Jul 9, 2012

၈၈ ကျောင်းသားခေါင်းဆောင်များ တာဝန်ယူပေးပါ



_(မောင်ကျောက်ခဲ)_________________________________________________________________________
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဟုတ်တယ်..သူတို့ခေါင်းဆောင် လို့ ပြောရဲရင် ၈၈ ကို သူတို့လုပ်တာလို့
ပြောခဲ့ရင် ၈၈ တုန်းက သတ်ခံရတဲ့သူတွေနဲ့ ဖျက်ဆီးခံခဲ့၇တာတွေကို
၈၈ ကျောင်းသားများ တာဝန်ခံပေးပါ

Anonymous said...

ကိုယ်တွေ့အဖြစ်တခုတင်ပြချင်ပါတယ်-
အဲဒီတုံးက ဒီမိုကရေစီ သပိတ်စခန်းတခုမှာ-
ဦးနုက သူသာလျှင် နိုင်ငံတော် ၀န်ကြီးချုပ် ဖြစ်သည်လို့ BBC မှာ အော်သည့် ညက ဘေးနားမှာ ရေဒီယိုနားထောင်နေတဲ့ ဘုန်းကြီးတပါးက ..“ဟာ - ဘာဆိုင်လို့လည်း”လို့ပဲ ပြောယုံရှိသေးတယ် ၊သူကို “စစ်ထောက်လှမ်းရေးကကွာ” လို့ တစ်ယောက်က စ လိုက်တာ အဲ့ဒီ ဘုန်းကြီးကို ၀ိုင်းသမကြလို့ ခင်မျာ..ထွက်ပြေးရတယ်။ အိမ်တစ်အိမ်ရဲ့ တိုက်ကီထဲ ၀င်ပုန်းမိတော့ လိုက်လာတဲ့ဒီမိုကရေစီသမားတွေက အဖုံးဖွင့်လိုက်ပြီး တစ်ယောက်က ဒါးနဲ့ခုတ်လို့ အဲဒီဘုန်းကြီး ခေါင်းတစ်ဝက်လောက် ဒဏ်ရာရသွားတယ်။ တစ်ယောက်က ဂျင်ကလိနဲ့ ပစ်လိုက်လို့ အဲဒီ ဘုန်းကြီး လည်ပင်းထဲ ဂျင်ကလိဝင်သွားရော ၊ ဘုန်းကြီးခင်မျာ ဘာမှန်းမသိပဲ “စစ်ထောက်လှမ်းရေးကကွာ”လို့ဘယ်သူပြောမှန်းမသိတဲ့စကားနဲ့ ဒဏ်ရာရ သိမ်ဇရပ် သပိတ်စခန်း အပို့ခံလိုက်ရပြီး ဘာဆက်ဖြစ်သွားမှန်းမသိတော့ဘူး။ အဲဒါ ဒီမိုကရေစီလား။ဒါကြောင့် ဒီလိုကိစမျိုးတွေကို (၈၈)ဦးဆောင်သူတွေ ဘယ်လိုတာဝန်ယူမှာလဲ ၊ ဒီလိုဖြစ်အောင် စ ခဲ့တာမို့တာဝန်ရှိတယ်လို့ပြောချင်ပါတယ်။
ခေါင်းဆောင်ဆိုတဲ့သူတွေ တာဝန်ယူပါ။ လျှော်ကြေးပေးဆပ်ပါ။ ဘယ်လိုပေးဆပ်မှာလဲ။ သိချင်ပါတယ်။

Anonymous said...

ကျနော်တို့ရပ်ကွက်ထဲက အဒေါ်တစ်ယောက်ဟာ သူနာပြုနစ်ပ် တစ်ယောက်ပါ ၈၈ လူသတ်ပွဲကြီးမှာ အိမ်ကတားရဲ့သားနဲ့ ဆေးရုံကိုသွားပါတယ်
အဲဒါကို ၈၈ က ဆူပူသူတွေက အတင်းလိုက်ဖမ်းပြီး လူလယ်ခေါင်မှာ ဗလက္ကာရပြုလုပ်ပြီး ခေါင်းဖြတ်သတ်ပါတယ်
ကျန်ရှိတဲ့ အဝတ်မဲ့ကိုယ်ကို ကားစင်တင်ပြီး ရန်ကုန်မြို့ရဲ့ လမ်းမှာ ဒီအတိုင်းကားစင်တင်ထားပါတယ်...
သူ့အမေ(တရပ်ကွက်လုံးက အဘွားမြိုင်လို့ခေါ်တယ်)က သတင်းကြားလို့ လိုက်ကြည့်ပြီး ငိုရင်းနဲ့ မနှစ်က ဆုံးသွားတဲ့ အထိ ရူးသွားပါတယ် ..။ဒါတွေဟာ ၈၈ ခေါင်းဆောင်တွေ တာဝန်ယူပေးပါ..အဲင်္ဒအဒေါ် ထွက်ပြေးလို့ နောက်ကလိုက်ဖမ်းတဲ့လူတွေဟာ ကျောင်းစိမ်းဝတ်စုံတွေ လက်ပတ်အနီတွေတောင်ပါပါတယ်..အဲဒီကိစ္စတွေကို အခု ၈၈ မျိုးဆက်ကျောင်းသားတွေ ခေါင်းဆောင်ဆိုတဲ့လူတွေ ပြန်လည်ဖော်ထုတ်ပေးပါ..တာဝန်ခံပေးပါ..

Anonymous said...

(၈၈)တုန်းက အသတ်ခံခဲ့ရတဲ့ ဘာမှမဆိုင်တဲ့ ပြည်သူတွေကိုယ်စား ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ဘယ်(၈၈)ခေါင်းဆောင်တာဝန်ယူမှာလဲ။ မင်းကိုနိုင်လား ၊ ကိုကိုကြီးလား၊ ကုလားမြအေးလား ၊ အဲဒီလို တာဝန်ရှိတယ်ဆိုရင် သူတို့အတွက် အသေစား ပြန် သေပေးရဲလား ။
အခုလိုတွေ ကြားသိရတော့ (၈၈)မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ဆိုတာတွေဟာ တကယ်တော့ ဒီမိုကရေစီ ဆိုတဲ့လေသံပစ်ပြီး ဖြုတ်ထုတ်သတ် ဗကပ အမူအကျင့်ကို လိုက်လုပ်နေတဲ့ ဗကပ မျိုးဆက်သစ် တွေပဲလို့မြင်မိတယ်။ ငြင်းမရတဲ့ လက်တွေ့ လုပ်ဆောင်ခဲ့မှု့တွေမို့ ကျနော်တို့ဟာ ဗကပတွေနောက်လိုက်တွေ ပါလို့ ၀န်ခံပါ။ တာဝန်ယူဖြေရှင်းပါ။ ဘယ်သူ့တာဝန်လည်း ဖော်ထုတ်ပေးပါ ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ