Jul 9, 2012

အရက်မူးနေသည့် ယာဉ်မောင်းက အမျိုးသမီး၏ မျက်နှာကို တိုက်ခိုက်

မေလ အတွင်းက အမေရိကန်ပြည်ထောင်စု မီယာမီတွင် ရူဒီယူဂျင်း ဆိုသူက အိမ်ခြေ ရာခြေမဲ့ လူတစ်ဦးကို တိုက်ခိုက်ကာ မျက်နှာအား ကိုက်ဖြတ် စားသောက် ခဲ့မှုသည် တရုတ်နိုင်ငံသို့တိုင် ပျံ့နှံ့လာခဲ့ကြောင်း DM သတင်းဌာနက ဇူလိုင်လ ၂ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံတွင် အရက်မူးနေသော ဘတ်စ်ကား ဒရိုင်ဘာ တစ်ဦးသည် အမျိုးသမီးတစ်ဦးကို ရုတ်တရက် တိုက်ခိုက်ကာ မျက်နှာအား ကုတ်ဖဲ့စားသောက်ခဲ့မှုအား ကင်မရာမှ ရိုက်ကူးရရှိခဲ့သည်။


ဒေါင်ဟု အမည်ဖော်ပြသော ဒရိုင်ဘာသည် နေ့လည်စာ စားချိန်အတွင်း အရက်အလွန်အကျွံ သောက်ကာ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဝမ်ကျို့မြို့တွင် သူသည် လမ်းပေါ်သို့ ပြေးထွက်လာကာ ဒူအမည်ရှိ အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ကားရှေ့၌ ပိတ်ရပ်ခဲ့သည်။ သူသည် ကားစက်ဖုံးပေါ်သို့ ခုန်တက်ကာ မော်တော်ကားအား ရိုက်ခွဲခဲ့ပြီး အမျိုးသမီးက ငယ်သံပါအောင် အော်ဟစ်ကာ အကူအညီ တောင်းခံခဲ့သည်။ ဒူသည် ကားကို စွန့်ခွာထွက်ပြေးရာ ဒေါင်က အမျိုးသမီးအား ခုန်အုပ်လျက် မြေပေါ်သို့ ဆွဲလှဲကာ မျက်နှာကို ကုတ်ဖဲ့လျက် ကိုက်ဖြတ်စားသောက်ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့များ ရောက်လာပြီး ဒေါင်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီးသည် နှာခေါင်းနှင့် နှုတ်ခမ်းများ ပျက်စီးသွားသောကြောင်း ပလတ်စတစ်ဆာဂျရီ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း သူ့အားတင်ပို့ခဲ့သည့် ဆေးရုံမှ ဆရာဝန်များက ပြောကြားခဲ့သည်။
_________________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ