Nov 29, 2012

ကထိန်ပွဲ အလှူခံကြွတဲ့ သံဃာတော်တွေ ၊ ကေအိုင်အေ မိုင်းထောင်လို့ ဒုက္ခရောက်ရရှာပြီ

နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲ၊ အမတ်ကြီးကုန်းကျေးရွာအုပ်စု၊ ရွှေငြိမ်းချမ်းကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဦးသုဇနနဲ့ ရွာသား ၃ ဦးတို့အား မြို့လှမြို့နယ်ခွဲမှာပြုလုပ်တဲ့ စုပေါင်းဘုံကထိန်ကို ဆိုင်ကယ်နဲ့အသွားမှာ KIA ထောင်ထားတဲ့မိုင်းနင်းမိပြီး ဆရာတော်နဲ့ ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


      ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကာမိုင်းမြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာမှာနေတဲ့ ဦးလဂျာနဲ့ ဒေါ်ထုနန်တို့ ၂ ဦး ဟာ သူတို့ပိုင်တဲ့ ဓညင်းခြံသွားရောက်ရှင်းလင်းရာမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခန္ဓာကိုယ်အနှံ့အပြား ဒဏ်ရာရရှိတဲ့အတွက် ဒေသခံများအနေနဲ့ မိမိတို့ပိုင်တဲ့လယ်နဲ့ခြံတွေကိုသွားဖို့တောင် မရဲကြတော့ဘူးလို့ ဆို ပါ တယ်။အပြစ်မဲ့ပြည်သူတွေအပြင် သံဃာတော်တွေပါ လမ်းကြောင်းမှာ မိုင်းနင်းမိပြီး ဒဏ်ရာရနေကြပါပြီ ။


ကမ္ဘာနဲ့အ၀ှမ်း မြေမြုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထားဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ်တွင်းမှာတော့ KIA ထောင်ထားတဲ့ မြေမြုပ်မိုင်းများကြောင့် ရဟန်းရှင်လူပြည်သူအများ နေ့စဉ်ဆိုသလို ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်နေလို့ ဒေသခံများ၊ တိုင်းရင်းသားအဖွဲ့အစည်းများသာမက နိုင်ငံတကာကပါ KIA အဖွဲ့အပေါ် အာရုံစူး စိုက်မှုများရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

From:[_ ကချင်နေ့စဉ်သတင်း_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ