Jul 9, 2012

Shopping ထွက်တက်တဲ့ မမ များနဲ့  ညီမများ သတိထားရန်

 တာမွေကအစ်ကိုတစ်ယောက်ပို့ ပေးသည်။ ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကို ကျွန်တော့ ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို တဲ့ ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့ မေးတော့ဒီလိုပြောပါတယ်သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမ အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။ အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက် ပြီးတော့ forum တွေမှာတင် ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို တခြားလူတွေပါမျှတတ်တဲ့အကျင့် ဖုန်းထဲမှာပုံတွေထည့် ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး ပုံတွေကို share လုပ်ကြ ပုံတွေကြည့်ပြီး ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ စဉ်းစားကြည့်ဗျာ
အဝတ်လဲခန်းတွင် တပ်ဆင်လေ့ရှိသော စပိုင်ကင်မယာအသေးလေးများ


အခုတစ်ယောက်ကဆေးကျောင်းက ဆရာဝန်ဖြစ်မယ့်သူ အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာ လုပ်စားနေတဲ့ မိန်းကလေး ဈေးခေါ်တာ ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ မြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ ခင်ဗျားတို့ညီမ အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ ခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲ ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော ဘာကြောင့် လူမဆန်တာလဲ ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ် ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး ကျွန်တော် ထပ်ပြောမယ် ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ…?

လွန်စွာ သေးငယ်ပြီး ကွယ်ဝှက်တပ်ဆင်ထားနိုင်သော ငွေကျပ်သုံးသောင်းတန် ကင်မယာအသေးများ

 နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင် သားသမီးတွေ အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။ ကျွန်တော်သိတယ် မပြောချင်ဘူး ပြောလို့လည်းမကောင်းဘူး။ နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။ ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါ အဲလိုပဲ တခြား စကပ်တို့ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့ မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ် အစ်မကမေးတယ် ဘယ်လိုလုပ်သင့်လဲဆိုတော့ ကျွန်တော်က ပြောလိုက်တယ် တရားစွဲပေါ့ တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင် တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ တစ်ရှက်ကနေ နှစ်ရှက်ထက် တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ် အဲလိုပဲ ပြောလိုက်တယ် အစ်မလည်း ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ ဘာလုပ်လို့ ရမှာလဲဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ

 မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေး စေချင်တယ် သူငယ်ချင်းရေ။ ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊ မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကိုအရှက်အကြောက် ကြီးမားတတ်ကြတဲ့ မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့အရှက်နဲ့ သိက္ခာတို့ ကို လူမဆန်စွာ ယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲ မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတိုတတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း ကျွန်တော် ကမိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။ အစ်မတွေ ညီမတွေ အားလုံးကလည်း ကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း ဈေးဝယ်ထွက်ကြပါလို့ ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်
(Forward Mail)
_____________________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

After three hundred years of trading, this remarkable departmental
store offers some of the best products that are quite appealing to the
modern day's shopper. One of the biggest perks to doing your
Christmas shopping early is the sense of relief you will feel after you have bought all the presents for your friends and family members.
A Shopping blog may have this as a computer program, so all you need to do is select the products and the rest is automated.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ