Jan 20, 2013
အင်တာနက်တွင်တင်ထားသည့် ၀န်ကြီးဟောင်းဦးအောင်သောင်းသတင်းနှင့်ပတ်သက်ပြီး တောင်သာဒေသခံများလက်မခံ
ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် အင်တာနက်သတင်းများ၌ တွေ့ရှိရသည့် မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း သတင်းနှင့်ပတ်သက်ပြီး တောင်သာနှင့် တောင်သာမြို့နယ် ၀ဲလောင်ရွာရှိ ဒေသခံပြည်သူများမှ လုံးဝလက်မခံကြောင်း သိရှိရသည်။ 
ဝဲလောင်ကျေးရွာနေ ရပ်မိရပ်ဖ အငြိမ်းစားကျောင်းဆရာကြီး ဦလှကျော်မှ ၄င်းသတင်းနှင့်ပတ်သက်ပြီး လုံးဝမှန်ကန်မှုမရှိကြောင်း၊ ၄င်းအင်တာနက်သတင်းသည် ၀န်ကြီးဟောင်းဦးအောင်သောင်းအား မနာလိုအပုတ်ချလိုသူများမှ လုပ်ကြံဖန်တီးထားခြင်း ဖြစ်ကြောင်း၊ ၀ဲလောင်ကျေးရွာတွင် အိမ်ခြေ (၃၀၀)ခန့်ရှိပြီး အင်တာနက်သတင်းပါ မအေးမို့မို့လှိုင် ဟူသောအမည် ၀ဲလောင်ရွာတွင် မရှိကြောင်း၊ ၄င်းသတင်းနှင့်ပတ်သက်ပြီး သံသယရှိသူများအနေဖြင့် အချိန်မရွေး လာရောက်စုံစမ်းနိုင်ကြောင်း ပြောဆိုသွားသည်။ ထို့ပြင် ၀ဲလောင်ကျေးရွာ ရွှေဥမင်ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးဓမ္မ၀ံသ မှလည်း ၄င်းသတင်း မမှန်ပါကြောင်း၊ ဦးအောင်သောင်းအား တောင်သာတစ်မြို့နယ်လုံးမှ ချစ်ခင်ကြကြောင်း၊ ဆရာတော်မှ ၀န်ကြီးဟောင်းဦးအောင်သောင်းဟာ ၀ဲလောင်ရွာသားပါ။သူ့ကြောင့် ဒီဒေသတွေ ဘာသာသာသနာထွန်းကားပြီး ကျန်းမာရေး ပညာရေး အလုံးစုံတိုးတက်လာတာပါ တစ်နယ်လုံး သူ့ကျေးဇူးမကင်းပါဘူး၊ အခုလို မဟုတ်မမှန် အပုတ်ချတဲ့ သတင်းဟာ ဘုန်းကြီးတို့ တောင်သာဒေသခံတွေကို စော်ကားလိုက်တာပါဘဲ အချိန်မရွေး လာရှင်းလို့ရပါတယ် ဟုမိန့်ကြားသွားသည်။
From:[_ဖေသန်းဇော်(မြင်းခြံ) _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF
6 ယောက် ဆွေးနွေးခဲ့တယ်:
Anonymous said...
ဦးအောင်သောင်းက အရင်က ကျောင်းဆရာ ဗျ။ သူ့ကို သူ့နယ်က သိပ်ချစ်တာ။ သူလာရင် သူတပည့်တွေ လာနင်းနှိပ်ပေးတဲ့သူတွေ၊ လာကန်တော့တဲ့သူတွေအများကြီးတဲ့။ သူကလဲ မုန့်ဖိုးတွေဘာတွေပေး၊ အဲလိုတဲ့ဗျ။ ဘယ်နဲ့ ..အောက်တန်းစား အပုတ်ချတဲ့သူတွေက..ရတနာဝင်းထိန် စာအုပ်ထဲက စာသားတွေနဲ့ အပုတ်ချတော့..ကိုယ့်အကုသိုလ်နဲ့ ကိုယ် အပယ် သွားချင်တဲ့ ဒုစရိုက်ကောင်တွေနဲ့ တူပါတယ်ဗျာ။ သူ့တရားသူစီရင်၊ သူ့သဘော သူဆောင်သွားပါလိမ့်မယ်။ မဟုတ်တန်းတရားအပုတ်ချရင်..၀ဋ်က နောက်ဘ၀ကို လုံးဝမကူးဘူးဆိုတာ ဒုစရိုက်ကောင်များကိုယ်တိုင် ..ကိုယ်တိုင်ကိုယ်ကျ..အားပါတရကြီးသိရှိခံစားကြရပါလိမ့်မယ်ဗျာ။ (ကိုယ်နဲ့တော့ မဆိုင်ဘူး။ ကိုယ့်အဖေ။ကိုယ့်အဖိုးအရွယ်ကြီးကိုအပုတ်ချတဲ့ ယဉ်ကျေးတဲ့ မြန်မာလူမျိုး မဟုတ်တာ ရှက်ဖို့ကောင်းလှပါတယ်။ )
Anonymous said...
ဦးအောင်သောင်းကလီးပါတယ်လေမသိဘူးလား
ပြောတဲ့ကောင်ကသူ့အစ်မတွေ ညီမတွေမလိုးတော့
မနာလိုတာပေါ့ အခုသတင်းကတော့မဟုတ်လောက်ပါဘူး
ဘာလို့လဲဆိုတော့တောင်သာဒေသခံတွေကကိုခါးခါးသီးသီး
ဖြစ်နေတဲ့ဥစ္စာ
bluesky said...
အောင်သောင်းကို ချစ်တာက တောင် သာတမြို့ထဲပါ။သူကိုမုန်းတာက တပြည်လုံးပါ။
Anonymous said...
Bluesky ခွေးမျိုး..မင်းပထွေး.မင်းအဖိုးအရွယ်ကြီးဟ၊ ရိုင်းလိုက်တာ။ အောင်သောင်းတဲ့။ မင်း အဖေနဲ့အမေက လူယဉ်ကျေးမဟုတ်ဘူးလား၊မြေမျိုမယ်။ ရှက်စရာကြီး၊
Anonymous said...
Bluesky motherfucker.
Margathagyar said...
This news is impossible.every body know about U aung thaung.
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ