Jan 20, 2013

ရန်ကုန်တွင် ကားပြိုင်မောင်းကြသော ပြိုင်ကားမောင်းလူငယ်နှစ်ဦးမှ ၄င်းတို့ကားပြိုင်နေဥိးမည် မသေချင်သေးရင် လမ်းပေါ်မထွက်နဲ့ လို့ ပြော

ရန်ကုန်တိုင်းဒေသကြီးတွင်ကားပြိုင်မောင်းသော ပြိုင်ကားသမားများအား ဖမ်းဆီးအရေးယူမှုများ ကြားနေရပါသည် ။သို့သော် လူငယ်အချို့မှာ ၄င်းတို့လုပ်ရပ်မှန်သည်ဟုပြောဆိုနေကြပါသည် ။ယခုအချိန်ဆိုလျှင် ပြိုင်ကား မောင်းနှင်သူ လူငယ်နှစ်ဦးဟုယူဆရသူနှစ်ဦးမှ ဖေ့ဘုတ်ပေါ်တွင် တရားဥပဒေဝန်ထမ်းများနှင့် ပြည်သူတို့ကို စော်ကားရေးသားလိုက်ပါသည် ။

ပထမသူဟာ Facebook Link (https://www.facebook.com/emc.zwe) အသုံးပြုသူ Facebook အမည် Mario Joaquin ဆိုသူဖြစ်ပြီး ၄င်းမှ-
ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကားနဲ့မဆို အမြန်မောင်းလို့ရပါတယ် ကားပြိုင်မောင်းတာနဲ့ ပြိုင်ကားမောင်းတာနဲ့ ရော ကွဲကြရဲ့လား ခင်ဗျားတို့က ကားပြိုင်မောင်းတာကို အမြင်ကတ်နေတာ မဟုတ်ဘူး ပြိုင်ကားမောင်တာကို အမြင်ကတ်နေတာ ဒီတော့အဖြေကရှင်းပါတယ် ခင်ဗျားတို့က ပြိုင်ကားမစီးနိုင်တော့ မနာလိုဖြစ်နေကြတာပါ ..
ဟူ၍ သူတို့ ကားပြိုင်မောင်းသော ပြိုင်ကားမောင်းလူငယ်များတွင် အပြစ်မရှိကြောင်း အပြစ်ပြောသူ အရေးယူသူများမှာ ၄င်းတို့ပိုင်ဆိုင်ထားသော ပြိုင်ကားများကို မနာလိုသောကြောင့် ဟု စွပ်စွဲထားပါသည်


နောက်တစ်ဦးမှာ Facebook Link (https://www.facebook.com/simon.zma) အသုံးပြုသူ Facebook အမည် Simon Zma ဆိုသူဖြစ်ပြီး ၄င်းမှ-
ကဲကြာတယ်ကွာ ကားတွေစုပီး Street Party လုပ်မယ် နံပါတ်ပြားအကုန်ဖြုတ်ထားမယ် ရဲပဲဖမ်းနိုင်လား ငါတို့ပဲပြေးနိုင်လား စမ်းကြည့်လိုက်မယ် ဖမ်းချင်ဖမ်းမဖမ်းချင်နေ မောင်းမှာပဲ မသေချင်တဲ့လူ ညအပြင်မထွက်နဲ့ ရှင်းတယ်နော်. 
ဟူ၍ တာဝန်ရှိသူ အာဏာပိုင်များ နှင့် ပြည်သူလူထု အပေါင်းအားမိုက်ရိုင်းစွာ စော်ကားပြောဆိုလိုက်ပါသည် ။



အောက်ပါပုံများမှာအုပ်ချုပ်ရေးအာဏာပိုင်များနှင့် ပြည်သူလူထုအား စော်ကားသူလူငယ်နှစ်ဦး၏ ဖေ့ဘုတ်လင့်များနှင့် သူတို့၏ ဓါတ်ပုံများဖြစ်ပါသည် ။၎င်းတို့ဓါတ်ပုံများတွင် သောက်စားမူးယစ်နေခြင်းများ ညဘက်လမ်းမ ပေါ်တွင် လျှောက်သွားနေပုံများ ပြိုင်ကားပုံများ ပြိုင်ကားမောင်းလျှက် အရက်သောက်နေပုံ ကာတွန်းပုံများကိုတွေ့ရှိရခြင်းကြောင့်ရန်ကုန်တွင်ညဘက်၌ကားပြိုင်မောင်းတတ်သော ပြိုင်ကားမောင်းသူများနှင့် ဆက်စပ်မှူရှိနိုင်သည်ဟု သုံးသပ်မိပါသည် ။

Facebook အမည် Simon Zma ဆိုသူ၏ ဓါတ်ပုံများ
Facebook အမည် Mario Joaquin ဆိုသူ၏ ဓါတ်ပုံများ

ကားပြိုင်မောင်းသူ ပြိုင်ကားသမားများအားဖမ်းဆီးအရေးယူမှူအချို့မှလည်းထိုပြိုင်ကားအုပ်စုများတွင် ဒေသအာဏာပိုင်များ အချို့သော လူကြီးများ နှင့် နာမည်ကျော် စီးပွါးရေးသမားကြီးများ၏ သား/သမီး ၊တူ/တူမ များပါဝင်နေ
သောကြောင့် ဒေသအာဏာပိုင်ဝန်ထမ်းများအနေနှင့် ဖမ်းဆီးအရေးယူရန် ခက်ခဲနေဟန်ရှိသည် ဟု လည်း သတင်းများထွက်ပေါ်နေပါတယ် ။လွတ်တော်အားစော်ကားသည်ဟုခေါင်းစဉ်တပ်ကာ မည်သည့်နေရာမှ သူမှန်းမသိသည့်ကလောင်အမည် ဒေါက်တာဆိတ်ဖွါးဆိုသူအားလွတ်တော်တွင်ပင်ကော်မရှင်ဖွဲ့ရသည်အထိ အဖြစ်သည်းခဲ့ကြသော်လည်းဤကဲ့သို့အာဏာပိုင်များနှင့်ပြည်သူလူထုအား စော်ကား/ခြိမ်းခြောက်ပြောဆိုသော် သူတို့အားဓါတ်ပုံနှင့်တကွသိရှိမည်ဖြစ်သော်လည်းအာဏာပိုင်များနှင့် ဒေသအစိုးရအဖွဲ့တို့မှ ငြိမ်နေကြခြင်းမှာ
 သွေးရိုးသားရိုးရော ဟုတ်ပါ့မလား ဟု စဉ်းစားမိလျှက်ရှိပါသည် ။ မြန်မာနိုင်ငံအာဏာပိုင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအာဏာပိုင်များအနေနှင့်ယခုကဲ့သို့ညဘက်တွင်ကားပြိုင်မောင်းနေသော ပြိုင်ကားအုပ်စုများကိုထိရောက်စွာ ဖြေရှင်းနှိမ်နှင်းနိုင်ခြင်းမရှိသေးသောကြောင့် ပြည်သူလုထု၏ ကိုးစားယုံကြည်မှူလျှော့နည်းလာပြီး အရှက်ရသဖွယ်ဖြစ်ကာ လှောင်ပြောင်စရာများဖြစ်လာပါသည် ။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

10 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အေလိုးလေးတွေသွေးကြွနေတယ်ထင်တယ်
အကုန်ဖမ်းပြီးကေအိုင်အေကိုသွားတိုက်တဲ့စစ်ကားတွေမှာမောင်းခိုင်းလိုက်ဗျာ

Anonymous said...

မြန်မြန်သေအောင်မြန်မြန်မောင်း မလျော့နဲ့
မသေချင်လို့ အပြင်မထွက်ဘူး လမ်းပေါ် သံမှိုလေးကြဲထားမယ်။

ဗိုလ် တေ ဇ said...

ဆန် ကုန် မြေ လေး တွေ့ လော က ကို လဲ ကောင်းကျိုးမပေး ပတ် ဝန်း ကျင် ကို ဒု က္ခ ပေး နေ တဲ့ မျိုး မ စစ် အောက် တန်း စား လေး တွေ ကို ချစ် လွန်း လို့ ပြိုင် ကား မြင် တိုင်း ဆဲ့ မီး ပိုင့် မှ ယှဉ် ရပ် မိ တိုင်း စိန် ခေါ့့် ဖင် ယား ပြီး အ ကွေ့ ကို ဒ ရစ် စ စွဲ ကွေ့ လို့ သူ များ ကို ဝင် တိုက် မိ တော့ လမ်း ကြုံ ဝင် ပြီး ဆွမ်း ကြီး လောင်း ကြ ပါ ရန် တိုက် တွန်း နိုး ဆော် အပ် ပါ သည့့်

Anonymous said...

ပြိုင်ကားအပေါစားစီးအထင်မကြီး။မောင်းချင်ရင်ရေဝေးမှာသွားမောင်းကြ

Anonymous said...

လွတ်ပေးထားလိုက်ပါ သိပ်မကြာပါဘူး ကားပြိုင်တဲ့ကောင်တွေ ကားမှောက်ပြီး ခွေးသေဝက်သေ သေပါလိမ့်မယ်။ ကျွန်တော်တို့က အနေသာကြီးပါ။

Anonymous said...

ကိုယ့်သားသမီးမှနိုင်အောင်မထိန်းနိုင်ရင်တိုင်းပြည်ဘယ်လိုအုပ်ချုပ်မလဲ လူရီစရာဖြစ်နေမှာပေါ့
လူများစုကိုလေးစားရမှာပေါ့မဟုတ်ဘူးလား အများသူငါအသုံးပြုတဲ့ဘယ်နေရာမဆိုတစ်ဦး
တစ်ယောက်အတွက်မဟုတ်ဘူး ဒါမှနားမလည်ဘူးဆိုရင်တော့ ဘယ်သူကမှားသလဲဆိုတာ
လူတိုင်းသိပါတယ် မသိဘူးဆိုရင်တော့လူမဟုတ်ဘူး ဒါပဲ

Anonymous said...

ဒီလောက်ကားပြိုင်မောင်းချင်ရင်ငရဲပြည်မှာသွားမောင်းချေ။
အဲ့ဒီမှာငရဲမင်းGRAND PRICEပြင်ပွဲရှိတယ်။

Anonymous said...

စောက်ပေါတွေ ၁၀၉ ၁၁၀တွေ
အလုပ်မရှိရင်လာခဲ့
လက်ဖက်ယုပ်ခိုင်းမယ်

Anonymous said...

ဒီကောင်တွေမောင်းနေတုန်းဂွတွေနဲ.၀ိုင်းပစ်ကွာ.အ၇ှိန်လျှော.တုံးတွေချ။လူတွေကားပေါ်ကဆင်းလာ၇င်ဂျင်ဂလိနဲ.ပစ်.ဘူဒိုဇာနဲ.တက်နင်းကားမောင်းနေတုန်းအုတ်ခဲကျိုးနဲ.၀ဲကွာ.. ၇ထားတောင်ခဲနဲ.ပစ်သေးတာပဲ။

Anonymous said...

အစိုး၇ဆိုတာ.ကြမ်းသင်.၇င်ကြမ်း၇တယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ