Nov 3, 2012

တပ်မ(၄၄)နှင့် ကေအင်န် အယ်လ်အေ တပ်မဟာ(၁) ပူးပေါင်း ဘောလုံး အသင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲ(ရုပ်/သံ)

From:မြဝတီ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြို့နယ် အားကစား ကွင်းတွင် တမခ(၄၄)နှင့် ကေအင်န် အယ်လ်အေ တမဟ(၁) ပူးပေါင်း ဘောလုံး အသင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲကို ၃၁-၁၀-၂၀၁၂ ရက်နေ့ ညနေပိုင်း တွင်ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ ညနေ ၂ နာရီမှ ၄ နာရီ ၄၀ မိနစ်အထိ ရုပ်ရှင် သရုပ်ဆောင် များက ဘောလုံး ပြိုင်ပွဲသို့ လာရောက် အားပေး ကြည့်ရှုကြသော ပရိတ်သတ် များကို တေးသီချင်း များဖြင့် သီဆို ဖျော်ဖြေခဲ့ ကြသည်။ ဆက်လက်ပြီး ဘောလုံး ပြိုင်ပွဲကို ၄ ၄ာရီ ၄၀ မိနစ်မှ ၅ နာရီ ၄၅ မိနစ်အထိ ယှဉ်ပြိုင် ကစားကြရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး အသင်းက ကေအင်န်အယ်လ်အေ တမဟ(၁)ပူးပေါင်း ဘောလုံး အသင်းကို ၂ ဂိုး- ဂိုးမရှိ ဖြင့်အနိုင် ရရှိခဲ့သည်။
 အဆိုပါ ဘောလုံး ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ မွန်ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးဝင်းမော်ဦး၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်း၊ တမခ(၄၄)မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာငြိမ်း၊ ကေအင်န်အယ်လ်အေ တပ်မဟာ(၁)မှ ဒုတပ်မဟာမှူး အဆင့်ရှိ စောပလေ့တို့ တက်ရောက် အားပေးခဲ့ပြီး ပရိတ်သတ် ၁၀၀၀၀ ကျော် ကြည့်ရှု အားပေး ခဲ့ပါသည်။

ဘောလုံးပြိုင်ပွဲ အပြီးတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က လှူဒါန်းငွေ ကျပ် ၅၀ သိန်း၊ ဘောလုံးပြိုင်ပွဲ ကွင်းဝင်ကြေး ၄၃၃၀၀၀၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၉၃၃၀၀၀၀ ကျပ်ကို ဘီးလင်းမြို့နယ်၊ ပညာရေးဌာနသို့ ပညာရေး ရန်ပုံငွေအဖြစ် ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ် ပညာရေးမှူး ဦးမျိုးဝင်းက လက်ခံရယူ ခဲ့ကြောင်း သိရှိရ ပါသည်။

 (မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Neverdie said...

We the ethnic group need freedom and self-determination. We need democracy in Burma and build federal union. All ethnic groups need to rule their people in their state. Burmese also the same.

Saw K'nyaw

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ