Nov 1, 2012

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်သော်လည်း စစ်ရေးဆွေးနွေးမှုမအောင်မြင်သေး(ရုပ်/သံ)

From:တရုတ်နိုင်ငံ ရွှေလီမြို့ ကျန်ရှိန်းဟော်တယ်မှာ (၃၀-၁၀-၂၀၁၂) က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့  တွေ့ဆုံခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို အစိုးရဘက်မှ စစ်ရေးဆိုင်ရာများဆွေးနွေးနိုင်ရန်  စစ်ဘက်အကြီးအကဲ တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင် တက်ရောက်ခဲ့ပေမယ့် KIA ဘက်ကတော့ အဆုံးအဖြတ်မပေးနိုင်တဲ့ ဗိုလ်မှူးအဆင့်တွေသာ တက်ရောက်ခဲ့ကြောင်းတွေ့ရပါတယ်။ တွေ့ဆုံပွဲမှာတက်ရောက်ဖို့ စာရင်းပေးထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးဟာ KIA မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မှ ဆွေးနွေးပွဲတက်ရောက်ရန် ပျက်ကွက်ခဲ့သဖြင့် မူဆယ်မြို့ကနေပဲ လှည့်ပြန်သွားခဲ့ပါတယ်။သို့သော် သတင်းများကမူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပျက်ကွက်သဖြင့်  KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပျက်ကွက်သယောင်ယောင်ဖော်ပြပြောဆိုမှူများဖြင့် ဖော်ပြနေကြပါတယ် ။
အမှန်မှာ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မလာရောက်သည့်အတွက် ဆွေးနွေးပွဲတတ်ရောက်ရန်ပြင်ဆင်နေခဲ့သော  ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဟာ ရောက်ရှိနေသော မူစယ်မြို့ကနေ လှည့်ပြန်သွားခဲ့ရတာဖြစ်ပါတယ် ။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး မလာရောက်နိုင်ခဲ့သော်လည်း
အစိုးရဘက်ကတော့ ဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်မှ  တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင် ၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင် ဗိုလ်မှူးကြီး အောင်သူ ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ ဗိုလ်မှူးကြီးကျော်စိုးဝင်း တို့တတ်ရောက်ခဲ့သော်လည်း ကေအိုင်အေမှ ဗိုလ်မှုးအဆင့် အရာရှိများသာ လာရောက်ခဲ့တဲ့အတွက် စစ်ရေးအခြေအနေ ဆွေးနွေးမှုများမလုပ်နိုင်ပဲ နိုင်ငံရေးဆွေးနွေးပွဲဆက်လုပ်ဖို့ကိစ္စကိုသာ အောင်မြင်စွာဆွေးနွေးမှူ ပြီးဆုံးခဲ့ပါတယ် ။လာမည့်တစ်လအတွင်း ဆွေးနွေးပွဲများကို မြန်မာပြည်တွင်းတွင်သာ ဆွေးနွေးတော့မည်ဖြစ်ကြောင်းလည်း သဘောတူညီမှူ ရရှိခဲ့ပါတယ် ။



(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ