Nov 30, 2012

ရှမ်းတွေ သည်းခံနိုင်စွမ်းပျောက်နေတဲ့ ကေအိုင်အေ/ကေအိုင်အို

KIO/KIA က ဗဟိုကော်မတီအစည်းအဝေးပြီးရင် လူထုကိုအခြေအနေချပြဆွေးနွေးပြီးမှ
အစိုးရနဲ့နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့သတင်းကိုအင်တာနက်ပေါ်မှာမြင်တွေ့ရတော့ တော်တော်လေး စိတ်ပျက်မိပါတယ်။

ရွှေပြည်တော်မျှော်တိုင်းဝေးရပြန်ပြီလို့သာဆိုချင်ပါတယ်။ အဲဒီသတင်းထဲမှာKIO ကသူတို့ ချည်းပဲမဟုတ်ဘဲ ကချင်ပြည်သူလူထုရဲ့အမြင်ကိုပါကောက်ခံသွားမယ်လို့ ရေးသားထားပါတယ်။ ကချင်ပြည်သူလူထုဆိုတာ
ကချင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားမျိုးစုံပါဝင်တဲ့ ၂၀၁၀စာရင်းအရ အင်အား ၆ သိန်းကျော်ရှိတဲ့ လူထုရဲ့အမြင်ကိုကြည့်မှာလားအင်အားသောင်းဂဏန်းလောက်ရှိတဲ့ KIO/KIA နဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းရဲ့အမြင်ကိုကြည့်မှာလားလို့ပြန်မေးချင်ပါတယ်။ ဒါပေမဲ့ အတွင်းသတင်းတွေအရတော့အင်ဘန်လတို့၊ဂမ်ရှောင်တို့လနန်တို့ဂွမ်မော်တို့တတွေနဲ့နီးစပ်ရာဆွေမျိုးသားချင်းတွေ၊ ဒုတ်ခသည်စခန်းက ဘုမသိဘမသိရွာသားတွေရဲ့လက်မှတ်တွေကို အောက်လမ်းကနေရယူပြီးသား။ တစ်ယောက်ထဲကို ၃ - ၄ ခါထိုးထားရတဲ့သူတွေပါရှိတယ်။ တစ်နည်းအားဖြင့်အင်အားကိုလက်မှတ်တုနဲ့ပွားထားတာပေါ့။


 ပြီးရင် ပင်လုံညီလာခံမှာပါတဲ့''နောင် ၁၀ နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်နိုင်သည်"ဆိုတာကို
အကြောင်းပြုပြီး ကချင်နိုင်ငံတော်သစ်(၀မ်ပေါင်နိုင်ငံ)တောင်းဆိုမယ့်အစီအစဉ်ရှိပြီးသား။ အဲဒါမှမရရင် KIO ကိုတရားဝင်ပြည်နယ်အစိုးရ၊KIA ကို တရားဝင်ပြည်နယ်စောင့်တပ်မတော်
အဖြစ်အသိအမှတ်ပြုရေး တောင်းဆိုမှာဖြစ်ပြီးနောက်ဆုံးမှာကချင်ပြည်နယ်အတွင်းမှာရှိတဲ့ အစိုးရ၀န်ထမ်းတွေ၊ ရဲ၊စစ်တပ်စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်လို့ပြန်လည်ရုတ်သိမ်း
ပေးဖို့နိုင်ငံရေးအရ တောင်းဆိုဖို့ပြင်ဆင်နေကြပါတယ်။ ဒီနေရာမှာသဘောထားခြင်းကွဲလွဲမှုတွေ အဖွဲ့တွင်းမှာ အများအပြားရှိနေကြလို့အဖြေမထွက်ပဲ လိပ်ခဲတည်းတည်း ဖြစ်နေကြရပါတယ်။ ဒါကြောင့်
ကချင်ပြည်နယ်အရေးကို သိပ်ပြီးလျော့မတွက်ဖို့ သမတကြီးနဲ့တကွပြည်သူ့ကိုယ်စား လှယ်တွေရက်ပေါင်းများစွာအစည်းအဝေးကျင်းပပြုလုပ်နေတဲ့လွှတ်တော်ကြီးကို တိုက်တွန်းချင် ပါတယ်။


ကချင်အရေးဟာတိုင်းရင်းသားညီအစ်ကိုချင်းဖြစ်တာမှန်ပေမဲ့ နောက်ကွယ်မှာပြည်ထောင်စုကခွဲထွက်လိုတဲ့ လူတစ်စုရဲ့အကြောက်တရားနဲ့ချယ်လှယ်မှုအောက်မှာရောက်နေတဲ့ပြည်သူတွေရဲ့ဘ၀ပေါင်းများစွာရင်းနှီးပေးဆပ်နေရတယ်ဆိုတာပါပဲ။ပြည်သူကိုကိုယ်စားပြု တဲ့ လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်ကြီးတွေက
ကားရဖို့ တိုက်ရဖို့ ခံစားခွင့်တွေရဖို့လွှတ်တော်ကအဖွဲ့အစည်းသည်ပြည်ထောင်စုအဆင့်ဖြစ်သည်ဆိုတာကို
ရက်ပေါင်းများစွာငြင်းခုံ၊ အခြေခံဥပဒေကို ကျော်လွန်ပြီး''အားလုံးအပေါ်မှာလွှတ်တော်ရှိသည်။ လွှတ်တော်သည် ပြည်သူ ကို ကိုယ်စားပြုသည်။ထို့ကြောင့် လွှတ်တော်အမိန့်ကိုနာခံကြ"ဆိုတာမျိုး ဖြစ်လာအောင် ၀ိုင်းဝန်းအကြံပေး ဆွေးနွေးကြနေတုံးမှာ ကချင်ပြည်နယ်က ပြည်သူတွေကကတော့ KIA
ညှင်းဆဲသမျှခံ၊တောင်းသမျှပေးနေရပြီးချွတ်ခြုံကျနေပါပြီ။ခေါင်းစဉ်အမျိုးမျိုးနဲ့ပေးလိုက်ရတဲ့အခွန်အတုတ်တွေ( ဗလာစာရွက်စုတ်တစ်ခုနဲ့ ရေးပြီးတောင်းရင်တောင် မနေရဲဘူး)၊

ပြောတော့ ကချင်လွတ်မြောက်ရေးတပ်တဲ့.အခုသူတို့ ရွှာထဲကနေ ခေါ်ပြီး စစ်သင်တန်းတတ်ခိုင်းတဲ့လူတွေကျတော့ ရှမ်းတွေချည်းပဲ

လူသစ်ဆွဲခံရလွန်းလို့လည်း အရွယ်ကောင်း ယောင်္ကျားလေးသာမက မိန်းခလေးတွေတောင်
ရွာထဲမထားရဲတော့ဘူး။ အကြောင်းအမျိုးမျိုးပြထောင်လိုက်တဲ့မိုင်းတွေကြောင့် တောထဲမသွားမလာဝံ့၊
အလုပ်မလုပ်စားဝံ့တော့သလို ကားစီး၊ ရထားစီးရင်တောင် ရင်တမမနဲ့ဖြစ်၊စီးပွားရေးအင်မတန်ကောင်းတဲ့ ကချင် ပြည်နယ်ကြီးမှာ အစစ အရာရာရှားပါးပြီးကလေးတွေလဲစာမသင်နိုင်၊ ကျောင်းမတက်နိုင် ဖြစ်နေ တဲ့ ဒုတ်ခတွေကို ခံစားလာရတာ တစ်နှစ်ကျော်လာတာကို ဘာလို့လွှတ်တော်မှာ မဆွေးနွေးကြ တာလဲ။
တပ်မတော်က လည်း ပြတ်ပြတ်သားသားမလုပ်၊ အစိုးရကလဲ ညီကိုချင်းရန်ပွဲဆိုပြီး
အလေးအနက်မထား၊ လွှတ်တော်ကြီးကလည်း အစဖော်တဲ့လူတရားခံဖြစ်မှာကြောက်လို့
နည်းနည်းမှ မထ၀ံ့၊ လူထု ခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်ကလည်း
မြန်မာပြည်မှာ လွတ် လပ်စွာပြည်သူနဲ့ထိတွေ့ခွင့်ရတာမကြာသေးတော့အတွင်းကျကျနားမလည်၊ ၈၈ ကျောင်းသားတွေကလည်း ဒေါ်လာရရုံ ဟန်ရေးပြပြီး အသံတိတ်သွားနဲ့ ပြည်သူတွေကတော့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တိုင်း ဆင့် ဟိုဟာကိုအ၀ှာမျှော်သလိုလည်တဆံ့ဆံ့နဲ့၊ ပြီးတော့လည်း ဒီဝဋ်က မကျွတ်နိုင်သေးဆိုပြီး သက်ပြင်းချရတာ ကြိမ်ဖန်များလှပေါ့။ အခုလည်း
အစိုးရကနိုင်ငံရေးအရ ဆွေးနွေးပွဲ ကမ်းလှမ်းထားတာသူတို့အချင်းချင်းညှိမရတဲ့ပြသနာကြောင့် ဖြစ်လာဖို့ခဲ့ယဉ်းသလိုဖြစ်လာရင်တောင်မှ လက်နက်ကိုင်ထားတဲ့ခွဲထွက်လိုသူ လူနည်းစုရဲ့
အာဘော်အတိုင်း မဖြစ်နိုင် တာတွေတောင်းဆိုတော့မှာကိုသိနေလို့ခံရခက်နေကြပါတယ်။ ဒီလောက်တောင် စစ်တပ်က မတိုက်ရဲရင်လဲကိုယ့်ဘားတိုက်ကိုယ်ပြန်နေကြ။ အစိုးရကလဲလာအုပ်ချုပ်မနေနဲ့။ KIA ကိုသာအုပ်ချုပ်ခွင့်ပေးလိုက်။ အဲဒါမှလည်း ကျန်တဲ့ပြည်သူတွေက KIA/KIO အစိုးရကိုဆန့်ကျင်တဲ့ သူပုန်အဖြစ် ပြတ်ပြတ်သားသားရပ်တည်နိုင်မယ်။
ကေအိုင်အေ ဆက်ကြေးတောင်းလွှာ

ရန်ကုန်၊နေပြည်တော်စတဲ့မြို့ကြီးတွေက နောက်မြန်မာပြည်အပြင်ဖက်နိုင်ငံတွေက
ကချင်ထိုးစစ်တွေချက်ခြင်းရပ်ဆိုပြီးအော်နေတဲ့သူတွေနဲ့ ကချင်ပြည်နယ်မှာKIA ညှင်းဆဲတာခံနေရတဲ့ပြည်သူတွေ တစ်လလောက်ပဲနေရာချင်းလဲပြီးနေကြည့်ရအောင်။ အဲဒီတော့မှ KIA
ဒုတ်ခလေးတွေကိုယ်ချင်းစာနိုင်မယ်လို့ယုံကြည်ပါတယ်။

KIA ဒုတ်ခကိုမခံနိုင်တော့တဲ့
စိုင်းဆိုင်ဖ။
 (မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ