Nov 1, 2012

စစ်တပ်နဲ့ပြည်သူ သွေးမခွဲပါနဲ့..စစ်တပ်ကတော့ စစ်တပ်အလုပ် လုပ်နေဆဲ.မချီးမွန်းရင်နေပါ.မကဲ့ရဲ့ကြပါနဲ့

KIA မှာတော့ ကချင်နဲ့ရှမ်းပဲရှိတယ်
KNU/DKBA မှာလည်း ကရင်ပဲရှိတယ်
ရခိုင်လွတ်မြောက်ေ၇းမှာလည်း ရခိုင်ပဲရှိတယ်
ချင်းတပ်ဥိးမှာလည်း ချင်းပဲရှိတယ်
ဒါပေမယ့် မြန်မာတပ်မတော်မှာတော့ တိုင်းရင်းသားပေါင်းစုံရှိတယ် ။
ဒီတော့ မဟာဗမာ ဆိုတဲ့ ဝါဒကို ကိုင်ဆွဲနေတာ မြန်မာစစ်တပ်လား ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကပြောနေကျ စကားလား ဆိုတာ သုံးသပ်ကြည့်ပေါ့ ။စစ်တပ်က သွေးကြွနေတယ်ထင်လို့လား ။ ကမ္ဘာပေါ်မှာ စစ်မတိုက်ချင်ဆုံးက စစ်သားပဲ လို့ မြင်မိတယ် ။
Facebook မှာ စစ်သားတစ်ယောက်ရေးတဲ့ကဗျာလေး ဖတ်ကြည့်ရအောင်လား ။နာမည်ကို အတိတ်စိမ်းလို့ တွေ့ရတယ်။ 

------------------------------------------- 

(အတိတ်စိမ်း)

 TE 11 နောက်က မတစ်ထောင်သားတွေရဲ့ 
 မျက်လုံးတွေကို အဲဒီစကတ်တိုမလေးတွေက ပြန်ကြည့်တယ်
အညိုပုပ်ရောင်လေလှိုင်းတွေပေါ့
 ပုတ်အဲ့အဲ့ နံတယ် ..

 လဘ္ဖက်ရည်ဆိုင်မှာ မီးခြစ်တောင်းတော့
 ဆိုင်ထဲက အရွှယ်ကောင်းလူရွှယ်တွေက ဆတ်ခနဲ ကြည့်တယ်
ကမ္ဘာ့ဝင်ရိုးလိုပေါ့
 ၂၃ ဒီဂရီ ၂ ပိုင်းတပိုင်း ခပ်စောင်းစောင်းလေး ..

 မိုးဖြောက်ကြားမှာ ထမင်းတနှပ်အတွက် မီးမွှေးတော့
ကျောင်းကြိုပြန်တဲ့ အမိသည်က လက်ညိုးထိုးပြီးပြောတယ်
 "သား ပညာမတတ်ရင် အဲဒီစစ်သားကြီးတွေလိုဖြစ်မယ်"
 မိုးကြိုးဆိုတာ ၆ပေအောက်လေထုမှာလဲ
 ပစ်တတ်သေးတော့
ရေပြင်ညီအတိုင်း ထွက်တယ် ..

 မြို့လေးကတော့ ညဘက်အမဲလိုက်ပွဲအတွက်
ကာလာရောင်စုံနဲ့ ခြေဆန့်နေခဲ့ပြီ
တစ်ချို့အတွက်ကတော့ ဆည်းဆာနဲ့အပြိုင်
 မိသားစုလမ်းလျှောက်ပွဲပေါ့
ဒီလိုပါပဲ
နှလုံးသားတစ်ချို့ ကို ဈေးတင်ပြီး လေလံတင်တဲ့
 အခါသမယ ..

 မီးခိုးလုံးမွန်တဲ့ ဟောဒီ ကားတန်းပေါ်မှာ
တိတ်ဆိတ်မှူကို လေးလံစွာထမ်းတဲ့
 အစိမ်းရောင် ခြံစည်းရိုးတိုင်တွေ ပါတယ် အမေ ..

 မြို့ ကလေးကိုနှုတ်ဆတ်တော့
တာ့တာပြမဲ့လူ မရှိဘူး
နေမင်းက အိပ်ဖို့ခေါင်းမြီးခြုံတော့
သွေးဆာသူလို့ သတ်မှတ်ခံရသူတွေ
အရှေ့ဘက်ကို ခရီးထွက်ရတယ်
 ဒါ ဖြစ်မြဲပဲလေ ..
 ရာဇဝင်ထဲမှာတော့
 ဦးဆွေးဆံမြည့် တဲ့..
၂၁ရာစုရဲ့  ဟောဒီ အခွံစိမ်းကို ဖွင့်ပြခွင့်ရရင်
ရင်ဘတ်တစ်ခုလုံး ဆွေးနေမယ် ....
....................
......................
......................
 တစ်မိုးကုန်တော့ ဒီမြို့ကို ပြန်ရောက်တယ်
ပေါင်တိုမလေးတွေ အကြည့်က ညိုဆဲ
လဖ္ဘက်ရည်ဆိုင်တွေထဲက အကြည့်တွေက စောင်းဆဲ
ကျောင်းတတ်တဲ့ကလေး စာကြိုးစားနေပြီလား ..

 ဒါပေမယ့်...
စစ်ကားစိမ်းကြီးပေါ်က မတထောင်သားတွေတစ်ချို့ 
မြေသြဇာဖြစ်သွားပြီ ဆိုတာ
 သူတို့ မသိဘူး မေမေ ..... ။


 <ငှက်ခါး>
--------------------------------------------
(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________

Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

kyan taw ka myanmar lo ma yay tat tot pyaw chin tar twae ko pyaw pya loz ma ya buu phit nay tal byar .... 1 kal so yin "war" so tar ko bal thu ma ma lo lar par buu byar .... KIA lae' sit tite nay tar bal lout kyar p lae' .... "kachin" lu myo kaung sar yay so p ... bal mar kaung sar loz lae' ... health , education , social ,economy bal mar toe tat loz lae' ... 1 kal tan dote kha yout nay tar ka " PYITHU LUHTU " pae'... KIA mha " GENERAL " kyi myar sin sar kya par byar ... Di lout "Technology" toe tat nay tae' khit kyi mar " Myanmar Army " ka a kone lone lote loz ya tal byar ... missile 1 lone pae' lo tal ... "KIA base" ka bal lout kyi mar lae' ... sin sar kyi par byar ... 1 kal tan " kachin " lu myo kaung sar chin tal so yin " War " ko yatt lite kya par tot byar ... " KO KYOUT KHAE' yay kyae zu pyu p MYANMAR lo pyan yay pay par byar " thank to all ...

Anonymous said...

အဲဒီ ကဗျာလေး အရမ်းကောင်းတယ် တစ်ကယ် ခံစားရပါတယ်ဗျာ
အချင်းချင်းတွေမို့လို့ ကိုယ်ချင်းစာမိတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ