Nov 27, 2012

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။

ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ ဒင်္ဂါးအတု လုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။


ဇာမန်မှ ၎င်းသည် အိန္ဒိယ ရူပီများကိုသာမက မြန်မာ ကျပ်ငွေနှင့် ဘူတန် ငွေများကိုလည်း ပြုလုပ်သည်ဟု ထုတ်ဖေါ် ပြောဆိုကြောင်း ရဲက ပြောဆိုသည်။ သို့သော် ယခု ငွေအတု ဖမ်းဆီးမိရာတွင် မြန်ကျပ်ငွေ အတုများ မပါဝင်ကြောင်း ရဲက ပြောသည်။ဖမ်းဆီးခံရသူ(၁၀)ဦးဖြစ်ပြီး ထိုအထဲတွင် လက်ရှိအစိုးရပါတီမှ ခေါင်းဆောင်တစ်ဦးပါဝင်သည်ဟု New Age သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် ငွေစက္ကူ အတု ပြုလုပ်ရာတွင် အသုံးပြုသော ကွန်ပျူတာ ၃ လုံး၊ ပုံနှိပ်စက္ကူထုတ် ၆ လုံး အပါအ၀င် မိတ္တူကူးစက်များ၊ဘလောက်များကိုလည်း ရဲက သိမ်းဆည်းရမိခဲ့သည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့တွင် များမကြာမှီ ကျရောက်မည့် အိဒ်ပွဲတော်ကြောင့် လူပေါင်း ထောင်သောင်းချီကာ နေ့စဉ် ဈေးဝယ်ထွက်နေသဖြင့် ဈေးများတွင် ဈေးဝယ်သူများဖြင့် စည်ကားနေရာ အဆိုပါ အချိန်ကာလအတွင်း ၎င်း ငွေတုများကို ဖြန့်ဝေအသုံးပြုသည်ဟု သိရသည်။

ယမန်နှစ်ကလည်းအမေရိကန်aဒ်ါလာအတုလုပ်သူ နိုင်ငံခြားမှဂိုဏ်းတစ်ခုကိုဒက္ကားမြို့တော်တွင် ဖမ်းဆီးရမိခဲ့သည်။

From:[မြဝတီ]
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဘင်္ဂလီ တွေ ကတော့ကွာ တခုမှ အချိုးမပြေဘူး

Anonymous said...

ဘင်္ဂလီ တွေ ကတော့ကွာ တခုမှ အချိုးမပြေဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ