ခါမသွားနိုင်ဘူးလို့ ငြင်းဆိုနေတဲ့အတွက်ကြောင့် လိုင်ဇာမှာဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်ပြီးညှိနှိုင်းနေကြကြောင်း၊
ဒါကြောင့် ဦးအောင်မင်းဦးစီးတဲ့အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပွဲကို
ရက်မသတ်မှတ်နိုင်သေးကြောင်း လိုင်ဇာ ဗဟိုဌာနချုပ် ရှိKIA ကွန်ပျူတာဌာနတာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံတကာမီဒီယာရှေ့မှာ KIAကိုယ်စားလှယ်တွေအနေနဲ့ အရှက်ကွဲခဲ့ရတဲ့အတွက် လူကြီးတွေကြားမှာမကျေလည်မှုတွေရှိနေကြကြောင်း၊ အဲဒီဆွေးနွေးပွဲကို မူလက ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော် လာဖို့ရှိပေမဲ့ ဦးစီးချုပ်ဗိုလ်ချုပ်ဂမ်ရှောင်ကတားမြစ်လိုက်တဲ့ အတွက်ကြောင့် လမ်းခရီးကနေပြန်လှည့်သွားခဲ့ရကြောင်း၊ဒါနဲ့ပတ်သက်ပြီး ဂွမ်းမော်အနေနဲ့ ကျေနပ်မှုမရှိကြောင်း
သူကဆက်ပြောခဲ့ပါတယ်။

စစ်ပွဲတွေကြာရှည်လာတာနဲ့အမျှပိုပိုပြီးနိမ့်ပါးလာတဲ့ကချင်လူထုရဲ့လူနေမှုဘ၀ကိုမြင်တွေ့နေရတဲ့KIO/KIAတပ်ဖွဲ့ဝင်တစ်ချို့ကငြိမ်းချမ်းရေးကိုအမြတ်ရယူချင်နေပေမဲ့သေနတ်နဲ့ငွေရှာခွင့်နေတဲ့KIAတပ်ဖွဲ့ဝင်တစ်ချို့နဲ့စစ်သွေးကြွခေါင်းဆောင်တစ်ချို့ကြောင့်တိုက်ပွဲတွေဆက်ဖြစ်ပွားနေရကြောင်း၊စစ်တပ်ဖက်မှာတပ်သားတစ်ဦးကိုအနည်းဆုံးလစာငွေ၇၅၀၀၀ိရပြီးရိကာနဲ့အခြားခံစားခွင့်တွေပါရရှိနေပေမဲ့
 KIA က လစာငွေ ၁၀၀၀၀ိ တောင် ပုံမှန်မရဘဲသေအကျေတိုက်ပွဲဝင်နေရတဲ့အပေါ် အောက်ခြေတပ်သားအများစုကအလွန်အမင်းစိတ်ပျက်လျက်ရှိကြောင်း၊ ဒီအတိုင်းဆက်သွားနေရင် မကြာခင် KIAတပ်ဖွဲ့တွင်းမှာ အကြီးအကျယ်တော်လှန်မှုတွေ ဖြစ်လာနိုင်ကြောင်း
၎င်းကဆက်လက်ရေးသားထားပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ