Oct 28, 2012

သမာသမတ်တွေးမနာတတ်ကြေးလို့ပဲဆို ပါရစေ

From::Egermgpkg

ဦးကျော်လို ဘယ်ပါတီမှမကြိုက်ဘူး  ချာပါတီပဲကြိုက်တယ်လို့

ပြောရမှာပဲ ကိုတိုးကြီးသီချင်းလို ရင်ထဲရှိရှိသမျှ ရေးချရရင်ပေါ့ဗျာ

ဆုတွေများလို့ ဒေါ်စု အစား ဒေါ်ဆု လို့ ဂုဏ်ပြုပါရစေ။

ဒေါ်ဆု လည်းအားနည်းချက်ရှိမှာပဲ မှားရင်ချေပ မှန်ရင်ငြိမ်နေပေါ့။

အထင်ကြီးစရာတွေရှိသလို အထင်သေးစရာတွေလဲ မနည်းပါ။

သေချာတာက ပြောစရာဖြစ်အောင် ဖြစ်ခဲ့တာတွေလည်း ရှိခဲ့လိမ့်မယ်ထင်တယ်။

ကာယကံရှင်ကငြိမ်နေပုံထောက်ရင် မှန်နေလို့လည်း ဖြစ်နိုင်တာပေါ့။

ဘ၀ပေးအခြေအနေအရ ဒေါ်ဆုကုလားဖြူနဲ့ညားတာ နားလည်ပေးနိုင်ပေမဲ့

ဗမာစကားမှားတာ တစ်ချိန်တုံးက ဗုဒ္ဓ ကို  မုတ္တ လို့ပြောင်းရမှာပေါ့ဆိုတဲ့

ပြင်မရတဲ့ထာဝရအမှားတွေ လက်ရှိကုလားတွေဘေးနားထား

ကားစီးနေတာတွေဟာ ဒေါ်ဆုအတွက် ပဓာနအတားတွေ

  ဖြစ်လာတာလို့ထင်ပါတယ်။

mm.express@ ဟာလည်းသူတစ်ပါး(NLD+ဒေါ်စု+ပြည်ပြေး+အတိုက်အခံတွေ)ကို ပက်ပက်စက်စက် တိုက်ခိုက်တာမို့

မကောင်းပေမဲ့ အများမသိသေးတဲ့  အမှန်တွေလည်းဖတ်နေရတော့မရှိမကောင်း

ရှိလည်းကောင်းလို့ပဲပြောရမလား ။ခရူသင်းတို့ ဆူဆူနွေးတို့ အတွင်းရေးလေးတွေ

လည်းလုပ်ပါအုံး။

တစ်ကယ်တော့ ပါတီတွေရောအမတ်တွေ ရောရူးနေကြတာပါပဲ (အာဏာပေါ့ဗျာ)။

ခုကြားနေရတဲ့ ဒီ/ချုပ်  အက်ကြောင်းတွေဟာလည်း

ဒီအာဏာကြောင့်ဆိုတာငြင်းလို့.   မှမရတာ

ဒါတောင်တစ်ကယ်အာဏာရတာမဟုတ်သေးပါဘူး။

အာဏာရသွားရင် ဒီထက်ဆိုးမှာပဲ ဒါ မြန်မာ့သမိုင်းမှာ မထူးဆန်းတော့ပါဘူး။

ခုဆိုရင် ၈၈ ခုတုံးလုပ်ထားတဲ့ မင်းကိုနိုင်တို့လည်း ဒေါ်စု စပြီးလှန်

ခွပ်နေပြီလေ။ ကြည့်တတ်ရင်မြင်နိုင်ပါတယ် ။

ဒေါ်ဆုလည်းပြန်မလှန်ရဲဘူးဆိုတာ ဘာကြောင့်လဲ။ ဒေါ်လာစားချင်း မြွေမြွေချင်း

မို့ပဲလား။

ခုဒေါ်ဆုက သမ္မတလုပ်ချင်တယ်လို့ပြောလာပြီ တိုင်းပြည်အတွက်လား

အာဏာအတွက်လားဘယ်သူသိနိုင်မလဲ။

ဥပမာ နော် ဒေါ်ဆုနောက်မှာ ကျော်သူနောက်မှာ စီအိုင်အေ မရှိနိုင်ဘူးလား။

မသာလည်းချမ်းသာ ကျော်သူ(ဒေါ်လာ)လည်းချမ်းသာလို့လည်းဆိုသံကြား။

ဒီလိုပါပဲ ၈၈ အဖွဲ့တွေနောက်မှာလည်း စီအိုင်အေ ကော ကွန်မြူနစ်( ဗကပ )

ကော ရှိနိုင်တာပဲ။ ဒီလိုပဲ သမ္မတအကြံပေးအဖွဲ့ထဲမှာလည်းရှိနိုင်တာပဲ။

ဖတ်လိုက်ရပါတယ် မင်းကိုနိုင်ဘာနဲ့ထမင်းစားလဲ တဲ့ ပြောရရင် မေးသင့်တဲ့မေးခွန်း

လို့ထင်မိတယ်။ သူ့မိသားစု အရင်နဲ့တူသေးရဲ့လား? ကျနော်တော့မသိပါဘူး

ကားကောင်းစီး နယ်တကာသွား ဓါတ်ဆီနဲ့လား ရေနဲ့လား ဘယ်ငွေနဲ့စား

မေးတာလည်းဟုတ်သားလို့ ဆိုရမလို မဆိုရမလို ဘာလိုလိုပေါ့။

သမ္မတကြီးကတော့ ပြည်သူအတွက် ခေတ်စနစ်နဲ့တွက်ပြီး ပြောတာလား

ပြောလိုက်မိတာလား မဆိုတတ်ပေမဲ့ ဘာတဲ့ စတုတ္ထမဏ္ဍိုင် ဆိုတာကြီးက

ခုတော့ ဒုက္ခမဏ္ဍိုင်ပဲ ဖြစ်နေသလိုကြားလာရပြန်ပြီ။ ဒါလဲဟုတ်တုတ်တုတ်

လို့ပဲ ထောက်ခံရမလိုလို ထောက်တော့မထောက်ခံရဲဘူး ဂျာနယ်တွေခိုက်

ပြီး ဖိုက်ခံရမှာစိုးတယ်ဗျာ။ သတင်းတစ်ပုဒ်မှားတာမှန်တာအရေးမကြီးဘူး တဲ့

ထမင်းတစ်လုပ်စားရဖို့ အတင်းပဲဖြစ်ဖြစ် အဖျင်းပဲဖြစ်ဖြစ်

တဲ့ဗျာ ဒါကြောင့်လဲ ဒုက္ခမဏ္ဍိုင်လို့ စလယ်ဝင်ဖင်မမဲခင်ကတည်းက

သမုတ်ခံရသလားရယ်လို့ထင်စရာဖြစ်တာထင်တယ်။ငါးခုံးမတစ်ကောင်ကြောင့်

တစ်လှေလုံးမပုပ်ရအောင် ရုပ်ဆောင်ထားတဲ့အပုပ်ကောင်ရှိရင် လည်းလစ်ရင်

ကောင်းမယ်ထင်ပါ့ ချာလည်လစ်တို့ရေလို့်နှိုးဆော်ပါရစေ။

ဘယ်သူ့ကိုမှလည်းမရည်ရွယ်ဘူး ရန်လည်းမများချင်ဘူး  မြင်တာပဲစိတ်ကူးပေါက်

လို့ချရေးကြည့်ခြင်းသာဖြစ်သည်။ သည်းခံလော့ဒကာ။

နောက်မှပဲ ငြိမ်းချမ်းရေးအကြောင်း မစရဲတဲ့

ယုံနားရွက်များအကြေင်းပြောကြရအောင်။

ကျေးဇူးတင်ပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ