Oct 30, 2012

ကျောက်နီမော်လူထု ဆန္ဒပြ..စစ်တပ်မှ ဝင်ေ၇ာက်ညှိုနှိုင်းသောကြောင့် လူထုဆန္ဒ ၃ ခုလိုက်လျောပေးခဲ့

From:Arakantimes သတင်းဌာန ယနေ့နံနက်(၈)နာရီအချိန်မှစ၍ ကျောက်နီမော်လူထု တစ်သောင်းကျော်ပါဝင်သော ဆြန္ဒဖော်ထုတ်ပွဲကိုပြုလုပ်နေစ ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြားလာသည့်အတွက်  ဦးဟန်တင်(ဘ)ဦးကျော်ဟန် အသက်(၅၇)နှစ်မှာ ပွဲချင်းပြီးသေ ဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ(ဘ)ဦးချမ်းတင် အသက်(၄၂)နှစ်မှာ သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။

ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ(၃၂၆)မှ ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး
၁။ ကျောက်နီမော်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂလီများအား(၇)ရက်အတွင်း ပြောင်းရွှေ့နေရာချထားရန်
 ၂။ မတရားပစ်သတ်ခံခဲ့ရသူ ဦးဟန်တင်သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် သန်းတင့်ကို ဥပဒေကြောင်းအရ အရေးယူရန်
 ၃။ ဒဏ်ရာရရှိသူ ဦးမောင်သန်းရွှေအတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန် " တို့
 သဘော တူညီခဲ့ကြကြောင်း သိရသည်။
 တောင်းဆိုချက်များကို အမြန်ဆုံးလိုက်လျောနိုင်စေရန်အတွက် သပိတ်စခန်းအဖြစ် ဆက်လက်ထားရှိရေးကိုမူ သဘောတူညီမှုမရရှိခဲ့ကြောင်း မှ စုံစမ်းသိရှိရသည်။

____________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ