Nov 30, 2012

ကျနော်တို့လည်း တာဝန်ရှိပါသည်

အခု ဖြစ်တဲ့ လက်ပန်းတောင်းတောင် သပိတ်မှောက်တာမှာ အရင်က ဘယ်သူမှ သပိတ်ရပ်သင့်တယ် မပြောကြဖူး။ သပိတ်မှောက်တဲ့ သူတွေကလဲ အရင် မြစ်ဆုံတုန်းက အောင်မြင်ထား ကြားထဲက ဟို နား နဲနဲ ဒီနားကြဲကြဲနဲ့ ဆန်ဒဖေါ်တယ်ပြောပြော ဘာပြောပြော ဘယ်သူမှ ထိထိရောက်ရောက် အဖမ်းမခံရ စခန်းက ခေါ်သွားလဲ ခဏဆိုတော့ ပြောလိုက်ရင် စကားက တစ်ဆုံး၊ စီမံကိန်းမရပ်မချင်း မလျော့ဘူး၊ မရပ်ဘူးဆိုတာတွေဘဲ ကြားနေရတယ်။

နိုင်ငံရေး သမားတွေကလဲ မြှောက်ပေးတယ်၊ နာမည်ရှိ ဘုန်းကြီးတွေကလဲ မြှောက်ပေးတယ်၊ မီဒီယာက လဲ မြှောက်ပေးတယ်၊ ဖွဘွခ်ပေါ်မှာ လဲ မြှောက်ပေးကြတယ်၊ ဘယ်သူမှ သပိတ်လေး ခဏ ရပ်ပြီး ဆွေးနွေးပါလားလို့ မပြောဘူး၊ အခု အပျက်အပျက် နဲ့ နှခေါင်းသွေးထွက်မှ စီမံကိန်း မရပ်နိုင်တာကို နားလည်ပါတယ်တို့၊ ဆွေးနွေးသင့်တာကို အကြမ်းဖက် တို့ ဆိုတာမျိုး အသံထွက်လာတယ်။

လက်ပံတောင်းတောင်မှာမီဒီယာတွေ အင်တာဗျူးတော့ အင်တာဗျူးခံတဲ့မိန်းမက ငိုလို နောက်က အဖော်က ဟားတိုက်လို့ ရုပ်ရှင်ရိုက်ကွင်း နဲ့တောင် တူသေး

ဘာလို့ အရင်က သပိတ်ခဏနားပြီး ညှိနှိုင်းကြပါလို့ မပြောကြတာလဲ ဆိုရင် လူတွေက သွေးဆူနေချိန်မှာ ကိုယ့်ကို အစိုးရဖက်ပါတယ် လူတွေ (ဆင်းရဲသားတွေ)ဘက်မှာ မရပ်ဖူး ဆိုတာမျိုး အထင်မခံနိုင် အဖြစ်မခံနိုင်လို့ပါ။ (ဖွဘွခ်ပေါ်မှာကလဲ ဒေါ်အောင်ဆန်းစုကြည်က ချိန်ချိန်ဆဆ ပြောတာတောင် အဆဲမလွတ်ဖူးကိုး)

နောက်ဆုံးကျတော့ ဆြာကြီးလုပ်နေတဲ့ သူတွေ နိုင်ငံရေးသမားတွေ ၈၈ တို့ ဟို ကွန်ယက် ဒီကွန်ယက် ဟို အဖွဲ့ ဒီအဖွဲ့ကလူတွေ၊ နိုင်ငံရေး ဘုန်းဘုန်းတွေ၊ မီဒီယာ သမားတွေ၊ ဖွဘွခ်ပေါ်က မြှောက်ပေးနေတဲ့သူတွေ တကယ်ဆော်မဲ့နေ့ ဘယ်သူမှ သပိတ်စခန်းထဲမှာ မရှိဘူး၊ ပြသနာပြီးမှ သာ အပြေးအလွား ဖြစ်ကုန်ကြတယ်။
သပိတ်ခေါင်းဆောင်တွေ အဲဒီနေရာမှာဘာလို့မရှိတာလဲ
ဒီစာရေးပြီး ဘုန်းဘုန်းတွေကို မြောက်ပေးတဲ့ ဦးဝင်းတင် အခု လိပ်လို အခွံအောင်းနေသလား ပုဆိုးခြုံပုန်းနေသလား

ဒီနေ့ခေတ် နိုင်ငံရေးကအိမ်မှာ နေရင် ဘာမှ မထူးခြားဘဲ အင်တာနက်ထက်မှာသာ လှုပ်ရှားသက်ဝင်နေတာများတော့ အင်တာနက်သုံးတဲ့သူတွေမှာ သင့်တင့်အောင် ဝေဖန်ပိုင်းခြား သတင်းဖြန့် သတင်းတင် သတင်းဝေဖန် ရမယ့် တာဝန်ပိုကြီးလာတယ်။

ရှေ့မှိနောက်မှိ နားလည်တဲ့ သူတွေကလဲ အဆဲမခံခြင်လို့ အချင်းချင်း အမြင် မစောင်းအောင်လို့ ရေငုံနေတယ်။

ဒါကြောင့် ဘာမှ ရှေ့နောက် မကြည့်ဘဲ အစိုးရကိုဆဲ ဘင်ဂါလီကိုဆဲ ခရိုနီကို ဆဲတဲ့သူတွေပဲ အင်တာနက်မှာ နေရာပိုရလာတယ်။ ဦးသိန်းစိန် ကို သိန်းစိန် လို့ ဦးမတပ်ဘဲ ခေါ်လိုက်မှ တိုင်းပြည်ချစ်သလို ခပ်ချာချာ အတွေးအခေါ်တွေနဲ့ လူတွေ နေရာယူတာ များလာတယ်။

နောက်များဆိုရင်တော့ ရှေ့မှိ နောက်မှိ လူတွေ၊ နိုင်ငံရေး သိသင့် နားလည် သင့်သလောက် သိတဲ့လူတွေ ရေငုံ မနေတော့ဘဲ အင်တာနက် စာမျက်နှာပေါ် အဆဲခံ ပြီး တက်သင့်ပြီလို့ ထင်မြင်ယူဆ ပါကြောင်း။

ခရက်ဒစ် Diamond MonkeyMonkey
From:[_ မဟာကြောင်_]
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ