Jul 12, 2012

တော်လှန်ရေးနှင့် အချောင်သမား …


 ဖက်ဆစ်တော်လှန်ရေးကာလက မော်လမြိုင်တွင် ခရိုင်တော်လှန်ရေး ခေါင်းဆောင်ပေါင်း ၂၇ ဦးတို့ ဖက်ဆစ်ဂျပန်တို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံ ခဲရကြောင်း တော်လှန်ရေးရာဇဝင်မှတ်တမ်းများ၌ အထင်အရှားပါရှိနေခဲ့သည်။ သို့သော် အသတ်အဖြတ် ခံလိုက်ရသောမော်လမြိုင်ခရိုင် အာဇာနည် ကျောက်တိုင်၌ မှတ်တမ်းတင်ရာတွင်မူ ၂၇ ဦးမဟုတ်ဘဲ ၂၆ သာဖေါ်ပြ မှတ်တမ်းတင်ခြင်းကို တွေ့ကြရသည်။
၂၇ ဦးအသတ်ခံရပြီး ၂၆ ဦးသာအာဇာနည် ကျောက်တိုင်၌ ကဗ္ဗည်းထိုးခြင်း ခံရသည်မှာ အကြောင်းရှိ၍ ဖြစ်ပါသည်။ ယနေ့ မော်လမြိုင့်မိုင်ဒါကွင်းရှိ အာဇာနည် ကျောက်တိုင်နှင့် မုဒုံ ကန်းကြီးအနီးရှိ အာဇာနည် ကျောက်တိုင်တို့တွင် ကဗ္ဗည်းထိုးထားခြင်း ခံရသူတို့မှာအောက်ပါအတိုင်းအထင်အရှားတွေ့ကြရသည်။
၎င်းတို့မှာ
 ၁။ ဦးမြ ( ယစ်မျိုးဝန်ရခိုင်အမျိုးသား ) ၂။ ဦးဥာဏ်ထွန်း               ၃။ ဦးခင်မောင်ကြီး                      
 ၄။ ဦးထင်ပေါ်                  ၅။ ဦးဖေဆိုင်                                ၆။ ဦးတင်ဦး
၇။ ဦးကွမ်သောင်း              ၈။ ဦးအောင်သောင်း                       ၉။ ဦးစံတင်
၁၀။ ရဲဘောငြိမ်းမောင်         ၁၁။ ဦးဝင်းသိန်း ( မြို့အုပ်မုဒုံ )        ၁၂။ ဦးချစ်သွင်
၁၃။ ဦးစိန်ဖေ                  ၁၄။ ဦးထွန်းကြိုင်                            ၁၅။ ဦးစောလွင်
 ၁၆။ ဦးနန္ဒသာရ               ၁၇။ ဦးဂန္ဒာန                                ၁၈။ ဦးထွန်းငွေ
၁၉။ ဦးပါငယ်                   ၂၀။ ဦးကြူးဖေ                               ၂၁။ သခင်ဘိုးမှဲ့
၂၂။ သခင်ကျော်ဇ               ၂၃။ ဦးသာဦး                           ၂၄။ သခင်စံခင်( ခရိုင်ရဲဝန် ထားဝယ် )
၂၅။ သခင်သာဟန်               ၂၆။ ဦးစံမင်း    
               တို့ ဖြစ်ကြသည်။

မော်လမြိုင်ခရိုင်တော်လှန်ရေးနှင့် ပတ်သတ်၍ အမှန်စစ်စစ်အသတ်ခံရသူတို့မှာ ၂၇ ဦး အမှန်ဖြစ်ပါသည်။ သို့သော် အသတ်ခံရသူတို့အနက် ကျန်တဦးဖြစ်သော ဦးဘသောင်းမှာမူ ကဗ္ဗည်းထိုးရာ၌ ထည့်သွင်းခြင်းမှ ချန်လှပ်ထားခြင်းခံခဲ့ရသည်။
အကြောင်းမှာ မော်လမြိုင့် ခရိုင်တော်လှန်ရေးခေါင်းဆောင် ၂၇ ဦးတို့အား ဖက်ဆစ် ဂျပန်တို့ ဖမ်းဆီး၍ မော်လမြိုင့် အကျဉ်းထောင်ကြီး၌ ထားရှိရာတွင် ထို ၂၇ ဦးအနက် သခင်ဘသောင်း( မုဒုံ ) အနီးပါဝင်ခဲ့သည်။ သခင်ဗသောင်း မုဒုံအား ထောင်ကြီးထဲ၌ ထားရှိစဉ်ကာလက ၄င်း၏နေအိမ်မှ စားဘွယ်သောက်ဘွယ်များ ထောင်ဘူးဝမှ လာရောက်၍ ထောက်အာဏာပိုင်တို့မှတဆင့်ပေးကမ်းလေ့ရှိခဲ့သည်။ ထိုသို့ စားဘွယ် သောက်ဘွယ်များကို သခင်ဗသောင်းမှာတကယ် စားသုံးခွင့်မရဘဲ အခွင့်အရေးတရပ်ဆုံးရှုံးနေခဲ့သည်။ သခင်ဘသောင်း၏ စားသောက်ဘွယ်ရာများအား ထောင်အာဏာပိုင်တို့ကပေးကမ်းရာချိုးနှိမ်သော သဘောဖြင့် သခင်ဘသောင်းဟု ခေါ်ခြင်းမပြုဘဲ ဘသောင်းဟူ၍ သာခေါ်ဆို ပေးကမ်းလေ့ရှိခဲ့ရာ ဘသောင်းဟု ခေါ်လိုက်လေတိုင်း အမည်တူခိုးမှုနှင့် ထောင်ထဲရောက်နေသူ ဘသောင်းတိုသူက ကြားဖြတ်၍ ရယူနေလေ့ ရှိနေခဲ့သည်။ ထို့ကြောင့် ဘသောင်းဟုခေါ်လိုက်လေတိုင်း သခင်ဘသောင်းအစား ဘသောင်းသာထွက်၍ လာကာ သခင်ဘသောင်း၏ အခွင့်အရေးများကို ကြားဖြတ်ရယူခံစားလာခဲ့လေသည်။
ထိုသို့ဖြစ်နေသည်ကို အစစ်အမှန်သခင်ဘသောင်းကသိလည်း မသိခဲ့ဘဲ ရှိလာခဲ့သည်။ တညသော ဝါဆိုလ၏ မိုးပြိုင်ပြိုင်ရွာနေသည့် ညသန်းခေါင်းယံတွင် ထိုတော်လှန်ရေးခေါင်းဆောင် ၂၇ ဦးတို့အား ထောင်အာဏာပိုင် တို့က တဦးခြင်း အမည်ခေါ်ကာထောင်ဘူးဝမှ ထုတ်ယူကြသည်။ ဘသောင်း၏ အမည်တူခေါ်လိုက်ရာတွင် အခွင့်အရေးယူနေကျဖြစ်သော အမည်တူ ဘသောင်းသည် ထွက်၍လာသည်။
ထောင်အာဏာပိုင် တို့သည် အမည်နာမ များကိုထပ်၍ စစ်ဆေးကာ ၂၇ ဦးပြည့်သည်နှင့် ထောင်ဘူးဝမှ ထုပ်ယူပြီး စစ်ကားပေါ်သို့ တင်လိုက်ကြသည်။ ၄င်းနောက် ငန်းတေးကျေးရွာ တောင်ပိုင်း တောင်ခြေဘက် သို့ယူဆောင်ခဲ့ကြပြီး နောက်လက်ပြန် ကြိုးချီကာ ၂၇ ဦး စလုံးကိုဓါးဖြင့် ပိုင်း၍သတ်ဖြတ်ကြပြီးတတွင်းထဲ၌ မြုဒ်နှံလိုက်ခဲ့ကြသည်။
မော်လမြိုင့် ခရိုင်၏ အာဇာနည်တော်လှန်ရေးခေါင်းဆောင် ၂၇ ဦးတို့အားဖက်ဆစ်ဂျပန်တို့က သတ်ဖြတ်၍ အောင်သေအောင်သားစားခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် တကယ်အသတ်ခံရသော တော်လှန်ရေး ခေါင်းဆောင်တို့မှာ ၂၇ ဦးမဟုတ်ဘဲ ၂၆ ဦးသာဖြစ်နေခဲ့ပြီး တော်လှန်ရေးခေါင်းဆောင်သခင်ဘသောင်း မုဒုံအစားအမည်တူ ဘသောင်းကို ၄င်းတို့မှားယွင်းသတ်ဖြတ်မိခဲ့ခြင်းကိုမူ ဖက်ဆစ်ဂျပန်တို့သိခွင့်မရမှိမှာပင် တော်လှန်ရေး၏ အောင်ပွဲကြောင့် ဖက်ဆစ်ဂျပန်လက်နက်ချခဲ့ရလေသည်။ ထိုသည်၏ နောက်တွင်မှ သခင် ဘသောင်းတယောက်မှာ တော်လှန်ရေးအချောင်းသမား တဦး၏တန်ဆာခံပေးမှုကြောင့် အသက်ချမ်းသား စွာဖြင့် မော်လမြိုင့်ထောင်ဘူးဝမှ ထွက်လာခဲ့ရလေသည်။
ထိုကြောင့်လည်းမော်လမြိုင့်ခရိုင်တွင် ဖက်ဆစ်ဂျပန်တို့က တော်လှန်ရေးခေါင်းဆောင် ၂၇ ဦးတို့အား လည်ဖြတ်၍ သတ်ဖြတ်ခဲ့ကြဟု မှတ်တမ်းတင်ခဲ့ကြသော်လည်း အာဇာနည်ကျောက်တိုင်၏ ကဗ္ဗည်းတွင်မူ အတုအယောင် အချောင်းသမားဘသောင်း၏ အမည်ကိုချန်လှပ်၍ ၂၆ ဦးသော အာဇာနည်တို့၏ အမည်ကိုသာ ကဗ္ဗည်းထိုး မှတ်တမ်းတင်ထားကြလေခြင်းဖြစ်ပါတသည်း..။ 
( မောင်မောင်ကြည် )
(haythimoe) ပြန်လည် စာစီဖော်ပြသည်
______________________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ