Nov 29, 2012

ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ ပြင်ဆင်နေမှူသည် အိုဘားမား လာခါနီးမှ ဖုတ်ပူမီးတိုက်ပြင်ခြင်းမဟုတ်ပဲ မတ်လကတည်းကပင် ပြင်ဆင်နေခဲ့ခြင်းဖြစ်

တကယ်က ဘွဲ့နှင်းသဘင်ခန်းမကြီးကိုပြင်နေတာ ဒီနှစ် ၂၀၁၂ မတ်လကတည်းပါ...။ Obama လာမယ်ဆိုမှ တစ်ပတ်အတွင်း အသည်းအသန်ထပြင်တာ မဟုတ်ပါဘူး...။ ဒီပုံထဲက skylight နဲ့ ceiling ကို ခန်းမအပြည့် ceiling အထိ ငြမ်းဆင်ပြီး ခက်ခက်ခဲခဲ အချိန်ယူပြီးပြင်ရတာပါ...။ တစ်ပတ်နဲ့ပြင်လို့မပြီးနိုင်ဘူးဆိုတာ ကြည့်တာနဲ့ သိပါတယ်...။

Obama ဘက်ကမြင်ရမယ့် ဘွဲ့နှင်းသဘင်ခန်းမမြင်ကွင်း

ဟိုတနေ့က ရန်ကုန်တက္ကသိုလ်က ဆရာတယောက်နဲ့တွေ့တော့ သူက လူတွေအထင်လွဲပြီး ပြောနေကြတာကို စိတ်မကောင်းတဲ့ပုံ ဖြစ်နေလို့ ရှင်းပြပေးလိုက်ပါတယ်...။
Obama ရဲ့နောက်ဘက်မှာတွေ့ရတဲ့ ၀ါးလေးတွေကို polishing လုပ်ထားတဲ့ backdrop design ကတော့ လာခါနီးမှလုပ်တာပါ...။ USA ဘက်ကပေးတဲ့ design ပါ...။ အချိန်ကုန်လည်းသက်သာ၊ ပစ္စည်းလည်းပေါပြီး၊ မြန်မာတို့ရဲ့ရိုးရာဆောက်လုပ်ရေးပစ္စည်းဖြစ်တဲ့ ၀ါးကိုသုံးပြီး လုပ်ခိုင်းတဲ့ သူတို့ရဲ့ design idea ကို အရမ်းသဘောကျပါတယ်...။


 design ကလည်းရိုးရှင်းပေမယ့် ဆွဲဆောင်မှုရှိတယ်...။ stage ပေါ်တက်လိုက်ရင် ၀ါးစိမ်းနံ့လေးက သင်းသင်းလေးမွှေးနေတယ်...။ စိမ်းစိုလတ်ဆတ်တဲ့ အနံ့လေးပါ...။ နှာချေစေမယ့်အနံ့မျိုး မဟုတ်ပါဘူး


From:[_ Sandy Cho_]
 (မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ