Nov 29, 2012

နိုင်ငံခြားသားဆို ဘုရားထူးချင်စိတ် ရှိနေဆဲ မြန်မာပြည်(သို့) မြန်မာနှင်.အငုံ.စိတ်

                                              မြန်မာနှင်.အငုံ.စိတ်


ဟိုတစ်လောက ကျွန်တော် ကားတစ်စီးငှားစီး သည် ။ ကားအငှားကုမ္မဏီ မှ ငှားရမ်းခြင်းဖြစ်သည် ။ နိုင်ငံခြားသားတိုးရစ်များအတွက် သော်လည်းကောင်း ကျွန်တော်.အတွက်သော်လည်းကောင်း လိုလျှင် လိုသလို ခေါ်ယူသုံးစွဲ နေကြဖြစ်သည် ။ ထိုနေ.က ကျွန်တော်.ဧည်.သည်နိုင်ငံခြားသားနှစ်ဦးနှင်.ဧည်.လမ်းညွှန်ဖြစ်သောကျွန်တော်.အတွက် Saloon ကားတစ်စီးကို ရန်ကုန်တွင်တစ်နေ.တာ ( Full Day ) လည်ပါတ်ရန်ငှားရမ်းလိုက်သည် ။ တစ်နေ.တာ ဆိုသည်မှာ ခရီးသွားလောက ၌ (၁၀) နာရီခန်. အသုံးပြုမှုဖြစ်ပါသည် ။ မနက် ၆ နာရီ ခွဲ မှစတင်အသုံးပြုရာ နေ.လည်ဆယ်.နှစ်နာရီတွင် နိုင်ငံခြားသားများသည် ချိန်းထားသော ကိစ္စတစ်ခုရှိ၍ ဆက်လက်မလည်ပါတ်တော.ပါဟုပြောပါသည် ။ သို.သော် မနက်ဖြန်တွင်ရောက်လာမည်.သူတို.အဖွဲ.မှ နောက်ထပ် တိုးရစ်(၁၆)ယောက်အတွက် လေယာဉ်လက်မှတ်သွားရောက်ထုတ်ခြင်း ၊ ပြည်ပလေယာဉ် ကို Reconfirm လုပ်ခြင်း ၊ ဟိုတယ်သို. ဖက်(စ်) ပို.ခြင်းကိစ္စများကျွန်တော်.အားခိုင်းထားသဖြင်. ဆက်လက်ဆောင်ရွက်ရပါသည် ။ ကျွန်တော်.မိန်းမအား ပန်းဆိုးတန်းး နှင်. ဗိုလ်ချုပ်လမ်းထောင်.ရှိ Ruby Martကုန်တိုက်အရှေ.ရှ Nice Fare လေယာဉ်လက်မှတ်အရောင်းဌာနတွင်လေယာဉ်လက်မှတ်ဝယ်ယူရန်
စေလွှတ်ထားရာ သူ. ကိုသွားရောက်ခေါ်ငင်ပြီး လေယာဉ်လက်မှတ်အဆင်ပြေမပြေ ၊ ရမရ မေးရပါသည် ။ ထို.နောက် ပန်းဆိုးတန်းလမ်းအောက်ဘလောက်သို.သွားကာ ဖက်(စ်) သွားပို.ပါသည် ။ ထိုကိစ္စများမှာ နိုင်ငံခြားသားများ ၏ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သူတို.ခိုင်း၍ ကိုယ်စား လိုက်လုပ်ပေးနေခြင်းဖြစ်ပါသည် ။ သို.သော် ကားဆရာမှာ ကျွန်တော်.မိန်းမကို Shopping Center သို.လိုက်ပို.နေသည်ဟုထင်သလားမသိပါ ။


ထိုနေရာမှကိစ္စပြီးသောအခါ နေ.လည် ဆယ်.နှစ်နာရီ ခွဲ ခန်.ရှိပါပြီ ။ ဗိုက်လည်းအတော်ဆာလာပြီဖြစ်၍ ချစ်တီးထမင်းစားချင်သဖြင်. တာမွေ ဗျိုင်းရေအိုးစင် လမ်းထိပ်ရှိ ချစ်တီးထမင်းဆိုင်သို. မောင်းခိုင်းပါသည် ။ ထမင်းစားပြီးလျှင် အလုပ်သိမ်း၍ အိမ်ပြန်ရန်ဖြစ်သည် ။ ကားဆရာကိုလည်း ကျွန်တော် တို.နှင်.ထမင်းဝင်စားဖို. စိတ်ရင်းစေတနာဖြင်. ခေါ်ပါသည် ။ သို.သော် ကားဆရာသည် ထမင်းစားခေါ်သည်ကိုငြင်းရုံမက ဆောင်.ကြီးအောင်.ကြီးဖြင်. နိုင်ငံခြားသား ဆင်းသွားပြီဖြစ်၍ သူ.တာဝန်လည်းပြီးဆုံးပြီဖြစ်ကြောင်း “ နိုင်ငံခြားသားစီးရင်တော. ထားပါတော. ၊ ကျွန်တော်.ဘက်လည်း နည်းနည်းကြည်.ပါဦး “ ဟုပြောရာ ကျွန်တော် တော်တော် အံ.သြသွားပါသည် ။ တကယ်တော. ကားငှားသောစည်းကမ်းများကိုလည်း ဤ အလုပ်ကိုဆယ်.ခုနစ်နှစ်လုပ်ခဲ့.သူဖြစ်၍ ကျွန်တော်နားလည်ပါသည် ။ နိုင်ငံခြားသားဧည်.သည်တစ်ဖွဲ.ကိုချ၍ နောက်တစ်ဖွဲ. ကို စီးပွားဖြစ်ထပ်တင်လျှင် မူ ကျွန်တော်လွန်ပါသည် ။ ရန်ကုန် လည်ပါတ်ကြည်.ရှုခြင်းတွင်မပါသော သံလျင် ၊ လှိုင်သာယာ ၊ ဒဂုံမြို.သစ်၊ ရွှေပြည်သာ စသော နေရာများသို.သွားလျှင် ကျွန်တော် လွန်ပါသည် ။ဆယ်နာရီထက်ပိုသုံးလျှင် နာရီပိုကြေးထပ်ပေးရပါမည်။ သို.သော် တစ်နေ.တာ အခကြေးငွေပေးကာ ကားငှားထားသောသူတစ်ယောက်အနေဖြင်. နေ.လည်ဆယ်.နှစ်နာရီခန်.ပဲရှိသေးချိန်တွင်ပန်းဆိုးတန်း တွင်အထက်ဘလောက်မှ အောက်ဘလောက်သို.တစ်လမ်းထဲ နှစ်နေရာသွား၍ ၊ တာမွေတွင် ထမင်းသွားစားခြင်းသည် ကျွန်တော်.အလွန်တစ်စက်မှ မရှိဟု ယူဆပါသည် ။ ထို.ကြောင်.






“ နေပါဦး ခင်ဗျားကားက နိုင်ငံခြားသားမျက်နှာဖြူတွေမှ စီးခွင်.ရသလား ၊ ၊ ကျွန်တော်လဲစီးခွင်.မရှိတော.ဘူးလား ၊ သုံးယောက်အတူစီးတယ် နိုင်ငံခြားသားနှစ်ယောက်ကစောပြီးဆင်းသွားတယ် ကျွန်တော် ဆက်စီးခွင်.မရှိတော.ဘူးလား ။ကျွန်တော်အပျော်စီးတာလဲမဟုတ်ဘူး ၊ သူတို.ကိစ္စတွေလိုက်လုပ်ပေးနေတာပါ။ ပြီးတော. ခင်ဗျားကားကိုငှားတာ ကျွန်တော်ကလာငှားတာ ၊ နိုင်ငံခြားသားက ငှားတာမဟုတ်ဘူး ၊ ပြီးတော. ပိုက်ဆံက ကျွန်တော် ရှင်းပေးမှာပါ ၊ နိုင်ငံခြားသားက တိုက်ရိုက်ပေးမှာ မဟုတ်ပါဘူး “ ဟုပြော ရာ ကားဆရာမျက်နှာမှာသုန်မှုန်နေပါသည် ။ ဤနေရာတွင်ကားစီးသူမှာနိုင်ငံခြားသားဖြစ်ပါက သူ.မျက်နှာမှာ ပြုံးနေမှာသေချာပါသည် ။ ရတယ်ရတယ်လိုက်ပို.မယ်ဟုဆိုကာ ကားတံခါးပင်ရိုရိုသေသေ ဖွင်.ပေးမှာသေချာပါသည်။

နိုင်ငံခြားသားအတွက်ဆိုလျှင် အစစအရာရာ မျက်နှာချိုလှသော Friendly People ဟုနာမည်ကျော်လှသောကျွန်တော်တို.နိုင်ငံသည် ကိုယ်.နိုင်ငံ ကိုယ်.လူမျိုးခြင်းဆိုလျှင် မျက်နှာ ကြောတင်းလှတာ ဧည်.လမ်းညွှန်လုပ်သက် (၁၇)နှစ်အတွင်းမကြာခန ကိုယ်တွေ.ကြုံရဘူးပါသည် ။ ဤကိစ္စ ကို အနုလုံပဋိလုံသုံးသပ်ကြည်.လိုက်သောအခါ အဓိက အားနည်းချက်ဖြစ်သော ကျွန်တော်တို.မြန်မာလူမျိုးများ၏ အငုံ.စိတ်ကို စိတ်မကောင်းစွာသွားတွေ.ရသည် ။
ထိုအငုံ.စိတ်သည် သိစိတ်တွင် တရားဝင် မရှိသော်လည်း လူတော်တော်များများ၏ မသိစိတ်တွင် လျှို.၀ှက် ကိန်းအောင်းနေသော “ နိုင်ငံခြားသားများသည် ငါတို.ထက်သာလွန်မြင်.မြတ်သည် ၊ငါတို.လူမျိုးသည် နိုင်ငံခြားသားများထက်နိမ်.ကျသည် “ဆိုသော ကိုယ်.ကိုယ်ကို တစ်ဆင်.နှိမ်.ထားသော စိတ်ဖြစ်သည် ။ အားလုံးတွင် ရှိသည် ဟုမဆိုလိုသော်လည်း ထိုအငုံ.စိတ်သည် အချို.လူများ ၏ မသိစိတ်တွင်ကိန်းအောင်းနေကြောင်း နိုင်ငံခြားသားများနှင်. အတူတကွ သွားလာ၍ မြန်မာတစ်ပြည်လုံးကိုပါတ်လာသော ဧည်.လမ်းညွှန်တစ်ယောက်အနေဖြင်. သေချာပေါက် ပြောနိုင်ပါသည်။ ထိုအငုံ.စိတ်ကြောင်.ပင် နိုင်ငံခြားသားတောင်းဆိုပါက ဘာတစ်ခုမှ မငြင်းကြပဲ ဆောင်ရွက်ပေးတတ်ကြပြီး ကိုယ်.လူမျိုးခြင်းဆိုပါက ကူညီချင်စိတ်မရှိတာလဲ မကြာခနကြုံရတတ်ပါသည် ။

မန္တလေးမြို.ရှိဟိုတယ်တစ်ခုတွင် ကျွန်တော်တို.အဖွဲ. စောစော လေယာဉ်ကွင်းဆင်းရမည်ဖြစ်သဖြင်. နံနက်စာ ကို နံနက် (၆ :၃၀ ) တွင် မှ စတင်ကျွေးမွေးမည်.အစား နံနက် ( ၆ ) နာရီတွင် စားခွင်.ပြုပါရန် ဟိုတယ် ဧည်.ကြိုကောင်တာမှ ၀န်ထမ်းအမျိုးသမီးအား အကူအညီတောင်းရာ ၊မရဘူး ခြောက်နာရီခွဲမှပဲ ကျွေးနိုင်မယ် ဟု စာ အုပ်ကြီးအတိုင်းတစ်ပြားမှ မလျှော.ပဲဆိုလေသည် ။ ကျွန်တော် က နိုင်ငံခြားသား များအား ထိုအတိုင်းပင်ပြောပြ၍ မနက်ဖြန် ဘရိတ် ဖတ်(စ်) ကို ( ၆:၃၀ ) တွင် စားပါ ။ ဟိုတယ်မှ ( ၆း၄၅ ) တွင် ထွက်ကြရပါမည် ဟု ပြောလိုက်သည် ။ ထိုအခါ နိုင်ငံခြားသားအဖွဲ.ခေါင်းဆောင်က နံနက် ၆ နာရီ မှာ စားလို.မရဘူးလားဟုမေးပါသည် ။ ကျွန်တော် ကဟိုတယ်ကိုပြောပြီးပြီ မရဘူးဟုပြောပါသည်ဟုပြန်ပြောလိုက်ရာ နိုင်ငံခြားသား က သူထပ်ပြောမည်ဟုဆိုကာ ကောင်တာသို.သွား၍ လူအများကြီးအဖွဲ.ဖြစ်၍ နံနက်စောစော ၆ နာရီ ဘရိတ်ဖတ်(စ်) စားချင်ပါသည် ဟုပြောပါသည်။ ခုနက မရဘူးဟုကျွန်တော်.အား ပြောခဲ.သောဝန်ထမ်းသည် ပြုံးချိုသောမျက်နှာဖြင်. ရပါတယ်၊ ဆောင်ရွက်ပေးပါ.မယ်ဟုဆိုကာ မီးဖိုချောင်ဌာနသို.ချက်ချင်းဖုန်းဆက်ကာ ဧည်.သည် (၁၉)ယောက် မနက်ဖြန်မနက် ၆ နာရီ နံနက်စာစားမည်ဖြစ်၍ ပြင်ဆင်ထားပါဟု ပြောလိုက်လေသည် ။ ဤ ကိစ္စတွင်လည်းမြန်မာအချင်းချင်းပြောကြားသောစကားသည် အရာမ၀င် အရေးမလုပ် ၊ နိုင်ငံခြားသားများမှ လူထင်နေသည်. အကျင်.ကား မြန်မာပြည်တွင် စွဲကပ်နေပြီဖြစ်ကြောင်းထင်ရှားပေ၏။
ဟိုတစ်လောကလည်း လေကြောင်းလိုင်းတစ်ခုသို. လေယာဉ်လက်မှတ်ဝယ် ရာ လက်ကျန်လက်မှတ်လုံးဝမရှိတော.ပါ ပြည်.နေပါပြီဟုဆိုသည် ။ နိုင်ငံခြားသားက တိုက်ရိုက်ဖုန်းဆက်သောအခါ လေဆိပ်သို.တန်းလာခဲ.ပါ ၊လက်မှတ် လာပေးပါမည် ဟုပြောပါသည် ။ ဟိုတယ်များတွင်လည်းထိုနည်းနှင်နှင် မကြာခန ကြုံရပါသည် ။ မြန်မာခရီးသွားကုမ္မဏီများ က အခန်းဘွတ်ကင်တင်လျင် ကုန်ပြီဟုပြော ၍ နိုင်ငံခြားသား ကတိုက်ရိုက်ဝယ်လျင်မူရှိသေးသည်ဟုပြောကာရောင်းချပေးပါသည် ။

မန္တလေးမြို.၈၃ လမ်း (၂၄/၂၅ ကြား )ရှိ Garden Hotel နှင်. ရန်ကုန်မြို. ၃၈ လမ်း နှင်. ကုန်သည်လမ်းထောင်.ရှိ May Fair Inn တို.မှာ မြန်မာလက်မခံ ၊ နိုင်ငံခြားသားသာ လက်ခံသည် ဟုတရားဝင်ကြေငြာထားလေသည် ။ ကြယ်ငါးပွင်.အဆင်.ရှိသော Traders ဟိုတယ် ၊ ဆီဒိုးနားဟိုတယ်များကပင် ပိုက်ဆံပေး၍ တည်းပါက မြန်မာ ၊ အင်္ဂလိပ် ၊ ကုလား ၊ တရုတ် မခွဲပဲ လက်ခံပါလျက် ၊ ကြယ် တစ်ပွင်.(သို.မဟုတ်) ကြယ်ပွင်. မရှိ ဟိုတယ်များက မြန်မာလက်မခံပါဆိုတာ ဟိုတယ်ခရီးဝန်ကြီးဌာနကထုတ်ပြန်ထားသော နည်းဥပဒေ ညွှန်ကြားချက်များနှင်.ညီရဲ.လားဟုမေးရမည်ဖြစ်သည် ။ မိမိဘာသာထုတ်သောစည်းကမ်းဆိုပါက မြန်မာ များသည် ဟိုတယ်မှာ တည်းခိုခွင်.မရသည်အထိ နိမ်.ကျသော လူမျိုးများဖြစ်နေပြီလားဟု မေးလိုပါသည် ။ဟိုတယ်လိုင်စင်ထုတ်ပေးစဉ်က ဤ စည်းကမ်းမျိုးကိုယ်.သဘောနှင်.ကိုယ်ထုတ်၍မရ ဘူးဆိုတာ ဟိုတယ်ခရီးက မပြောခဲ.တာလား ။ ကိုယ်ထင်ရာကိုယ်စိုင်းနေကြတာလားမသိပေ။
ဟိုတယ်မှာပဲ ဖြစ်ဖြစ် ၊ ကားငှားစီးရာတွင်ပဲဖြစ်ဖြစ် သူကတော. မြန်မာ ၊သူကတော. နိုင်ငံခြားသားဟု သဘောမထားပဲ လူသား များဟုသာသဘောထားနိုင်ပါက ဤ ပြသနာများရှိတော.မည်မဟုတ်ချေ ။ ထိုအခါ လူသုံးယောက်ကားပေါ် တက်လာသည် ၊ လူနှစ်ယောက်ဆင်းသွားသည် ။ ကျန်သော လူတစ်ယောက် ဆက်စီးနေသည် စသည် ဖြင်. ဓမ္မဓိဌာန်ကျသော အမြင်ကိုရပေလိမ်.မည် ။
ကျိုက်ထီးရိုးတောင်ပေါ်တက်ရာ တွင်လည်း နိုင်ငံခြားသားများကို ရသေ.တောင်အထိသာ တက်ခွင်.ပြုပြီး ၊ မြန်မာဘုရားဖူးများကိုမူ ရင်ပြင်တော်ပေါ်အထိ တက်ခွင်.ပြုလေသည် ။ ဘာကြောင်.နိုင်ငံခြားသားတွေ ကားနဲ.တက်ခွင်.မပြုသလဲဟု မေးကြည်.ရာ လမ်းကမတ်တော. အန္တရာယ်ဖြစ်မှာစိုးလို.ပါ ဟုဖြေ၏ ။ ဤ စကားကိုတစ်ဖက်လှည်.စဉ်းစားသောအခါ လမ်းကမတ်လို. နိုင်ငံခြားသားတွေတက်ခွင်.မပြုဘူး ၊ မြန်မာကတော. သေချင်သေပစေ တက်ကြဟုဆိုလိုရာရောက်နေပေသည် ။

အားကစားလောကတွင်လည်း ဥပမာ ဘောလုံးအသင်းတစ်သင်းတွင် နိုင်ငံခြားသားနည်းပြဆိုပါက လစာ ကိုဒေါ်လာထောင်ဂဏန်း၊ သောင်းဂဏန်းအထိပေးရသည်. အပြင် နေစရာအိမ် ၊ စီးစရာကား ၊ စကားပြန် ၊ အားလပ်ရက်ခံစားခွင်. စသည်ဖြင်. လိုလေသေးမရှိထောက်ပံလေ.ရှိသော်လည်း ၊ မြန်မာထဲမှ ထူးချွန်သူအချို. ၎င်း ရာထူးတာဝန်ကိုထမ်းဆောင်ရသောအခါ ကိုယ်.မြန်မာပဲကွာဟုဆိုကာ မစို.မပို.လစာနှင်.ခံစားခွင်.ကိုသ်ာပေးတတ်ကြသည် ။ မိမိလူမျိုးကို မိမိ တို.ကိုယ်တိုင်အထင်မကြီးနိုင်သောသာဓကပင် ။ သေသေချာချာစဉ်းစားကြည်.ပါက နိုင်ငံခြားသားနည်းပြလက်အောက်တွင်မြန်မာဘောလုံးအသင်း အမြင်.ဆုံးရရှိခဲ.သော အောင်မြင်မှုမှာ ၁၉၉၃ အရှေ.တောင်အာရှအားကစားပွဲတွင် ဂျာမန်နည်းပြဖြင်. ဒုတိယငွေတိဆိပ်ရခဲ.ခြင်းသာရှိပါသည် ။အာရှတွင်ရွှေထီးဆောင်းခဲ.စဉ်က မြန်မာနည်းပြများနှင်.သာ လေ.ကျင်.ယှဉ်ပြိုင်ခဲ.ခြင်းဖြစ်သည် ။ ဤသို.ဆိုသဖြင်.မျက်ကန်းမျိုးချစ်စိတ်မွေးရမည်ဟုဆိုလိုခြင်းမဟုတ် ၊ နိုင်ငံခြားသားကိုလေးစားသလို ကိုယ်.လူမျိုးကိုလေးစားကြရန်တိုက်တွန်းလိုရင်းဖြစ်သည် ။

အမှန်စင်စစ် မြန်မာ တိုင်းသည် နိမ်.ကျနေသည် မဟုတ်သကဲ.သို. နိုင်ငံခြားသားတိုင်းသည် မြင်.မြတ်နေသည် မဟုတ်ကြောင်း မန္တလေး ရှိ မြန်မာ.စီးပွားရေးဘဏ်မှ ငွေစက္ကူများအလစ်သုတ်သွား၍ ပုဂံမှာ သွားရောက်ဖမ်းဆီးမိသောနိုင်ငံခြားသားများ ၊ ရွှေဘိုတွင် စတိုးဆိုင်ငွေ လက်ခံကောင်တာထဲမှ ပိုက်ဆံများကိုအလစ်သုတ်သွား၍ ရဲမှဖမ်းဆီးရမိသှူ နိုင်ငံခြားသားများက သက်သေခံနေပါသည် ။ နိုင်ငံ ခြားသားများအား အလကားနေရင်း မုန်းတီးနေခြင်းသည် မကောင်းသကဲ.သို. အလကားနေရင်း ကိုယ်.လူမျိုးထက်ပ,စားပေးနေတာလည်းမဖြစ်သင်.ပေ။

တကယ်တမ်းတွင် လွတ်လပ်သော ဒီမိုကရေဒီ နိုင်ငံတော်ကြီးကိုထူထောင်လိုပါက ဒီမိုကရေစီနှင်.ထိုက်တန်သော အမြင်.စိတ်ရှိဖို.လိုသည် ။ သူတစ်ပါးနိုင်ငံသားများကို လိုသည်ထက်ပို၍ အထင်ကြီးခြင်း ၊ ကိုယ်.နိုင်ငံသားများအား အထင်အမြင်သေးသည်. သိမ်ငယ်စိတ် ၀င်နေပါက ဤကမ္ဘာပေါ်တွင် အဆင်.မြင်.သော လူမျိုးတစ်မျိုးအဖြစ်ဘယ်တော. မှ ခေါင်းထောင်နိုင်မည်မဟုတ် ။ မိမိ ကိုယ်ကို အထင်အမြင်မကြီးသော လူမျိုးကို ဘယ်နိုင်ငံခြားသားကမှ အထင်ကြီးလေးစားလိမ်.မည်မဟုတ် ။ အထက်တန်းကျသောလူမျိုးတစ်မျိုးသည် သူတစ်ပါးကိုလေးစားသလို မိမိ ကိုယ်ကို ပို၍ ပင်လေးစားကြပါသည် ။

အနော်ရထာ ၊ ဘုရင်.နောင် ၊ အလောင်းဘုရား ၊ သခင်အောင်ဆန်းတို.သည် ပထမမြန်မာနိုင်ငံတော် ၊ ဒုတိယမြန်မာနိုင်ငံတော် ၊ တတိယမြန်မာနိုင်ငံတော် ၊ လွတ်လပ်ရေးအောင်ပန်းတို.ကို အငုံ.စိတ်ဖြင်. တည်ဆောက်ခဲ.ကြသည်မဟုတ် ။ငါတို.မြန်မာများသည် ကမ္ဘာပေါ်ရှိ မည်သည်.လူမျိုးနှင်.မဆို ယှဉ်ပြိုင်နိုင်သော ကိုယ်ရည်ကိုယ်သွေး လုံ.လ ၊၀ီရိယ ၊ ဆန္ဒ ၊ စိတ်ဓါတ်၊ ကိုယ်ကျင်.တရားတို.ရှိသည်။ မည်သည်.လူမျိုးထက်မှထူး၍ အောက်တန်းနောက်တန်းကျနေသောလူမျိုးမဟုတ် ဟူသော အထက်တန်းကျသည်.အမြင်.စိတ်နှင်. ထူထောင်တည်ဆောက်ခဲ.ကြခြင်းဖြစ်ကြောင်း အမြဲအမှတ်ရနေကြဖို.လိုပါသည် ။
မိမိ ကိုယ်ကိုယ်မလေးစားသောလူမျိုးကို ကမ္ဘာပေါ်ရှိ အခြားမည်သည်. လူမျိုးကမှ လေးစားလိမ်.မည်မဟုတ်ကြောင်း ပြောပြ ချင်ပါသည် ။

From:[_သရ၀ဏ်(ပြည်) _]
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ