Jan 20, 2013

ဒေါက်တာဆိတ်ဖွါး(သို့မဟုတ်) မြန်မာပြည်ရဲ့ ရှရီဒါန် များလား

ကိုဆိတ်ဖွါးတို့များ ပညာတတ်လို့ မပြောရဘူး ။ တောင်းပန်တာတောင် သာသာလေးနဲ့နှပ်သွားသေးတယ် ။
ဘာတဲ့..  ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း ။တဲ့..။ စိတ်ဆိုးရခက် .ရယ်ရခက် ။ကျုပ်ကတော့ ကိုဆိတ်ဖွါးကို ဒုတိယ ရှယ်ရီဒန်လို့ နာမည်ပေးလိုက်ချင်ရဲ့ ။ ရှယ်ရီဒန်ဆိုတာကတော့ (၁၇၅၁-၁၈၁၆ ) က ထင်ရှားတဲ့ အင်္ဂလိပ်လူမျိုး ပြဇာတ်ရေးဆရာ ။ တစ်ခါတော့ သူ့ပြဇာတ်မှာ အင်္ဂလိပ်ပါလီမန်ကို စော်ကားတဲ့ဆိုတဲ့ အပြောလေးတွေပါ
သွားလို့ ပါလီမန်ကို လာရောက်တောင်းပန်စေရမည်ဆိုပြီး ဖမ်းဝရမ်းထုတ်ပါလေရောဗျ ။ပါလီမန်ရောက်တော့ ဥပဒေအတိုင်း အင်္ဂလိပ်ပါလီမန်လူကြီးများကို ဒူးထောက်တောင်းပန်ရရောပေါ့ဗျာ။
အဲ.ဒူးထောက်တောင်းပန်ပြီးရော..ရှရီဒန် က ဘောင်းဘီမှာပေနေတဲ့ ဖုန်တွေကို လက်ကိုင်ပဝါနဲ့ ခါထုတ်ပြီး
ပြောလိုက်လေရဲ့...(ဟင်.ဒို့ပါလီမန်ကြီးကလည်း ညစ်ပတ်လှချည်လား) ...တဲ့ ။
အဲဒါကြောင့်ပြောတာ ကိုဆိတ်ဖွါးဟာ ဒုတိယ ရှရီဒန်လို့ ။

သူ့တောင်းပန်စာလေး ဖတ်ကြည့်ရအောင်လား
___________________________________
ဒေါက်တာ ဆိတ်ဖွား မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားတောင်းပန်လိုက်ပြီ
 *********************************************************
ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။
ကျွန်ုပ်အား ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းအရေးယူပေးပါရန် အရေးကြီးအဆိုတင်သွင်းနေသော ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင်
( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် )



ဒေါက်တာဆိတ်ဖွား
From:[_ http://doctorsatephwar.blogspot.com/2013/01/blog-post_20.html?spref=fb_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Shancherry said...

မှန်လိုက်တာဗျာ. အဂတိတရားကင်းကင်း နဲ့လုပ်ဆောင်နေတဲ့ ဖွတ်ကျားလွှတ်တော်အမတ်တွေ

Anonymous said...

သူတို့ကိုယ်ကို ပြည်သူ့ထောက်ခံမှုအပြည့် ရထားတဲ့ သူတွေများ ထင်နေကြသလားမသိ။
သတ္တိရှိရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြန်ဝင်ကြည့်လိုက်စမ်းပါ။

. . .

Anonymous said...

အထက်မှာနေချင်ရင်အဝေဖန်ခံနိုင်ရမယ် ဆိတ်ဖွားကတော့နောက်တာနေမှာပါ
ခင်ဗျားတို့ကိုအဖြစ်သည်းလွန်းတယ်

nnn said...

ကြက်ခေါင်းဆိတ်မခံ ဆတ်ဆတ်ထိမခံဆိုတဲ့စိတ်မျိုး

အများအကျိုးဆောင်ချင်တယ်ဆိုသူတွေ မမွေးအပ်ဘူး ။

အမတ် မင်း အမတ်မင်း နဲ့မြှောက်ပေးတာမျိုးကြတော့

ကြိုက်ကြထင်ပါ့ဗျား ။ ခြောက်တိုင်းလည်းမကြောက်နဲ့

မြှောက်တိုင်းလည်းမမြောက်နဲ့တဲ့ ။ လိုက်နာကျင့်သုံးနိုင်

ကြပါစေ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ