Jul 9, 2012

စင်ကာပူဒေါ်လာ ၈ဒဿမ၆သန်းဖြင့် ရောင်းမည့် လူလုပ်ကျွန်း

ပုဂ္ဂလိက ကုမ္ဂဏီတစ်ခုက ရေပေါ်မှာ အလွယ်တကူလှုပ်ရှားသွား လာနိုင်အောင် ဖန်တီးထားသည့် Orsos ကျွန်းကို စင်ကာပူဒေါ်လာ ၈ဒဿမ၆သန်းဖြင့် ရောင်းချမည်ဟုဆိုသည်။ ၃၇မီတာ(ပေ၁ဝဝကျော်) ရှည်လျားသည့် အဆိုပါကျွန်းမှာ စက်ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိဘဲ ရေပေါ်မှာ ပေါလောမျောပါ နေနိုင်သည်ဟု ယင်းကျွန်းကိုတည်ထောင်သူ Gabor Orsosက ပြောကြားသည်။
 " ဒီကျွန်းကို ဝယ်ဖို့အတွက် ကမ္ဘာတစ်လွှားက လူအများကြီးက စိတ်ဝင်စားကြတယ်ဗျ။ ဝယ်ချင်တဲ့သူတွေက ကျုပ်ကိုစရံငွေတောင် ကြိုပေးထားကြတယ်ဗျ" ဟုဟန်ဂေရီနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးကဆိုသည်။ အဆိုပါကျွန်းမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှတမှုရှိပြီး ယင်းကျွန်းတွင်သုံးသောစွမ်းအင်များအတွက် နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စွမ်းအင်တို့ကိုသာ မှီခိုထားသောကြောင့် စွမ်းအင်ဖူလုံသည်ဟုလည်း သိရသည်။ အဆိုပါကျွန်းမှာ လူ၁၂ယောက်စာနေနိုင်သော ၁ဝဝဝစတုရန်းမီတာ ကျယ်ဝန်းသည့် လူနေအဆောက်အဦးများလည်း ရှိသည်။
____________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ