Nov 1, 2012

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲ နှုန်းမြင့်တက်နေ

From: ကိုစိုင်း(လားရှိုး) Hot News

၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲမြို့တွင်းမူးယစ်ဆေးဝါး သုံးစွဲမှုများ သိသာစွာများပြား လာကြောင်း ကျောက်မဲမြို့ခံများထံက သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲ သူများမှာများသောအားဖြင့် ဆယ်ကျော်သက် အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ် ၀န်းကျင်းအထိ သုံးစွဲသူများပါဝင်ကြောင်း သိရှိရ သည်။


 “ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို (၁၄) နှစ်လောက် ပဲရှိဦးမှာ အဖြူသုံး တက်နေပြီ၊ ဘယ်ကဘယ်လိုရ တယ်ဆိုတာကို မပြောပြဘူး၊ မိဘ တွေကလဲကလေးငယ်သေးတော့ ဘယ်လို လုပ်ရမလဲမသိဘူးဖြစ်နေ တာ”ဟု အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ကိုအောင် (အမည်လွဲ) ကပြောသည်။ မူးယစ်ဆေးဝါးရောင်း ချသူများမှာ တိုက်ရိုက်ရောင်းချခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ် အဆက်ပြုလုပ်ရောင်းချကြောင်း အသက် ၂၃ နှစ် အရွယ် ကျောက်မဲ ဒေသခံလူငယ်တစ်ဦးကဆိုသည်။ “တစ်ဆင့်ဆက်သွယ်ပေးတဲ့လူတွေ က လက်ဖက်ရည်ဆိုင်တွေမှ ထိုင်နေတတ်တယ်။ သုံးနေကြလူ တွေက ဖုန်းဆက်ပြီးပြောပေးတယ်။ သူတို့က အချိန်နဲ့နေရာကိုချိန်ပြီး တစ်ဆင့်ရောင်းတာ၊ သုံးတဲ့သူ ကိုယ်တိုင်က ဘယ်သူရောင်းပေး တယ်ဆိုတာတော မသိရဘူး၊ အဲလို နည်းနဲ့ပဲ လူငယ်တွေကြားထဲ ရောက်လာတာ”ဟု ၎င်းကဆက် လက်ပြောသည်။

 ကလေးသူငယ်နာရင်လူးဆေး ဗူးတစ်ဗူးအရွယ်အစားရှိ ဗူးတစ်ဗူးလျှင် ငွေကျပ်ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ် နေကြောင်း ယခင်သုံးစွဲဖူးသူအမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။ “အစ်မ တို့ရပ်ကွက်ထဲတော့ ဟိုတစ်လောက လာဖမ်းသွားတာတွေ့တယ်၊ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ အဖြူတွေနဲ့ အတူမိတာ၊ ဒါပေမဲ့ အခုနေရာတိုင်းမှာကို ကြားနေရ တာ များများထပ်ဖမ်းစေချင်တယ်” ဟု အမှတ် (၈) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ်ဈေးသည် အမျိုးသမီး တစ်ဦးကပြောသည်။

 မူးယစ်ဆေးဝါးများမှာ ဘိန်ဖြူ၊ ဘိန်းမဲ၊ ရာမ (စိတ်ကြွဆေးပြား) ဆေးခြောက်နှင့် ဘိန်းဆီဟူ၍ အမျိုးအစားပေါင်းများစွာရှိပြီး သုံးစွဲမှု ပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ် ပြီး ခုခံအားကျဆင်းမှု ရောဂါများ ကူးစက်ရောဂါများဖြစ်ပွားတတ် ကြောင်း အထွေထွေရောဂါဟု ဆရာဝန်များ၏ပြောဆိုချက်အရ သိရသည်။

 အဆိုပါမူးယစ်ဆေး ၀ါးများကို ကျောက်မဲသက်ဆိုင်ရာ မှ လိုက်လံဖမ်းဆီး အရေးယူပေးဖို့ ကျောက်မဲမြို့ဒေသခံတွေထံမှ သတင်းရရှိသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ