Nov 1, 2012

တောင်ပေါ်လမ်းပိုင်တစ်ခု ပြုပြင်နေစဉ် မြကျောက်ကြောတစ်ခုကို ရှာဖွေတွေ့ရှိ

From:ခေတ်လူငယ်
လမ်းဖောက်လုပ်ရေး အလုပ်သမားအဖွဲ့သည် တောင်ပေါ်လမ်းပိုင်းတစ်ခုအား ပြုပြင်နေစဉ် ၄င်းလမ်းမအောက်တွင်( မြကျောက်) ကြောတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ( မြကျောက်) ကြောကို ဘိုယာကာဒေသအနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားသော ဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ( မြကျောက်)ကြောတွေ့ရှိမှုသည် ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။ ပေ ၁၆၀၀ အရှည်ခန့်ရှိ တောင်ပေါ် လမ်းပိုင်းတစ်ခု မြေပြိုမှုကြောင့် လမ်းပြုပြင်နေစဉ် ကျောက်ဖောက်အဖွဲ့မှ အလုပ်သမား တစ်ဦးဖြစ်သူ ဂျူလီယံကော်ရီးယားက အရောင်တောက်ပနေသည့် မြကျောက်အချို့ကို စတင်တွေ့ရှိခဲ့ရာမှ လမ်းအောက်တွင်( မြကျောက်)ကြော ရှိသည်ကို သိရှိရခြင်းဖြစ်သည်။

ကမ္ဘာကျော် ကိုလံဘီယာ မြ ကျောက်

ကမ္ဘာကျော် ကိုလံဘီယာ မြ ကျောက်

ကမ္ဘာကျော် ကိုလံဘီယာ မြ ကျောက်
ကမ္ဘာပေါ်ရှိ (မြကျောက်)များအနက် ၆၀ ရာခိုင်နှုန်းနီးပါးသည် ကိုလံဘီယာနိုင်ငံမှ ထွက်ရှိခြင်းဖြစ်ပြီး ဘိုယာကာဒေသသည် ကိုလံဘီယာနိုင်ငံ၏ အဓိကတွင်းထွက်ပစ္စည်းများ ထွက်ရှိသည့် နေရာများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။ ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရန် အလို့ငှာ ဒေသခံ ရဲတပ်ဖွဲ့များသည် ထိုလမ်းမကြီးကို စောင့်ကြပ်ဝိုင်းရံထားကြောင်း သိရသည်။
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ