Jul 14, 2012

လယ်စိုက်ချင်တယ်ဆိုတဲ့ သမ္မတကြီး

ဗိုလ်ချုပ်အောင်ဆန်း က လည်း စာရေးဆရာ လုပ်ချင်တယ်တဲ့
ကျွန်တော်တို့ရဲ့ ရိုးဂုဏ်အပြည့်နဲ့ သမ္မတကြီးကတော့ လယ်စိုက်ချင်တယ်တဲ့..
အဲ..အဲ..ဟို အမယ်အိုကတော့ တိုင်းပြည်ကို အုပ်စိုးချင်သတဲ့....ဟိုက်...။


စိုက်ပျိုးရေးသုတေသနခြံမှာပေါ့..။သမ္မတကြီး ဦးသိန်စိန်က လယ်သမားတောင်သူတွေကို ဒီလိုပြောပါတယ်။
  " ဟိုတုန်းကလို ဘာစိုက်ရမယ် ညာစိုက်ရမယ် လို့ အမိန့်နဲ့ မခိုင်းပါဘူး.. ဒါပေမယ့် ရိက္ခာအတွက် တစ်နှစ်ကို စပါးတစ်သီးတော့ စိုက်ပေးပါ.. ကျန်တာ ခင်ဗျားတို့ ငွေပေါ်မယ့်အရာ ကြိုက်တာစိုက်" လို့ ပြောခဲ့တယ်..။ ဦးကြီးတွေက သိပ်သဘောကျတာ ။
လယ်ထွက်သီးနှံနဲ့ သီးထပ်သီးညှပ်အကြောင်းများ ဈေးတွက်နဲ့ကို တွက်ပြခဲ့တာ.. ။

တွက်တတ်တာပေါ့ ဧက (၂၀) တကယ်ကြီး တစ်နှစ်ပတ်လုံးစိုက်နေတာကိုး.. အလုပ်သမားခ ဘာစရိတ်ညာစရိတ် အကုန်အသေးစိတ်တွက်ပြ တစ်နှစ်ရတဲ့ဝင်ငွေကို ပြောပြ၊ မှတ်မှတ်သားသားစကားက "သမ္မတဘယ်လုပ်မလဲဗျာ..နားအေးပါးအေး လယ်ပဲစိုက်စားမှာပေါ့.." လယ်သမားကြီးများ ဝါးကနဲ သဘောကျစွာ ရယ်ကြ ..ကိုင်း..ဘယ်လောက်တောင် ရိုးဂုဏ်အပြည့်ရှိတဲ့ သမ္မတကြိးလဲ ။

ဒါပေမယ့်တော့ ဗိုလ်ချုပ်သမီး တစ်ဥိးဖြစ်သူ အနောက်နိုင်ငံသား မယား မစ္စ်အဲ၇စ် စုကြည်ကတော့ တိုင်းပြည် အာဏာလေးများ ရခဲ့ရင် လို့ လူသိရှင်ကြား ပြောကြားခဲ့တာကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မည်သူကသာ တိုင်းပြည် အကျိုးကိုလိုလားသည် မည်သူ၏ စိတ်ရင်းက မြင့်မြတ်နေသည် ရိုးသားနေသည် ကို မြန်မာပြည်သူပြည်သားများ ချင့်ချိန်ကြည့်ကြပါကုန် ။ 
___________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ