Nov 1, 2012

နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး

From:  The Voice Weekly

Miss Myanmar နန်းခင်ဇေယျာသည် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ်ဆိုပြီးနောက် ယနေ့(အောက်တိုဘာ ၃၁)တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက် ကူးနေကြောင်း နန်းခင်ဇေယျာ၏မန်နေဂျာ ဖြစ်သူက The Voice Weekly သို့ပြောကြားသည်။


 “လွယ်ဟိန်းနဲ့က တစ်နှစ်စာချုပ် ချုပ်ထားတာပါ။တစ်ခြား ကမ်းလှမ်းလာ တာတွေတော့ ရှိပါတယ်။ဒါပေမယ့် လွယ်ဟိန်းကုမ္ပဏီ တစ်ခုတည်းနဲ့ပဲ စာချုပ် ချုပ်ရပါသေးတယ်။”ဟု၎င်းက ပြောကြားသည်။ နန်းခင်ဇေယျာအား လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်းသဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို(အောက်တိုဘာလ၂၆) နံနက် ၁ဝ နာရီက လွယ်ဟိန်း ကုမ္ပဏီရုံးခန်းတွင် ကျင်းပခဲ့သည်။


 နန်းခင်ဇေယျာသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကျင်းပသည့် Miss Myanmar 2012 ဆုကိုရရှိထားသည်။ထို့ပြင် အောက်တိုဘာ (၁)ရက်နေ့မှ (၂၁)ရက်နေ့ အထိကျင်းပခဲ့သော Miss International 2012 ပြိုင် ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆု၊People Choice Award ဆု နှင့် Ambassador Beauty ဆုတို့ကိုရရှိခဲ့သည်။လက်ရှိတွင် Miss World ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နန်းခင်ဇေယျာအားဖိတ်ခေါ်ထားသည်။


ရင်ရှုပ်တဲ့ ရုပ်ရှင် လောက ထဲဝင်လာတဲ့ ညီမငယ် နန်းခင်ဇေယျာ *ဆွဲစား* တော့ မခံရပါစေနဲ့လို့ ပရိသတ် များအနေနဲ့ ရင်တမမ စောင့်ကြည့်နေပါတယ်
 (မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

moehti said...

ဇာတ်လမ်းကတော့ စလာပြီ...Take care of ur self...

Anonymous said...

စင်ရောင်ဆိုတဲ့သတ္တဝါမျိုးကဆွဲစားတဲ့နေရာမှာနာမည်ကြီးလေမင်းသမီးတောင်အလွတ်မပေးတာနန်းခင်လိုတက်သစ်စလူမျိုးဆိုသူအတွက်ပိုလွယ်တာပေါ့

Anonymous said...

နှမြောစရာတော့ကောင်းနေပြီ

Unknown said...

နန်းခင်ဇေယျာ သတိတော့ထားနော်

Unknown said...

သတိထားစေချင်တယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ