Nov 2, 2012

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ပြည်တွင်းဖြစ် ကျည်ကာကား(ЗиЛ-4112Р)များကို အသုံးပြု သွားမည်ဟုဆို

From:......မြဝတီ။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ ချိန်မှ စ၍ ရုရှား နိုင်ငံမှ ခေါင်းဆောင်များ စီးနင်းခဲ့သည့် နိုင်ငံခြားဖြစ် ကျည်ကာ ကားများ အစား ပြည်တွင်းဖြစ် ကားများကို အသုံးပြုရန် သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ်ခဲ့သည်။

 သမ္မတ ပူတင် ကိုယ်တိုင် ရုရှား နိုင်ငံလုပ် ကျည်ကာ ကားကို အသုံးပြု သွားမည် ဖြစ်ပြီး ရုရှား နိုင်ငံမှ အရာရှိကြီး များလည်း ပြည်တွင်းဖြစ် ကားကို စီးသင့်သည်ဟု မိမိ ယူဆ ကြောင်းဖြင့် ယခု သီတင်းပတ်တွင် ပြုလုပ်သည့် ရုပ်သံ အစီအစဉ် တစ်ခုတွင် ပြောကြားခဲ့သည်။

 သို့ဖြစ်၍ ရုရှား သမ္မတနှင့် အခြား ရုရှား အဆင့်မြင့် ခေါင်းဆောင် များသည် မကြာမီ Zil ကျည်ကာ ကားသစ်များ စီးနင်း ကြတော့မည် ဖြစ်သည်။ ပြည်တွင်းဖြစ် Zil ကျည်ကာ ကား၏ ရှေ့ပြေး ပုံစံကို ယခင် ဆိုဗီယက် ပေါ်လစ်ဗျူရို အဖွဲ့ ဝင်များ စီးနင်း ခဲ့သည့် ခေတ်ဟောင်း Zil ကားအား အဆင့်မြင့် နည်းပညာ များဖြင့် ခြောက်နှစ် ကြာပြုပြင် တည်ဆောက်၍ ပုံစံ အသစ်ဖြင့် ပြန်လည် ထုတ်လုပ်ခဲ့ပြီး Limo No-1 (Zil-4112P)ဟု အမည် ပေးကာ စမ်းသပ် မောင်းနှင် လျက် ရှိသည်။



 အဆိုပါ ကားတွင် ရုရှားလုပ် ကားအင်ဂျင် တပ်ဆင်ထားပြီး ယခင် Zil ကား၏ အသွင်အပြင် အချို့ ပါရှိသည်။ Zil ကား ပုံစံ သစ်သည် ယခင် Zil ကားနှင့် မတူဘဲ ကာဒီလက် ကားထက် ပိုမို ကြည့်ကောင်း သည်ဟု ဆိုသည်။
ပုံဟောင်းနဲ့ပုံသစ်

ပုံသစ်

တံခါး ခြောက်ပေါက် Zil ကားသစ်မှာ ကျည်ကာ မပါ ၃ ဒသမ ၅ တန် အလေးချိန် ရှိပြီး ၇ ဒသမ ၇ လီတာ အင်ဂျင် တပ်ဆင်ထားသည်။ ဓာတ်ဆီ ၇ ဂါလန်လျှင် မိုင် ၆ဝ ခန့် မောင်းနှင် နိုင်ပြီး အမြင့်ဆုံး တစ်နာရီ ၁၂၅ မိုင်နှုန်း အမြန်ဆုံးမောင်း နှင်နိုင်သည်။


ကားအတွင်း ပိုင်းတွင် သားရေဖုံး ထိုင်ခုံများ၊ ကွန်ပျူတာ တပ်ဆင် ထားသည့် စားပွဲ၊ ကားပြင်ပ ကင်မရာ များနှင့် ဆက်သွယ် ထားသည့် တီဗွီ တစ်လုံးတို့ ပါရှိပြီး မော်တော်ယာဉ် တစ်စီးလုံးကို ရုရှား လျှို့ဝှက် နည်းပညာ များဖြင့် ပြုလုပ်ထားသည့် လုံခြုံရေး ကိရိယာများ တပ်ဆင်ထားပြီး ယာဉ်စီးနင်း သူကို အပြည့်အဝ လုံခြုံ မှု ပေးနိုင်ေ ကြာင်း သိရ သည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Unknown said...

အ မေ စု ကို တစ် စီးလောက် ဝယ် ပေးပါ ပြည် သူ တွေ သတ် မှာ စိုး လို့ 

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ