Nov 1, 2012

မန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ဟိုတယ်များအားလုံး ကို ပုဂ္ဂလိကသို့ အလုံးစုံ လွှဲပြောင်းမည်

 မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ဟိုတယ်ရာခိုင်နှုန်း ၈၀ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပြီးဖြစ်ကာ မကြာမီတွင် ကျန်ရာခိုင်နှုန်း ၂၀ ကိုပါ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လုပ်ကိုင်ခွင့်ပေးပြီး ဟိုတယ်/ခရီးသွားကဏ္ဍတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်စေလိုကြောင်း ဟိုတယ်/ခရီး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။

ဆွီဒင်နိုင်ငံ Sweden International Development Agency (SIDA) မှ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း လုပ်ငန်းကျွမ်းကျင်သူ Ms Barbara Ericsson က ယခုလအတွင်း ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံစဉ် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားတဲ့ ဟိုတယ်က တစ်နိုင်ငံလုံးမှာ အလုံးရေ ၅၀ ကျော်လောက်တော့ ရှိပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



 မကြာသေးမီကလည်း အဆိုပါ ဝန်ကြီးဌာနမှ-

  •  ဝန်ဇင်းဟိုတယ်၊ 
  • ကလောဟိုတယ်၊ 
  • ကော့သောင်းမိုတယ်၊ 
  • ပင်းတယဟိုတယ်၊ 
  • လက်ခုပ်ကုန်းဟိုတယ်၊
  •  Imperial Jade ဟိုတယ်
  •  ကျိုက်ထိုဟိုတယ်            

 များကို ပုဂ္ဂလိကကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး ဖြစ်သည်။

 “ဝန်ကြီးက ကျန်တဲ့ ရာခိုင်နှုန်း ၂၀ ကို လွှဲပေးဖို့ ရှိတယ်လို့တော့ ကြားတယ်။ အဲဒီလို အစိုးရပိုင်လုပ်ငန်းတွေ ပုဂ္ဂလိကပေးတဲ့အတွက် ကောင်းကွက်တွေ အများကြီး ရှိပါတယ်။ ပထမဆုံးအချက်အနေနဲ့က ဝန်ဆောင်မှုအပိုင်းတွေ ပိုကောင်းလာမယ်။ အစိုးရဌာနကပဲ လုပ်ခဲ့တဲ့ အချိန်တုန်းကတော့ အမြတ်ဘယ်လောက်ရှိ၊ မရှိလဲ မသိရဘူး။ အပြိုင်အဆိုင်လဲ မရှိဘူးပေါ့။ ခုလို ပုဂ္ဂလိကပိုင်းက ပါဝင်လာမယ်ဆိုရင်တော့ အပြိုင်အဆိုင်လဲ ဖြစ်လာမယ်။ အကျိုးအမြတ် ကောင်းကောင်းရဖို့လဲ လုပ်ကြမှာဆိုတော့ နိုင်ငံအတွက်လဲ ဝင်ငွေတိုးမယ်။ ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက်လဲ အထောက်အကူ ဖြစ်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ထွန်းက ပြောပြခဲ့သည်။

 မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ ဟိုတယ်နှင့် မိုတယ် ၇၃၁ လုံး၊ အခန်းပေါင်း ၂၅၀၀၂ ခန်းရှိကြောင်းသိရပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ