Jan 20, 2013

အနားယူခဲ့ရင် မုန့်ဟင်းခါးရောင်းစားမှာပေါ့လို့ ဆုံးဖြတ်ခဲ့ဖူးသူ သမ္မတကတော် / မြန်မာပြည်ရဲ့ First Lady

အဲဒီတော့ ကျွန်တော်ခေါင်းစဉ်တင်ထားတဲ့ အကြောင်းအရာကို အခုပြောပါမယ်။ ခေါင်းစဉ်ထဲက ဖတ်စ်လေဒီ/သမ္မတကတော်ဆိုတာသမ္မတကြီးဦးသိန်းစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ဝင်းကို ပြောချင်တာပါ။ ဖြစ်စဉ်လေးကတော့ ဒီလိုပါ ...

အချိန်ကတော့ ၂၀၀၅ ခုနှစ်ထဲမှာပါ။ ဦးသိန်းစိန်ဟာ န.ယ.က အတွင်းရေးမှူး(၁)တာဝန် ယူထားရပါတယ်။ ဝန်ကြီးချုပ်က ဦးစိုးဝင်းပါ။ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး ရှင်းပြီးကာစအချိန်ပေါ့။ ဦးသိန်းစိန်ဟာ ကျန်းမာရေးကလည်း တော်တော်လေးမကောင်း၊ သူရဲ့ အထက်/ဘေး/အောက်ကလူတွေ လုပ်ဆောင်ပုံ ကလည်း သူ့ခံယူချက်၊ သူ့လုပ်ဆောင်ချက်တွေနဲ့ အစပ်အဟပ်မတည့်ဆိုတော့ အင်မတန်စိတ်ညစ်ပြီး အနား ယူဖို့စိတ်ကူးပါတယ်။ဦးသိန်းစိန်ကနားဖို့စိတ်ကူးပြီဆိုတော့ ဒေါ်ခင်ခင်ဝင်းကလည်း ရှေ့ဆက်မယ့်ဘဝခရီးမှာ မိသားစုဝမ်းရေးအတွက် အကြံထုတ်ရတော့တာပေါ့။ တပည့်တချို့နဲ့ တိုင်ပင်မိတဲ့အချိန်မှာ အန်တီကြီးက သူ မုန့်ဟင်းခါးတော့ ချက်တတ်တယ်။ ရှမ်းခေါက်ဆွဲချက်မယ့်သူ တစ်ယောက်လောက် ထပ်ရှာမယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဆိုင်ခန်းတစ်ခန်း လချုပ်နဲ့ငှါးပြီး ဆိုင်ဖွင့်မယ်လို့ အကြံရပါတယ်။


ခင်ဗျားတို့ကတော့ ရီနေကြမယ်ထင်တယ်။ ဦးသိန်းစိန်မိသားစု အဲဒီလောက်ထိ အခြေအနေဆိုးပါ့မလားဆိုပြီး။ ဒီမှာကိုယ့်လူ ... ခင်ဗျားသိအောင် ပြောပြမယ်။ ဦးသိန်းစိန်ဟာ တြိဂံဒေသ တိုင်းမှူးက လာတာ။ တိုင်းမှူးတစ်ယောက်ဟာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုရင် ကျောက်စိမ်းဒေသ မြောက်ပိုင်းတိုင်းရဲ့ တိုင်းမှူးဟောင်းတစ်ယောက်ဟာ ရန်ကုန်ကသူ့အိမ်ကြီးမှာ ကျောက်စိမ်းပြားတွေကို တအိမ်လုံးအပြည့် ကပ်ထားတယ်ဗျ။ ဦးသိန်းစိန်ကိုင်ခဲ့တဲ့ တြိဂံဒေသတိုင်းဟာ ကုန်သွယ်ရေးလမ်းကြောင်းရော၊ ဘိန်းရော၊ စိတ်ကြွဆေးရော စုံလို့ ... စုံလို့ ... ။ တိုင်းမှူးပြီးတော့ န.ယ.က အတွင်းရေးမှူးဖြစ်လာသေးတယ်။ သူဖြတ်သန်း ခဲ့တဲ့ နေရာတွေဟာ သူသာစိတ်ရှိမယ်ဆိုရင် ကိုယ်တိုင်ဘာမှ လုပ်နေစရာမလိုဘူး။ မျက်နှာလေး လွှဲထား လိုက်ရုံပဲ။ သဘောပေါက်။ ဒါပေမယ့် ဦးသိန်းစိန်ဟာ အဲဒီလိုစိတ်မျိုး အရင်ကလည်း မရှိခဲ့၊ နားတော့မယ့် ဆဲဆဲ မှာ လည်း ရှိလာမှာ မဟုတ်ဘူးဆိုတာကို တသက်လုံးပေါင်းလာတဲ့ အန်တီကြီးက သိလို့ အခုလို မုန့်ဟင်းခါး ရောင်းဖို့စိတ်ကူးရတာပေါ့။အန်တီကြီးရဲ့အကြံဘာကြောင့်အကောင်အထည်မဖော်ဖြစ်တာလဲဆိုရင် ဘရွှေကြီးကခွင့်မပြုတာနဲ့ဦးသိန်းစိန်ဟာမနားလိုက်ရပါဘူး။ဒီနေ့ကျွန်တော်ပြောချင်တဲ့ ဖြစ်ရပ်လေးဟာလည်း ဒါပါပဲ။


ငလျှင်ဒေသသို့ချက်ချင်းပြေးလာသည့် ပြည်သူနဲ့တစ်သွေးတည်းတစ်သားတည်းရှိသူ သမ္မတ


သစ်ခွပန်းထက် လှနေတယ် အန်တီ သစ်ခွထက် အိနြေ္ဒရနေတဲ့ ဂုဏ်ယူဖွယ် သမ္မတကတော်

သိပ်မကြာသေးခင်က အဖြစ်လေးကိုလည်း ကြားမိလိုက်မယ် ထင်ပါတယ်။ ကလေးဆေးရုံမှာ လာတက်တဲ့ကလေးကို ဆေးရုံဆင်းသွားမှပဲ သမ္မတကြီးရဲ့မြေးမှန်း သိလိုက်ကြတယ်ဆိုတာလေ။ လူသိပ်မသိလိုက်တဲ့ အဖြစ်လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ သမ္မတကြီးနဲ့ ဝန်ကြီးတချို့ လေယာဉ်နဲ့ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်။လူကြီးတွေအကုန်လုံး လေယာဉ်ပေါ်ကဆင်း၊ လာကြိုတဲ့ကားတွေနဲ့ အလျှိုအလျှို ထွက်သွားပြီးမှ သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊ နောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်။ ဒါတောင် သမ္မတကြီးက ကလေးငယ်ငယ် ကားနဲ့ဆင်းရင် ပင်ပန်းမှာကို သနားလို့ လိုက်ခွင့်ပြုပြီး ပါလာတာ။ အဲဒီကလေးကြီးပြီဆိုရင် အခုလို လိုက်ရဖို့ မမြင်ဘူး။

ကျွန်တော်တို့ချစ်တဲ့ သမ္မတကြိးနဲ့သမ္မတကတော်
ခင်ဗျားတို့ဟာ သိပ်ကြီးမကြာသေးတဲ့ အဖြစ်အပျက်တွေကို မေ့မပစ်ကြပါနဲ့ဦး။ ရုပ်ဆိုး၊ ပုပ်သိုး၊ လိပ်ထော ဆိုတဲ့ သမီးတော်တွေ ကြီးစိုးမင်းမူခဲ့တာတို့၊ စိန်မျောက်မျောက်၊ ဖိုးလပြွတ် ဆိုတဲ့ မြေးတော်တွေ အထူးအခွင့်အရေးနဲ့ သောင်းကျန်းခဲ့တာတို့ဟာ ပြီးခဲ့တာမှ သုံးခါလည်တောင်မရှိသေးဘူးဗျ။ အဲဒီလိုလူစားတွေကမ္ဘာပေါ်ကအပြီးတိုင် ပျောက်သွားပြီလို့များထင်နေကြပြီလား။ နောက်ထပ် ပေါ်မလာနိုင်ဘူးလို့များ ထင်နေကြပြီလား။ အဲဒီလိုခေတ်ကို ပြန်မရောက်ဖို့ ဆုတောင်းတဲ့အထဲမှာတော့ ကျွန်တော်လည်း ထိပ်ဆုံးကတစ်ယောက်ပဲဗျို့။


နိုင်ငံခြားသားနဲ့တွေ့သော်လည်း ဒေါ်စုကဲ့သို့ ပါးချင်းအပ် ရင်ချင်းမကပ်ပဲ မြန်မာအိနြေ္ဒနှင့် အပြုံးနဲ့ပဲနှုတ်ဆက်သူ မြန်မာသမ္မတကတော်
ကျွန်တော်ဟာ ဒီအကြောင်းတွေကို သိထားပေမယ့် ချရေးစရာ ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ နာမည်ဝှက် (Fake Account)ကလည်း မရှိတာနဲ့ အများသိအောင် ထုတ်မပြောဖြစ်ခဲ့တာပါ။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ ... ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေအပေါ် ချစ်သင့်တယ်ထင်လို့ အခုလို အလျဉ်းသင့်တဲ့နေရာက တင်ပြရတာပါ။ ခင်ဗျားတို့ကတော့ ထင်မယ်။ ဒီကောင် ဦးသိန်းစိန်ရဲ့ တပည့် ဖော်လံဖားထဲက ဖြစ်မယ်ပေါ့။ တပည့်မဟုတ်ရပါဘူး။ သူတို့မိသားစုနဲ့ တစ်ခါမှ မပတ်သက်၊ မဆက်ဆံဘူးပါဘူး။ ဒါပေမယ့် ဒီလို စိတ်ထားကောင်းတဲ့သူတွေကို ဖော်လံဖားနေတယ် အပြောခံရရင်တော့ ခံနိုင်ပါတယ်ဗျာ။ စိတ်ဓာတ်အောက်တန်းကျတဲ့ သူတွေအောက်မှာ နှစ်ပေါင်းများစွာ ဖားခဲ့/ပြားခဲ့ရသေးတာပဲ။

ရိုးဂုဏ်အပြည့်နှင့်သမ္မတကြီး၏ အံသြဖွယ် အိနြေ္ဒကြီးသူ ပါရမီဖြည့်ဘက်
ကဲ... မိတ်ဆွေ။ တကယ်လို့ အန်တီကြီး ဒေါ်ခင်ခင်ဝင်းသာ မုန့်ဟင်းခါးရောင်းဖြစ်ခဲ့ရင် ခင်ဗျား သွားစားမလား။ ကျွန်တော်ကတော့ သွားမယ်။ ဒီလောက် စိတ်ရင်းစိတ်ဓာတ် ကောင်းတဲ့သူတွေ ချက်တာပဲ ... ထည့်ရမယ့် အမယ်တွေကို ဘယ်ဟာမှ ခိုထားမှာ မဟုတ်ဘူး။ စေတနာဆိုတဲ့ အမယ်ကလည်း ပမာဏအများကြီးပါဦးမှာ။ အဲဒီဆိုင်သာ ဖွင့်ခဲ့ရင် ခင်ထွေးရီတို့၊ မြောင်းမြဒေါ်ချိုတို့တောင် ဒေဝါလီ ခံသွားရဦးမယ်။ ကျွန်တော်ကတော့ အကြော်နှစ်ခုလောက်ထည့်ပြီး အိုးဘဲဥ၊ ငါးဖယ်နဲ့ ကျကျနန စားပစ်မယ်။ ဟင်းရည်ကိုလည်း တစ်ပန်းကန်အပြည့်တောင်းပြီး သောက်ပစ်မယ်။ ပြီးရင် မီးဖိုချောင်ထဲအထိ ဝင်သွားပြီး ဟင်းရည်အိုး ကူမွှေပေးလိုက်ဦးမယ်။ ခင်ဗျားအနေနဲ့လည်း မီးဖိုထဲထိ မလိုက်ချင်ရင်တောင် မုန့်ဟင်းခါးကိုတော့ အားပေးချင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဟုတ်ရဲ့လား။

(မောင်ကျောက်ခဲ အဖွဲ့)
(ရေးသားပေးပို့သူ အမည်ဖော်ပြမထား၍ ဖော်ပြနိုင်ခြင်းမရှိပါ)
Print Friendly and PDF

13 ယောက် ဆွေးနွေးခဲ့တယ်:

shwe joe kyar said...

အရေးအသား....စိတ်စေတနာ....တင်ပြပုံ......အားလုံးကောင်းတယ်ဗျာ....ဟင်းရည်မွှေကူမယ်ဗျာ......

Anonymous said...

အရေးအသား တင်ပြပုံ ကောင်းမွန်ပါတယ်...စားပွဲထိုးလုပ်ပေးမယ်ဗျာ...

Anonymous said...

ကောင်းလွန်းပါတယ်ဗျာ။လေးစားပါတယ်။ဒီပို့စ်ကိုလဲ ကြိုက်လို့ ကူးသွားခွင့်ပြုပါ။ဆိုက်တစ်ချို့ နဲ့ ဖေ့ဘွက်စ်မှာ တင်ချင်လို့ ပါ။

Anonymous said...

အသွင်မတူအိမ်သူမဖြစ်တဲ့ကြားဖူးတယ်မဟုတ်လား သမတ္တကြီးရဲ့နိုင်ငံဖွင့်ဖြိုးရေးလုပ်ငန်းများမှာ
သမတ္တကတော်ကြီးကလဲပါရမီဖြည့်ဘက်ပီသစွာကူညီနိုင်ပါစေဗျာ
သမတ္တကြီးတို့ဇနီးမောင်နှံနှစ်ဦးစလုံးစိတ်ချမ်းသာကိုယ်ချမ်းသာဖြင့်အသက်ရာကျော်ရှည်ပါစေ
သမတ္တကြီးကိုမွေးထုတ်ပေးခဲ့တဲ့ဗိုလ်ချုပ်မှုးကြီသန်းရွှေလဲကျမ်းမာပါစေဗျာ

Unknown said...

လေးစားပါတယ်ဗျာ။ဈေးပါရောင်းကူပေးမှာပါ။အမြဲရည်မှန်းမေတာပို.သလျှက်ပါ။

Anonymous said...

သမ္မတကြီးမိသားစုကိုလေးစားမိပါတယ်

Anonymous said...

Opposite Eye မှာ တင်ထားတာကမှသာ အပြည့်အစုံဖြစ်ပါသည်။
သွားဖတ်ကြည့်ဖို့ တိုက်တွန်းပါသည်။

http://www.oppositeyes.info/2013/01/blog-post_1690.html

. . .

Anonymous said...

ရှိးသားမှူ့ရဲ့ဂုဏ်ပေါ့ လေးစားပါတယ်

မင်းဝေသော် ( အညာမြေ ) said...

သမ္မတကြီးနှင့်ဇနီး ၊ သမီး...တို့၏ ရိုးသား ၊ နှိမ့်ချစွာနေတတ်မှု့ကောင်း
သတင်းကိုကြားသိနေမိတာကြာပါပြီ။ ယခုလိုထပ်မံသိရှိလာရတော့...ပိုပြီး
လေးစား ၊ ခင်မင်မိရပါသည်။ သမ္မတကြီးတို့မိသားစု...ကျန်းမာ ၊ ချမ်း
သာပြီး..မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေ
ကြောင်း...ဆုတောင်းအပ်ပါသည်။

Anonymous said...

ကျနော်လဲသိဘူးဗျ။ ခုမှသိတာ ။ ကောင်းတယ်။ လင်ကွန်းနဲ့ခပ်ဆင်ဆင်လား။ ခေါင်းဆောင်ကောင်းတော့ တစ်ခုခုဖြစ်ခဲ့ရင်တောင် ကိုဘဲအရင်သေလိုက်မယ်ဗျာ။ အများကြီးလည်း မပြောတတ်ဘူးဗျ။

Anonymous said...

လေးစားတာထက်ကိုပိုပါတယ်မြန်မာမြေပေါ်မှာအမှန်တကယ်ရှိသင့်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရှိနေ
တဲ့အတွက်အရမ်းကိုကျေနပ်နပ်အားရဂုဏ်ယူမိပါတယ်
သမ္မတကြီးနှင့်မိသားစု ကျမ်းမာချမ်းသာငြိမ်းချမ်းမှုအပေါင်းနဲ့ပြီးပြည့်စုံပါစေ

Anonymous said...

တကယ်​​လေးစားဖို့​ကောင်းတဲ့ သမ္မတကြီးနဲ့ သမ္မတက​တော်​ပါဗျာ

Anonymous said...

သမ္မတကြီးကို
နောက်ထပ် သမ္မတတာဝန်
ဆက်ယူစေချင်သေးတယ်ဗျာ
တကယ်ပါ
သမ္မတကြီးရဲ့မျက်နှာ
ဘယ်အချိန်ကြည့်ကြည့်
အမြဲတည်ငြိမ်အေးချမ်းတယ်
ခေါင်းဆောင်ကောင်းဆိုတာကို
လူသူပြောစရာမလိုဘဲ မျက်နှာမှာ
တွေ့ရပါတယ်ဗျာ
သမ္မတကြီးနဲ့ သမ္မကြီးက တော်
သက်တော်ရာကျော် ရှည်ပြီးတော့
လူမျိုး ဘာသာ သာသနာ နှင့်
နိုင် ငံ အတွက် ဒီထက်မက
ဆောင်ရွက်နိုင် ပါစေလို့
လှိုက်လှိုက်လှဲလှဲ ဆုတောင်း
ပေးပါတယ်ဗျာ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ