Jan 20, 2013

ကချင်ဒေသ စစ်မျက်နှာမှ ကချင်တိုင်းရင်းသားတို့နှင့် မြန်မာနိုင်ငံတပ်မတော်သားတို့ကြားမှ မျက်ရည်ဝဲ့စေမယ့် သန့်ရှင်းသောမေတ္တာဇာတ်လမ်းလေးတစ်ပုဒ်(ဖြစ်ရပ်မှန်/ဓါတ်ပုံ)

သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ

ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့။ ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။

ခဏနေတော့ လူလေးယောက်လမ်းလျောက်လာနေတာ ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့ ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့တာပါ ဒါနဲ့ ဗိုလ်ကြီးတစ်ယောက်က "လာလာ အန်တီတို့ လာခဲ့ပါ "လို့ လှမ်းခေါ်လိုက်တယ် ရောက်လာတော့ ရေပုံးနှစ်ပုံး အဖွားကတစ်ပုံး အန်တီကတစ်ပုံး ကလေးနှစ်ယောက်ပါလာတယ် ။ ၁၂နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက် ' ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ' ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင် ဆိုပြီး အာသီသ ရှိနေကြတာပါ။ ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲသောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလား တဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ် ။

ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ် သားလေးက ချက်ခြင်း အိမ်ပြန်သွားရော ဒါနဲ့ ကျွန်တော်က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ ထိုင်ရှိခိုးလိုက်တယ် ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြုစရာ ဘာမှမပါဘူး ဒီအတိုင်းထိုင်ရှိခိုးလိုက်တာ လေးစားလွန်းလို့။  

ခဏနေတော့ ရွာဘက်ကနေ သားလေးအပြင် ၁၁ ယောက်လောက် ပါလာတယ် ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရော ထပ်ရောက် လာတယ် ဒီမှာတင်ပဲ ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့ အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီလေ။ ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။ ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေက မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ လို့ဆုတွေပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာ အဖွားမေးခဲ့တဲ့ စကားတခွန်းကို အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။

လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
From:[_Phay Sit Gyi _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

Kia ကမ်း ကုန် အောင် မိုက် မဲ့ပုံပေါ် နေတယ် သူပထွေး ကတွန်းအားပေး နေ တယ် လို့ကြားတယ်နော့်သိပ် မျော့် လင့်မ နေကြပါ နဲ့တိုင်းပြည် န့ာပါတယ်ဗျ။

Aungsitthi said...

အမှန်တကယ်ပင်၇င်ထဲခံစားမိပါသည် ဒေသခံပြည်သူများ လိုလားတောင်းတနေသော ငြိမ်းချမ်းေ၇းအတွက် ကေအိုင်အေဆက်၇ှိမနေသင့်တော့ပါ ကောက်ကျစ်မှုပေါင်းများစွာဖြင့် ပြည်သူကိုဒုက္ခပေးနေဦးမည်ဖြစ်ပါသည် အပြီးတိုင်ချေမှုန်းမှသာကချင်ပြည်နယ်ငြိမ်းချမ်းနိုင်ပါမည်။

Anonymous said...

KIAကမ်းကုန်အောင်မိုက်တော့လဲတပ်မတော်ကကမ်းကုန်အောင်သတ်ပေးမှာပေါ့ဟုတ်ဘူးလား
အားကိုးတော့မမှားစေနဲ့ပေါ့ကွာ အလကားသစ္စာဖောက်လောက်ကောင်တွေအဲဒါကြောင့်ငြိမ်းချမ်း
ရေးမယူချင်တာနေမှာပေါ့ မောင်မောင်ခေါ်တုန်းဗျာထူးထားနော် မအေလိုးခေါ်မှဗျမလုပ်နဲ့
ကြားလား

Margathagyar said...

Peace is the most fragrant flower in the world. Please, start peace talk now!

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ