Nov 30, 2012

ပြန်ပြီးတော့စဉ်းစားကြည့် သူ(?)ဘယ်ကိုလာတာလဲ ? ? ?

ပြန်ပြီးတော့စဉ်းစားကြည့် သူ(?)ဘယ်ကိုလာတာလဲ ? ? ?
ဒေါ်စုဟာကိုယ်ပိုင်အတွေးအခေါ်နဲ့ နိုင်ငံရေးလုပ်နေတာဟုတ်ရဲ့လား။
ဒေါ်စုနောက်ကွယ်မှာ ဘယ်သူတွေ ကြိုးကိုင်နေသလဲ.။
၈၈ မှာသူမဘာတွေပြောခဲ့သလဲ။အဲဒီအချိန်တုံးက မြန်မာစကား ကောင်းကောင်းပြောတတ်ပြီလား။
သူမမြန်မာနိုင်ငံကိုပြန်လာတာ နိုင်ငံရေးလုပ်ဖို့လာတာလား။နိုင်ငံရေးကလုပ်တာ ခံလိုက်ရပြီး ရုန်းမထွက်နိုင်တာလား။ သာယာသွားတာလား။ခြံထဲက နှစ်၂၀ နိုင်ငံရေးဟာ အရှေ့ကလား(ကုလား) အနောက်ကလား(အမေရိကန်၊ဥရောပ)အောက်ကလား (ဗကပ) ။လွှတ်တော်မှာ သူမတင်သွင်းတဲ့ အရေးကြီးအဆိုဟာ လက်ရှိအချိန်မှာ တကယ်အရေးကြီးသလား။ရခိုင်အရေး ကချင်အရေး တည်ငြိမ်အေးချမ်းရေးထက် ပိုအရေးကြီးသလား။သေချာပြန်စဉ်းစား  အိုဘားမား မလာခင်အရေးကြီးသွားတာလား။ဇာတ်ညွှန်းတခု ကြိုရေးထားသလိုများဖြစ်နေသလား။


ပြေးကြည့် မေးကြည့် တွေးကြည့်ရင် မှားနေအုံးမယ်။ဒါဆို ဒီအဆိုဟာ အိုဘားမား အဆိုလား ဒေါ်စုအဆိုလား။မြင်သာသွားသလားလို့။အပြုသဘောအရပါ ပြောသမျှခိုင်းသမျှ လိုက်လုပ်နေတာမျိုး မဖြစ်သင့်တော့ပါ။သမတလုပ်ချင်ရင် သူများခိုင်းတိုင်းလိုက်နေလို့ မဖြစ်နိုင်ပါ။
မှန်တာပြောရရင် ဗိုလ်ချုပ် ငါတို့ရဲ့ထာဝရဖခင် ဆိုတဲ့အသိနဲ့သတိပင်မဆင်ခြင်ဘဲ ရင်ထဲမှာ
ထားချင်တာ အောင်ဆန်းလိုပါ။ အောင်ဆန်းကခေါင်းဆောင်ဆိုတာ စင်္ကြ၀ဠာကတောင်မငြင်းပါ။
ခုတော့ လူထုခေါင်းဆောင်လို့ တကယ်သမုတ်လို့ရပြီလား။ခေါင်းဆောင်ကခေါင်းကိုင်ခံထားတာဆိုရင်
ရင်လေးစရာဖြစ်မိသလိုပဲ။


ကဲ----အိုဘားမားရောက်ပြီတဲ့။ဦးသိန်းစိန်နဲ့မကောင်းတတ်လို့ခဏတွေ့။
အဓိကကတော့ ထာဝရပွေ့လို့ရမဲ့သူကို တွေ့တာနဲ့ပွေ့တာပါပဲ။အိုဘားမားကဒေါ်စုထက်သာသွားပြီ။
မြန်မာတဲ့ " မြန်မာနိုင်ငံ မင်္ဂလာပါ " တဲ့ ။နောက်တစ်ခုက ကေအိုင်အေ နဲ့ စီအိုင်အေ ?
အေ၂အေတွေ့ကြတော့မယ်ထင်။အိုဘားမားလာတာသမိုင်းဝင်ဖြစ်ရပ်ပါ။ဒါပေမဲ့တကယ်လာတာဘယ်ကိုလဲ?ဦးသိန်းစိန် တော်တော်သီးခံနိုင်တယ်ဆိုရမယ်။ဧည့်ဝတ်ကျေစွာပြန်လာပြီးတွေ့ခဲ့တယ်။
သူဟာတိုင်းပြည်အတွက်တကယ်လုပ်နေတယ်ဆိုတာ သက်သေပြလိုက်တါလို့မြင်တယ်။
ကိုယ့်တိုင်းပြည်ကဆင်းရဲနေသေးတော့ အိုဘားမားကိုတောင်းတယ်မရှက်တတ်လို့တော့မဟုတ်တန်ရာပါ။
အောက်ကျခံပြီး သူလည်းမပြောချင်လောက်ပါ ပွင့်လင်းစွာ သတင်းသမားတွေကတဆင့်
ပြည်သူကော နိုင်ငံတကာကိုပါ ပြောပြန်တော့ အပုပ်ချကြပြန်ရော။
သမတကြီးကပြည်ပကနေပြန်ပြီးတွေ့ရတယ်။

တကယ်တော့ နေပြည်တော်မှာပဲ လက်ခံတွေ့ရမှာမဟုတ်ဘူးလား။
၂ဦးပြောသမျှ နိုင်ငံမှာကော ကမ်ဘောဒီးယားမှာရော ပွင့်လင်းမြင်သာတာ ကမ်းကုန်ပေါ့။
ကဲ---အိုဘားမား ဒေါ်စုကြည်ကို ဘယ်မှာတွေ့သလဲ?။သဘာဝ မဟုတ်ပါ။ဘာတွေပြောကြလဲ ? ဘယ်သူတွေသိလည်း။ဘာသတင်းတွေထုတ်ပြန်သလဲ။ ဒါ ရိုးသားသလား။
အိုဘားမား မရိုသားသလို ဒေါ်စုကြည်ရောရိုးသားရဲ့လား။
ပြောရရင် မြန်မာသိ နိုင်ငံတကာသိ ပါတီကြီးတစ်ခု ဒီမိုကရေစီ အင်မတန်မြတ်နိုးသော
ဒေါ်စုကြည် တိုးတိုးပြောမှရမှာလား။ ပါတီဗဟိုအလုပ်အမှုဆောင်တောင်မ၀င်ရတဲ့တွေ့ဆုံမှုဟာ
ဒီမိုကရေစီဆန်လွန်းတာလား။

တဖက်ကကြည့်ရင် အိုဘားမာဟာ မြန်မာနိုင်ငံကို လာစော်ကားသွားသလိုခံရတာပါ။
ဒေါ်စုစော်ကားခံတာ သူ့ဗီဇမို့ သူ့လွတ်လပ်ခွင့်မို့မပြောလိုပါ။
တစိမ့်စိမ့် တွေးပြီး ဒို့နိုင်ငံနဲ့ဒို့နိုင်ငံခေါင်းဆောင် (သမတ)
ကိုစော်ကားသွားတာပဲလို့''''''

ကျနော်သတိထားမိတာက ကြိုပြောပါရစေ---ကျနော်လည်း ရန်ကုန်တက္ကသိုလ်ကြီး ပြန်အသက်ဝင်
စေချင်တာ ရင်နဲ့အမျှပါ။ဒါပေမဲ့လွှတ်တော်မှာ ဒေါ်စုအရေးကြီးအဆိုတင်တယ်ဆိုတာကြားကြားခြင်း
ကြားချင်လို့ အလုပ်ဖျက်ပြီးနားထောင်လိုက်တော့ ရန်ကုနတက္ကသိုလ်နဲ့ပတ်သက်တာဖြစ်နေတယ်။

ရှေ့မှာကြိုပြောခဲ့သလို ရင်နဲ့အမျှပါ။ ဒါပေမဲ့ဒါဟာတကယ်ပဲအရေးကြီးအဆိုလို့ သတ်မှတ်နိုင်သလား။

ပြည့်သူ့လွှတ်တော်ခေါင်းဆောင်ကြီးကရောဒါဟာဒီအချိန်မှာအရေးကြီးတယ်လို့သတ်မှတ်သလားတောင်ပြေးပြီးမေးကြည့်လိုက်ချင်မိပါတယ်။ဥပဒေအရ သတ်မှတ်နိုင်သလား။ အဲဒီအချိန်မှာ အိုဘားမား လာမယ်ဆိုတာကျယ်ပြန့်ပြန့် လည်းထွက်နေပြီဆိုတော့ မှန်သောစကားပါ ဒီအဆိုဟာ ဇာတ်တိုက်ထားတာကြီးလို့ တွက်လိုက်မိပါတယ်။
From:[_ Farm sukyi_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒေါ်စု အဆိုအောင်မြင်အောင် ဘယ်သူတွေ ထောက်ခံသွားလဲ၊ သိရင်ပြောပြပေးကြပါ။

မြေလတ်သားnnn said...

မဒမ်အဲရစ် အမေရိကန်ခရီးသွားကတည်းက ရန်ကုန်

တက္ကသိုလ်ကို အိုဘားမား လာဖို့စည်းဝါးရိုက်ခဲ့ပြီးသားပါ။

မဒမ်အဲရစ် ကိုသဘောမကျတဲ့ ကျနော့် လိုလူစားတွေ

မြန်မာပြည်မယ် ဒုနဲ့ဒေး ရှိသေးတာမို့ မဒမ်အဲရစ် လူုထု

ခေါင်းဆောင်ရယ်လို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ် ကိုယ့်ဖာသာ

ကိုယ်ကင်ပွန်းတပ်ပြီး ဘဝင်တွေလေဟပ်မနေပါနဲ့ ။ ခငိဗျားနေရာမှာ မော်ဒယ်အလှပဂေးတစ်ယောက် ကိုတင်
လိုက်ရင်လည်း ခင်ဗျားထက်ပင် ကုလားတွေပိုကြိုက်နိုင်ပါ
တယ်။ခင်ဗျား မှာရှိတဲ့ တကယ့်အရည်အချင်းကိုခင်ဗျား
လည်းသိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတာမပါရင်
ခင်ဗျားဟာ ခေတ်ပညာအထိုက်အလျောက်တတ်ပြီး လိင်
ကိစ္စပွေရှုပ်ဖို့ဝါသနာပါတဲ့ အနောက်တိုင်းဆန်တဲ့ အိုးလေဒီကြီးတစ်ဦးမျှသာ ဆိုနိုင်ကောင်းတာပါ ။ ခင်ဗျားဘယ်လိုပဲအရှေ့တိုင်းဆန်ဆန် မြန်မာဆန်ဆန်တွေ
ဝတ်ပြနေပေမယ့် ခင်ဗျားရဲ့ကြာဆန်ဆန်မျက်နှာပေးနဲ့ဆတ်ကော့လတ်ကော့
ပုံစံနေထိုင်ဟန် တွေက ခင်ဗျားရဲ့ အဇ္ဈတ ကိုပေါ်လွင်စေပါ
တယ်။ ခင်ဗျားရဲ့ မစ္စတာမိုက်ကယ်အဲရစ် သေတုန်းကခင်ဗျားဘာလို့မပြန်တာလဲ။ မသိတဲု့ သူတွေက စွန့်လွှတ်နိုင်သူ ကြီးရယ်လို့ ခင်ဗျားကိုအထင်တွေစွတ်ကြီးကြတယ် ။ အသစ်မြင်အဟောင်းမေ့ တတ်တဲ့ခင်ဗျားအကျင့်ကိုမသိကြတဲ့သူတွေကိုပဲသနားမိတယ်။ ကိုယ်ရေးကိုယ်တာတွေထုတ်ဖော်မပြောချင်ပေမယ့် နိုင်ငံ
ခေါင်းဆောင်ဖြစ်ချင်ရင် အထူးသဖြင့် မြန်မာနိုင်ငံလို ဗုဒ္ဓ
သာသနာထွန်းကားတဲ့နိုင်ငံမှာခေါင်းဆောင်ဖြစ်ချင်ရင်
မမြတ်သောအကျင့် ယုတ်ညံ့သောအကျင့်တွေမကျင့်ဖို့လိုတယ်။ အန္တရာယ်မလွယ်နိုင်လို့ လူလယ်ခေါင် ဆီးသွားဖို့တောင်
မဖြစ်နိုင်တော့တဲ့ ယဉ်ကျေးမှုတွေ စည်းကမ်းတွေများလာတဲ့ခေတ်မှာ ခင်ဗျားကစောက်ရှက်မရှိ လူပုံအလယ်မှာဖက်ယက်နမ်းရှုတ်ပြနေတာ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးစော်ကားရာမကျဘူးလား။

ခင်ဗျားရဲ့လိင်အရှုပ်ဇာတ်တွေ မဟုတ်ဘူးဆိုရင်ရဲရဲကြီးငြင်းလိုက်ပါ ။ ခင်ဗျားရဲ့နောက်လိုက်နောက်ပါတွေရှေ့ မှာပဲငြင်းကြည့်လိုက်ပါ။

Anonymous said...

အတွေးခြင်းက တထပ်တည်းပါဘဲ။

ကျော် said...

အော်လူတွေ လူတွေ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ