Nov 27, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန်အစီအစဉ်ရှိ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလအတွင်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။

 ထိုသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်းနှင့် ထိုခရီးစဉ်များသို့ လိုက်ပါသတင်း ရယူလိုက လိုက်နိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ မည်သည့်ကာလတွင် သွားမည်ဆိုသည်ကိုမူ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်း မရှိပေ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သေးသည် ။

From:[_Weekly Eleven_]
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ