Nov 1, 2012

ပျက်စီးဘုန်းကြီးကျောင်းများ ဘင်္ဂလားဒေ့ရှ်အစိုးရ ပြန်လည် တည်ဆောက်ပေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပုံစံတူ ပြန်လည်တည်ဆောက်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ
 မြန်မာနိုင်ငံ၌ ပန်းဝါမြို့ဟု လူသိများသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်တည်ဆောက်ပေးရန် အမေရိကန်ဒေါ်လာ တစ်သန်းခွဲခန့် သုံးစွဲသွားမည်ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဒါကာမြို့၌ တွေ့ဆုံပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖျက်ဆီးခံရသည့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင်

ဖျက်ဆီးခံရသည့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင်

ဖျက်ဆီးခံရသည့် ဘုန်းတော်ကြီးကျောင်းအတွင်းမှ ဆင်းတုတော်များ

  ဘုန်းတော်ကြီးကျောင်းများကို ယခင် ပုံစံအတိုင်း သို့မဟုတ် ယခင်ထက် ပိုမိုခမ်းနားအောင် ဗိသုကာပညာရှင်များ ငှားရမ်းတည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။ အစိုးရဘတ်ဂျက် အသုံးပြုဆောင်ရွက်မည့် အဆိုပါတည်ဆောက်ရေး လုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ် စစ်ဘက်အင်ဂျင်နီယာများက တာဝန်ယူမည်ဟု သိရသည်။

ရင်ထဲမှာဘုရားတည်ထားတယ်.ဖျက်လို့မပျက်ဘူးဆိုပေမယ့် ဗုဒ္ဒကိုယ်ပွါးဆင်းတုတော်တွေကိုတော့ အသက်နဲ့လဲသင့်လဲပြိးစောင့်ရှောက်ရမယ်

မီးရှို့ခံရသည့်ဘုန်းတော်ကြိးကျောင်းအတွင်းက ကိုရင်တစ်ပါး


(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ပြန်ရနိုင်တော့မှာလားရှေ့လက်ရာများ ၊ ပြန်ရတော့မှာလား အစော်ကားခံလိုက်ရတဲ့သိကာ ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ