၁။ ကေအိုင်အေကနိုင်ငံဝန်ထမ်းတွေကိုပါ သတ်နေပြီတဲ့။
၂။ တောခေါင်းလောက် ကိစ္စလွှတ်တော်က ပါယ်ချ။
၃။ ကချင်ပြည်နယ်အရေး လွှတ်တော်ကနားလေး။
၎။ စိတ်ရှည်သည်းခံမှုက နေပြည်တော် ဗုံးခွဲမှ ရပ်မှာလား။
၅။ ကန့်ဘလူလောက်ပဲရောက်သေးလို့ ဆက်သည်းခံနေမှာလား။
၆။ ၂၀၁၃ နှစ်ဆန်းမှာ ကေအိုင်အေက ကချင်နိုင်ငံလွတ်လပ်ရေးကြေငြာမယ်တဲ့။
၇။ ကဲ------ စိတ်ရှည်းခံသောသမ္မတကြီး ပြည်သူ့ဘဏ္ဍာကိုအချိန်ဆွဲ၍
ဆွေးနွေးမေးမြန်းနေကြကာ ဘဏ္ဍာဖြုန်းအမတ်မင်းများ ပြည်သူ့အသံ
ပြည်သူ့ဆန္ဒမှာ ကချင်ပြည်နယ် (အထူးသဖြင့် ကချင်မဟုတ်သော)ပြည်သူများရဲ့အသံ ဆန္ဒ မပါဘူးလား။
၈။ အခြေခံဥဒေကိုပြင်ချင်သော ဒေါ်စုကြည်မတည်ငြိမ်မအေးချမ်းတာကိုပဲ
ဲနှစ်သက်တဲ့ ဗီဇရှိလို့ ငြိမ်နေသလား။
၉။ စစ်တပ်ကမတိုက်နိုင်လို့လား။
၁၀။ သူ့ဆန်စား ရဲရမှပေါ့ ။
၁၁။ သမ္မတကပျော့ လွှတ်တော်ကနှာစေး ကေအိုင်အေက ကမ်းတက်
ပြည်သူကခံဘက်လို့သဘောထားသလား။
၁၂။ ကချင်ပြည်နယ်မှာ ကချင်တမျိုးထဲရှိတာမဟုတ်လို့. ကေအိုင်အေဟာကိုယ်စားး
မပြုပါ။
၁၃။ ကချင်ပြည်နယ်မှာနေပီး ဒုက္ခခံနေရတဲ့ ရှမ်းတွေ ဗမာတွေ ရခိုင်တွေဟာ
ဒါအတိတ်ကံလို့ဆိုပီး လှည့်မကြည့်ကြတာလား။
၁၄။ သမ္မတကြီးခင်ဗျား------ နေတန်ယာဟု ထုံးနှလုံးမူပြီး ပြတ်ပြတ်သားသား
ဆုံးဖြတ်ပါတော့လို့ အကြံပြုပါတယ်။
ကချင်မဟုတ်သော ကချင်ပြည်နယ်သား)
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________
3 ယောက် ဆွေးနွေးခဲ့တယ်:
နောက်ဆို ရန်ကုန်မှာပါဗုံးတွေပေါက်တော့မယ် ----
သည်ခံတိုင်းကောင်းတာမဟုတ်။အတိုင်းအတာရှိရန်လို။
စစ်တပ်ကတိုက်တော့လည်း တိုက်လို့တဲ့ ။ စစ်တပ်ကအရပ်သား အစိုးရရဲ့ အမိန့်ကိုနာခံရမယ်ဆို ။
ဒေါ်စု ကြည်ကမြန်မာနိုင်ငံ တိုးတက်အောင် တည်ငြိမ်အောင် လုပ်ပေးမယ်ဆို ။ ကဲ ဒီတော့ ပြောချင်သပ ဆိုလည်း တာ ဝန်တကယ်ရှိတဲ့ သူတွေကိုသာပြော ။ မဆီမဆိုင် စစ်တပ်ကို ဆွဲဆွဲ မထည့်ြ ကနဲ့ ။ အမိန့်ပေး ရဲတဲ့ သူသာရှိ ။ စစ်တပ်ဆိုတာ
မိုးပေါ်ထောင်မဖောက်ဘူး ။ နိုင်ငံအတွက် ဆူးညှောင့်ခလုတ်ကသင်းမှန်ရင် ဘယ်သင်းမှမထားဘူး ။
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။