Jan 22, 2013

KIA အကြမ်း ဖက်သောင်းကျန်း သူများက ရတနာစံ ဘုန်းတော်ကြီးကျောင်း ဆရာတော် အား ဖမ်းဆီး

ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁) ၊တပ်ရင်း(၃) ကဗိုလ်ကြီး အဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော်အား မြန်မာ့မျိုးချစ် တပ်မတော် သတင်းပေး ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာ သက ပြောသည်။

 ဦးဇင်းက "ဦးဇင်းတို့ ကဆွမ်းစားပြီးလို့ ကျိန်းမလို့ ရှိတုန်း အော်သံကြားလို့ ထွက်ကြည့် တာလေ. .ကျောင်းထဲ ကိုသူတို့  အုပ်စုလိုက် ပြေးဝင်လာပြီး ကျောင်းပေါ်မှာ ကျိန်းနေတဲ့ ဆရာတော်ကြီးကို သူပုန် ၃ယောက်ကဒရွတ်တိုက်ဆွဲခေါ်သွားတာ...ဦးဇင်းတို့ က ဒကာကြီးတို့ မှားလိမ့် မယ်....မလုပ် ပါနဲ့  လို့ တောင်း ပန်တာကို သူတို့ က သေချင်လို့  လားဆိုပြီး ပြောပြောဆိုဆို သေနတ်နဲ့  ဦးဇင်းတို့ ကို သူပုန် တစ်ယောက် က ချိန်ထားတာ...ဒါနဲ့ ဦးဇင်း လည်းဘာမှမပြောတော့ ဘူး..ဆရာတော်ကြီး ကို ဦးဇင်း တို့  ကျောင်း က ကိုရင်တွေနဲ့ ဦးဇင်းတို့ ကန်တော့ လိုက်သေးတယ်...သူပုန်တွေက မြန်မာ့မျိုးချစ် တပ် မတော် ကို သူတို့ သတင်းတွေ ပေးတယ်ဆိုပြီး လာဖမ်းတာ"ဟုပြောသည်။

 ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီး အပါအဝင် ဦးဇင်း ၃ပါး၊ကိုရင် ၇ပါးရှိပြီး ဆိုင်းဂျာ ဘွမ်ကျေး ရွာနှင့်အနီးတဝိုက်ရှိ ကျေးရွာများ အဓိကကိုးကွယ်ကာ ရက်ကြီးခါကြီးနေ့ များတွင် ၄င်းကျောင်း တွင်ဥပုပ်သီလ စောင့်ကြသည်။
 From:[ စင်္ကာပူဖီး ]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဘုန်းကြီးကိုပြန်လွှတ်မပေးရင်မင်းတို့မကြာခင်ကျဆုံးတော့မယ်

Anonymous said...

ခွေးမသားတွေတော်တော်မိုက်ရိုင်းတယ်ကွာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ