Nov 1, 2012

အာရှရေပိုင်နက်တွင် လွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ်မည်ဟုကြွေးကြော်ပြိး အမေရိကန်ရေတပ် အာရှဒေသသို့ စစ်ရေးနယ်မြေ တိုးချဲ့အုပ်စိုးလာ



အာရှဒေသတွင် အမေရိကန်ရေတပ် ချထားခြင်းမှာ ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို စောင့်ကြပ်ကာကွယ်ရာတွင် ကူညီပေးနိုင်မည်ဟုဆိုကာ အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ယင်းသင်္ဘောရောက်ရှိစဉ် တပ်မှူး ရေတပ်ဗိုလ်မှူးကြီး ဂရီဂိုရီဖန်တွန်က အောက်တိုဘာလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။



၎င်းတို့အနေဖြင့်အာရှဒေသတွင်း ဖြစ်ပေါ်နေသော ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် အမေရိကန်သည် ဘက်လိုက်ပါဝင်မည် မဟုတ်ကြောင်း၊ ရေလမ်းကြောင်းများလွတ်လပ်စွာ သွားလာခွင့်အတွက် တိတိကျကျ ရပ်တည်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်မှုမှာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်တို့အကြားတောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုပြဿနာနှင့် မပတ်သက်ကြောင်း ပြောကြားခဲ့သည်။



သို့သော်လည်း ယင်းလေယာဉ်တင်သင်္ဘောကို ဂျပန်တွင် အခြေစိုက် တပ်စွဲထားကြောင်း သိရသည်။ ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် ပါဝင်သော နိုင်ငံများအနေဖြင့် သံတမန် နည်းလမ်းဖြင့် ဖြေရှင်း လိမ့်မည်ဟု မျော်လင့်ကြောင်း ဖန်တွန်က ဆိုသည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်ရှိ Scar-borough သဲသောင်ခုံနှင့်ပတ်သက်ပြီး ဧပြီလတွင် တင်းမာမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် အမေရိကန် ရေတပ်အနေဖြင့် တရုတ်နှင့်ရေတပ်အင်အားချင်းယှဉ်ပြိုင်နိုင်ရန်သို့မဟုတ် အမေရိကန်တပ်မတော်၏ တိုက်စစ်သည် အကောင်းဆုံးခံစစ် ဆိုသည့် နည်းဟောင်းကြိးအတိုင်း အာရှရေပြင်ကို ဗြောင်ပင် တိုးချဲ့နေရာယူလိုက်ပြီဖြစ်သည် ။

ထောက်လှမ်းရေးလေယာဉ်နှင့်နူကလီးယားဒုံးများတင်ဆောင်လာသော ယူအက်စ်အက်စ် ဂျော်ဂျီဝါရှင်တန် အတွင်းပိုင်း
 တကမ္ဘာလုံးတွင် အမေရိကန် ရေတပ် ဝင်ရောက်ခြင်းနှင့် စိုးမိုးနိုင်ခြင်းမရှိသည့်ရေပြင်ပိုင်နက်များမှာ အရှေ့တရုတ်ပင်လယ်နှင့် ရုရှားနိုင်ငံမြောက်ပိုင်းပင်လယ်ပြင်တို့သာ ကျန်ရှိတော့သည်။

 (မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ