Nov 27, 2012

ကေအိုင်အေ ဦးစီးချုပ် ဂမ်ရှောင် ကေအိုင်အို ဒုဥက္ကဌဖြစ်ပြီးနောက် ကေအိုင်အေကနေ နှုတ်ထွက်ခိုင်းဖို့ ဆန္ဒရှိနေကြပြီလား

KIA ကစစ်ဦးစီးချုပ်ဂမ်ရှောင်ကို KIO ဒုဥက္ကဌအဖြစ်တာဝန်ပေးလိုက်ပြီးဖြစ်ပါသည်။ KIA/KIO အတွင်း ဂမ်ရှောင် သည် သဘောထားတင်းမာသူဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များက မူးယစ် ဆေးဝါး     နှိမ်နင်းမှု 
အကြောင်းပြကာ ဆဘော့တွင် လူ ၁၀၀၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်တစ်ဥိးသာဖြစ်ပါသည်။


 ငြိမ်းချမ်းရေး ရယူပါက၄င်းလုပ်ရပ်များအတွက် တာဝန်ယူရမည်ဖြစ်သဖြင့် သီးခြားလွတ်လပ်သော
ကချင်(၀မ်ပေါင်)နိုင်ငံတော်ထူထောင်ရေးကိုသာ လက်ကိုင်ထားပြီး၊ဆီးရီးယားသမတ'' အာဆတ်''ကဲ့သို့ အသက်သာအသေခံမည် ငြိမ်းချမ်းရေးမယူလိုသူဖြစ်သည်။ လက်နက်ကိုင်ပြီး
KIO/KIAတွင်အကြောက်တရားဖြင့် သြဇာလွှမ်းမိုးထားသူဖြစ်ပြီး မထင်ရင်မထင်သလိုရက်စက်ပြတတ်သူဖြစ်သည်။ 
၂၀၁၃ ခုနှစ်တွင် ၀မ်ပေါင်နိုင်ငံအဖြစ်လွတ်လပ်ရေးကြေညာရန်ကြိုးစားနေသော်လည်း အများစုကသဘောမတူမှုကြောင့် ဗဟိုဌာနချုပ်အတွင်း အကြိမ်ကြိမ်ဆွေးနွေးနေကြရသည်။
သဘောထားကွဲလွဲမှုကြောင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှုတ်ထွက်ခွင့်တင်သလို KIO ဗဟိုတွင်လည်း အပြောင်းအလဲ များကိုမျှော်လင့်နေကြသည်။ အများစုကတော့ ဂမ်ရှောင်ရှိနေသမျှ
ငြိမ်းချမ်းရေးမရနိုင်မှန်းသိလာကြပြီဖြစ်သည်။ဂမ်ရှောင်သည်ကချင်လူထုကောင်းစားရေးအကြောင်းပြနေသော်လည်း လူထု၏အခက်အခဲများကိုတင်ပြတိုင်း ''တော်လှန်ရေးကာလမှာ ဒီလောက်တော့ ပေးဆပ်ရ မှာပေါ့"ဟူသောစကားကို  လက်ကိုင်ထားသူဖြစ်သည်။

ထိခိုက်ကျဆုံးမှုများပြားလာမှုကြောင် KIA တပ်ဖွဲ့အင်အားဖြည့်တင်းနိုင်ရန် ကချင်ပြည်နယ်အတွင်း
နေထိုင်သူမှန်သမျှ ကချင်နိုင်ငံ တော်သစ်ပေါ်ထွန်းရေးတွင်တာဝန်ရှိသည် ဟုဆိုကာ ရှမ်း၊ ဗမာ၊ ရခိုင်များသာမက ယခုအခါမွတ်ဆလင်(ကုလား)များကိုပါ ဖမ်းဆီးလက်နက်တပ်ဆင်ပြီး ကုလားတပ်ရင်းများကိုဖွဲစည်း လျက်ရှိသော်လည်း တရုတ်သွေးပါသူဖြစ်သဖြင့်လည်းကောင်း၊
တရုတ်နိုင်ငံအတွင်းရှိ ၄င်း၏ ကိုယ်ကျိုးစီးပွားများကိုထိုခိုက်မည်စိုးသဖြင့်လည်းကောင်း တရုတ်များကိုမူ စုဆောင်းမှု မရှိသည်ကိုတွေ့နေရပေသည်။ KIA အတွင်း အကြပ်အတည်းဖြစ်လာတိုင်း မဟာဗျူဟာအရဟုဆိုကာလမ်းများ တံတားများကို ဖျက်ဆီးခိုင်းလေ့ရှိသူလည်းဖြစ်သည်။

နောက်ဆုံးပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းမော်လူးဘူတာ အလွန်  အမှတ် ၄၇၈တံတားဖျက်ဆီးမှုသည် ဗမာနယ်မြေ အတွင်းဖြစ်သောကြောင့် မလုပ်ရန် အများစုကကန့်ကွက်ခဲ့သော်လည်း တပ်မ (၃၃) ကချင် ပြည်နယ် အတွင်းဝင်ရောက်လာမှုကိုလက်တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ ယခုလိုလုပ်မှသာ စစ်တပ်က အင်အားများကိုလမ်းကြောင်းပေါ်တွင် ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း ပြောဆိုကာအမိန့်ပေးခဲ့သူဖြစ်သည်။ ၄င်း၏ ကိုယ်ကျိုး အတွက်(လူ ၁၀၀၀သတ်ခဲ့သည့်ပြစ်ချက်အတွက် ပြစ်ဒါဏ်မခံယူလိုခြင်း)ကချင်ပြည်လွတ်လပ်ရေး ဟုကြွေးကြော်ကာ မြန်မာပြည်မှ ခွဲထွက်ရေးကို ဦးစားပေးလာပြီးကချင်ပြည်နယ်အတွင်း ၄င်းတစ်ဦးတည်းကျန်သည်အထိ တိုက်ပွဲဝင်မည့်သူ ဖြစ်သည်။
သတိရှိသော်လည်း ပညာအခြေခံ နည်းပါးပြီး မိုက်ရူးရဲဆန်သူဖြစ်သဖြင့် KIO/KIAအတွင်း ဂမ်ရှောင် နှင့် ထိပ်တိုက်ဖြစ်မှုကို ရှောင်လွှဲကြသည်။ ယင်းကိုပင်၎င်းကကျေနပ်နေပြီး မိမိကိုယ်ကို ကချင်သူရဲကောင်းတစ်ဦး၊ ထက်မြက်သောတပ်မှူးကြီးတစ်ဦး ဟု ဘ၀င်လေဟပ် နေသူဖြစ်သည်။ ပညာအခြေခံ နည်းပါးသူဖြစ်သည့်အလျောက် ၄င်းအပေါ် ရွံကြောက်ဖြစ်နေ သည်ကို သစ်စာခံနေသည် ဟု
ထင်မြင်နေပြီး ၄င်းကဲ့သို့ မိုက်ရူးရဲများ၊ ပညာမဲ့ အခွင့်အရေးသမားများကို မြှောက်စားထားသူဖြစ်သည်။ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်အပေါ် အမြဲ သံသယ ရှိသူဖြစ်ပြီး ဂွမ်မော်၏
အယူအဆများကိုလည်း ပျော့ညံ့သည် ဟု ယူဆထားသူဖြစ်သည်။ 

ထိုသံ သယကြောင့်ပင်KIO/KIA ဗဟိုအတွင်း ဗိုလ်ချုပ်ဂွမ်မော် စင်ပေါ်ရောက်လာနိုင်သည့် နောက်ဆုံး
ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်မည့်ခရီးလမ်းတစ်ဝက်အရောက်တွင်ရှမ်းမြောက်ဒေသ စစ်ဆင် ရေးကိုအကြောင်းပြကာ ဗိုလ်ချုပ် ဂွမ်မော်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ရန် ၄င်း တစ်ဦးတည်းဆုံးဖြတ်ပြီး အမိန့်ပေးခဲ့သူဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် KIO
အဖွဲ့အတွင်း မကျေလည်မှုများပေါ်ပေါက်ခဲ့ရပြီးငြိမ်းချမ်းရေးကိုယ်စားလှယ်များ နှုတ်ထွက်သည်အထိ
လူသိရှင်ကြားဖြစ်ခဲံ့ရသော်လည်း ထုံးစံအတိုင်း အားလုံးကလက်နက်ကိုင်တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဂမ်ရှောင်ကို အလျော့ပေးခဲ့ရပြန်သည်။ထို့ကြောင့် ယခုနောက်ဆုံး ဂမ်ရှောင်ကို KIO ဒုဥကဌအဖြစ် တာဝန် ပေးကာလက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးချုပ်အဖြစ်မှ နှုတ်ထွက်ခိုင်းရန်
ဗဟိုနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက လိုလားနေကြကြောင်းအသံများထွက်လာပြီ။

(မောင်ကျောက်ခဲ အဖွဲ့)

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ