Jan 20, 2013

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ ၏ ထူးချွန်မှုများကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာမှ တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၅၀၀ အထိရနိုင်ဟု GE ကုမ္ပဏီ ခန့်မှန်း


အမေရိကန်မှ ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီ GE၏ အရှေ့တောင်အာရှဆိုင်ရာ အမှုဆောင်အရာရှိချုပ်
စတူးဝပ်ဒင်းက ၎င်းတို့သည် မြန်မာတွင် လာမည့်နှစ် အနည်းငယ်အတွင်း နှစ်စဉ်ဒေါ်လာသန်း ၅၀၀ ပမာဏအထိ ရရှိနိုင်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့အကြီးဆုံ ကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် GE သည် မြန်မာသို့ ယမန်နှစ်က စတင်ဝင်
ရောက်ခဲ့ပြီး ၎င်း၏ရင်းနှီးမြုပ်နှံမှု များကို ချဲ့ထွင်ခဲ့သည်။

ကုမ္ပဏီသည် မြန်မာအပေါ် ကန်အစိုးရ၏ ပိတ်ပင်ထားမှုများရုပ်သိမ်းသည့် ဇူလိုင်မှစ၍ မြန်မာ့လေကြောင်းသို့ လေယာဉ်နှစ်စင်းငှားရမ်းခဲ့ကာ ဆေးရုံသုံး အဆင့်မြင့်ပစ္စည်းများ ဖြန့်ဖြူး
ရေး၊ ဓါတ်ငွေ့သုံး တာဘိုင်မီးအားပေးစက်များ ရောင်းချပေးရေးတို့အတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ စာချုပ်များချုပ်ဆိုခဲ့သည်။

GE သည် မြန်မာအစိုးရအားလည်း နိုင်ငံအတွင်းလျှပ်စစ်မီး ရရှိမှု ပိုများရေးအတွက် အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည်။ ကုမ္ပဏီသည် ယခုနှစ် သုံးလပတ်ဘဏ္ဍာရေးကာလ၌ပင် မြန်မာတွင် ၎င်း၏ပထမဆုံးရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

GE သည် မြန်မာအစိုးရ၏ ချွင်းချက်ခွင့်ပြုမှုဖြင့် ကမ္ဘာ့နေရာ အနှံ့သို့ ငွေလွှဲခွင့်ရရှိထားသည်။ကုမ္ပဏီသည် မြန်မာတွင်နှစ်စဉ် ဝင်ငွေ ဒေါ်လာ သန်း ၂၅၀ မှ ၅၀၀ အထိ ရရှိသွားရန် ရည်မှန်ထားသည်။
GE သည် ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၀င် ငွေ ဒေါ်လာ ၁၄၇ဒဿမ ၃ ဘီလီယံရခဲ့သည်ဟု သိရသည်။

From : myanmar age (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သမတ္တကြီးကိုလေးစားပါတယ် အချိန်တိုတိုအတွင်းမှာ
ဒီလောက်အောင်မြင်တာ နောက်ဆိုပိုအောင်မြင်မယ်
သမတ္တကြီးဟာမြန်မာနိုင်ငံကိုကမ္ဘာသစ်တစ်ခုဆီကိုခေါ်
ဆောင်သွားနိုင်မယ်လို့ယုံကြည်ပါတယ်
အမြဲလေးစားလျှက်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ