Jul 8, 2012

အမေစု (ခေါ်) အဘွားစု (ခေါ်) Burma စု ၏ အရေးပေါ်သတင်းစာရှင်းလင်းပွဲ

ခေတ္တလင်ယောင်္ကျားနယ်မြေမှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိမြန်မာနိုင်ငံမှ ၎င်းအပေါ် အဆိုးမြင်ထုတ်လွှင့်မှုများ များပြားလာ၍ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ပြီး ၎င်းအခမ်းအနားသို့ ဒီမိုကရေစီရရှိရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်လျက် ရှိသည့် ဧရာဝတီ၊ BBC ၊ VOA၊ DVB အစရှိသော စတုတ္ထမဏ္ဏိုင်အင်အားစုများ တက်ရောက်ခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ယခင်ဗမာနိုင်ငံသားများမှ ၎င်းအား အားကိုး ယုံကြည်၍ အမေစုဟု ခေါ်ဝေါ်ခဲ့ပါကြောင်း၊ ယခုအခါ ဗမာနိုင်ငံသားများသာမက ကမ္ဘာကပါ ၎င်းကို အားကိုး ယုံကြည်လာကြ၍ မိမိအနေဖြင့် ယနေ့မှစ၍ ငြိမ်းချမ်းစွာဖြင့် အမည်အသွင်ကူးပြောင်းရေးအား လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ အားကိုးယုံကြည်မှုများရရှိနေခြင်း၊ ဆုများပြားစွာရရှိခဲ့ခြင်းတို့ကြောင့် ယနေ့မှစ၍ အဘွားစု ဟုခေါ်ရမည်ဖြစ်ကြောင်း၊
 အစကနဦးတွင် မိမိဗမာနိုင်ငံဟု သုံးနှုန်းခဲ့ကြောင်း၊ ဤအခေါ်အဝေါ် ကိစ္စအား ယခင်အကြိမ်ကြိမ်အခါခါ ရှင်းထား၍ ထပ်မံမပြောလိုကြောင်း၊ ဗမာနိုင်ငံဟုခေါ်ရန်လည်း မိမိ၏သားသမီးများဖြစ်သည့် ပြည်သူများအား မကြာခဏပြောကြားခဲ့၊ ဆုံးမခဲ့သော်လည်း သားဆိုး၊ သမီးဆိုး များကြောင့် မအောင်မြင်သေးကြောင်း၊ အနီးကပ်ဆုံး ဗမာပြည်တွင် ပြုလုပ်နေသည့် ဘောလုံးပွဲတွင် မြန်မာ၊ မြန်မာဟု ခေါ်ဝေါ်အားပေးနေကြကြောင်း၊ ဘားမား ဟုသာ အော်၍ အားပေးသင့်ကြောင်း၊ ဤသို့ဆို၍ မိမိအား အခြေခံဥပဒေကို မလိုက်နာဟု ယူဆနိုင်ကြောင်း၊ ဤသည်မှာ မှားယွင်းပြီး မိမိအနေဖြင့် ကျမ်းကျိန်စဉ်က ပါးစပ်လှုပ်ရုံသာဆိုခဲ့ပြီး ရင်ထဲမှ မပါ၍ ကာယကံ၊ ၀စီကံ အရသာအကျုံးဝင်သဖြင့် ကံ(၃)ပါးနှင့်မညီကြောင်း၊ သို့ဖြစ်၍ လိုက်နာရန်မလိုကြောင်း၊ မိမိကို မိုက်မဲအပြစ်မြင်မည်စိုး၍ အရှည်မပြောတော့ကြောင်း၊ မေးမြန်းလိုသည်များ မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 ထို့နောက် ဧရာဝတီသတင်းစားမှ နိုဘယ်လ်ဆုနှင့်ပတ်သက်၍ ရင်တွင်းခံစားချက်အား သိရှိလို ကြောင်း မေးမြန်းခဲ့ပါသည်။ အဘွားစုမှ ၎င်းအနေဖြင့် ဗမာနိုင်ငံသားအဖြစ်နှင့် ဤဆုရခဲ့၍ ၀မ်းသာပါကြောင်း၊ သခင် ကိုယ်တော်မှိုင်းအား ငြိမ်းချမ်းရေးဆုကမ်းလှမ်းစဉ် ငြင်းပယ်ခဲ့သည်ကို ကြားဘူးပါကြောင်း၊ သခင်ကိုယ်တော်မှိုင်းမှာ ၎င်း၏ကြိုးပမ်းမှုအားနည်း၍ ငြင်းပယ်ခြင်းဖြစ်ကြောင်း၊ ဆုနှင့် မထိုက်တန်သေးဟု သူကိုယ်တိုင်သိ၍ ငြင်းရခြင်းဖြစ်ကြောင်း၊ မိမိမှာ ဤဆုရရန် အင်မတန်ထိုက်တန်ကြောင်း၊ နှစ်ခါပြန်ပင် ရရန် အလားအလာရှိပါကြောင်း၊ မိမိ၏ မြင့်မြတ်သောစိတ်ထားအတွက် ရရှိခြင်းဖြစ်၍ ရရှိသောဆုငွေ ကိုလည်း အကျိုးရှိရှိသုံးနိုင်ရန် မိမိ၏ ခင်ပွန်းအား လွှဲအပ်ခဲ့ကြောင်း၊ ဗမာပြည်အတွက် မိမိခင်ပွန်းမှသာလျှင် ပိုမိုသိနိုင်ကြောင်း၊ ထိုစဉ်က ဗမာစစ်ဗိုလ်များအနေဖြင့် မြို့၊ ရွာများကိုသာ ပတ်ကြည့်နေပြီး ဗမာနိုင်ငံ အနှံ့မရောက်ကြောင်း၊ မိမိခင်ပွန်းမှာ အင်တာနက်မှတစ်ဆင့် ဗမာနိုင်ငံအနှံ့သာသိရှိနေကြောင်း၊ သို့ရာတွင် စိတ်မကောင်းစရာဖြစ်သွားသည်မှာ ခင်ပွန်းသေဆုံးသွားခဲ့ကြောင်း၊ ဤနေရာတွင် မိမိအနေဖြင့် မိမိကဲ့သို့ မောင်နှမခြင်း အမွေလုရမည်ကို မလိုလား၍ ကျန်ရှိငွေအား သားများအား အမွေပေးခဲ့ကြောင်း၊ မိမိ၏ မိဘမေတ္တာကို နှိုင်းဆကြည့်စေလိုကြောင်း၊ ယခုဆုငွေအား ဗမာပြည်သားများအတွက် မပေးအပ်နိုင် သော်လည်း နောက်ထပ်ဆုရပါက မိမိ၏ ပါတီဝင်များမှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားသွား ပါသည်။

 ဆက်လက်၍ DVB မှ ရခိုင်ပြည်နယ်သားများမှ အဘွားစုအား စာတစ်ရွက်မျှပင် တန်ဘိုးမထား၊ မစောင့်ရှောက်စသည်ဖြင့် ပြောဆိုနေမှုအပေါ် မေးမြန်းခဲ့ရာ အဘွားစုမှ ရခိုင်သားများ နားလည်မှုလွဲခြင်း ဖြစ်ကြောင်း၊

၎င်းတို့အား မိမိရှိနေပါက မိမိငြိမ်းချမ်းရေးသမားအဖြစ် သိရှိထား၍ မိမိ၏ မူအရငြိမ်းချမ်းစွာ ဖြေရှင်းနေရမည်ဖြစ်ကြောင်း၊ မိမိမှာ ပုဂ္ဂိုလ်ရေးအရ ကုလားအား မုန်းတီးကြောင်း၊ အသက်ငယ်ရွယ်စဉ် ဘ၀က ပါကစ္စတန်မှ ကုလားနှင့် ချစ်ခဲ့ဘူးကြောင်း၊ ၎င်းကုလားမှ မိမိအား ပစ်သွား၍ ၎င်းတို့အား ကြည့်မရကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးကို မိမိလိုလားသကဲ့သို့ လုပ်နေပါက မိမိ၏တိတ်တခိုး ရည်ရွယ်ချက်ပျက်သွားနိုင်ကြောင်း၊ ရခိုင်များ မိမိအကြောင်း မသိသေးကြောင်း၊ မိမိအနေဖြင့် အခမ်းအနားတိုင်း ၀ိုင်သောက်ရကြောင်း၊ ၀ိုင်သောက်တိုင်းလဲ ရခိုင်သားများအတွက် ၀စီကံအမှုမပါဝင် နိုင်သော်လည်း မနောကံမှ ဆုတောင်းပေးနေကြောင်း၊ မိမိမွေးနေ့ကိတ်လှီးစဉ်တွင်ပင် ဆုတောင်းပေးခဲ့ ပါကြောင်း၊ မိမိ၏မေတ္တာကြောင့် ငြိမ်းချမ်းမှု မကြာခင်ရမည်ဖြစ်ကြောင်း၊ မိမိပြန်ရောက်လျှင် ငြိမ်းချမ်း နေနိုင်ကြောင်း၊ အိုးအိမ်အသစ်များကိုပါ ရရှိရေးမေတ္တာပို့ထားပါကြောင်း၊ အဆင်ပြေမှုပိုရရှိစေရန် အစားအသောက်၊ အ၀တ်အစားများကိုပင် ရမှာဖြစ်ကြောင်း၊ ထိုင်နေရုံ၊ အိပ်နေရုံဖြင့်ပင်ရအောင် မေတ္တာပို့ ပေးနေကြောင်း ဖြေကြားသွားပါသည်။ ထို့နောက် BBC မှ စီးပွားရေးပိတ်ဆို့မှုအား မေးမြန်းခဲ့ရာ မိမိအနေဖြင့် စီးပွားရေးပိတ်ပို့မှုကို ဗမာနိုင်ငံအား လုပ်ရန်ဟု မည်သူ့ကိုမျှ မပြောခဲ့ကြောင်းကမ္ဘာလှည့်များမလာရန်၊ ရင်းနှီးမြုပ်နှံမှု မလုပ်ရန်၊ ဗမာထုတ်ပစ္စည်းမ၀ယ်ရန်ကိုသာ ပြောကြားခဲ့ပါကြောင်း၊ ဤသည်မှာလည်း မိမိ၏ စေတနာပင်ဖြစ် ပါကြောင်း၊ ဗမာပြည်သူများပင်ပန်းမှုကို မမြင်လို၍ စေတနာထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်အား မေးမြန်းခဲ့ရာ ၎င်းမှ ယခုဆိုလျှင် မိမိတို့ပါတီဝင် အင်အားမှာ အတော်ပင်တောင့်တင်းနေပြီဖြစ်ပါကြောင်း၊ စစ်ဗိုလ်ပြုတ်များ၊ ရှေ့နေပြုတ်များ၊ ဆရာဝန်ပြုတ် များ အစရှိသည်ဖြင့် ဘက်ပေါင်းစုံမှ ပူးပေါင်းလာပြီဖြစ်ပါကြောင်း၊ ကွန်ယက်များလည်း တိုးချဲ့ဖွဲ့စည်းမည် ဖြစ်ပါကြောင်း၊ HIV စောင့်ရှောက်ရေးကွန်ယက်အပြင် အနူစောင့်ရှောက်ရေးကွန်ယက်၊ သူတောင်းစား စောင့်ရှောက်ရေးကွန်ယက် အစရှိသည်တို့ကိုလည်း တိုးချဲ့သွားမည်ဖြစ်ပါကြောင်း၊

ကွန်ယက်များ အတွက် ရန်ပုံငွေကိုလည်း ဇေယျာသော်၏ ဟစ်တော့ရှိုး၊ ဇာဂနာဒ သူတောင်းစားညီလာခံပြဇာတ်၊ မိမိကိုယ်တိုင်၏ တွေ့လျှင်နမ်း၊ ညောင်းအောင်ပြုံး၊ ရအောင်ချိတ်မူများဖြင့် အလှူခံသွားမည်ဖြစ်ကြောင်း၊ လောလောဆယ် မိမိ၏ ခေါင်းမှာ မူးလာ၍ ရပ်နားပါကြောင်း ပြောကြားနိဂုံးချုပ်သွားပါသည်။

(ရောင်နီ- ပေးပို့သည်)
__________________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ