Jan 28, 2013

ဖိလစ်ပိုင်က သင်ပေးလိုက်တဲ့ လက်ချာတွေကို တန်းစီရွှတ်ပြီး ငြိမ်းချမ်းရေးပြောတဲ့ ငရွှီးမင်းကိုနိုင်


ဒီကနေ့ အမေရိကန်သံရုံးက ထုတ်ပြန်ချက်ထုတ်ပါတယ်။ အပြင်းအထန် တိုက်တွန်းထားတာက နှစ်ဖက်စလုံးပါ။

အားလုံးသိသင့်တဲ့အချက်က လဂျားယန်စခန်းဟာ လိုင်ဇာဌာနချုပ် မွေးဖွားလာခြင်း မရှိသေးတဲ့ ဟိုးရှေးရှေးကတည်းက တပ်မတော်စခန်းအဖြစ် ရှိခဲ့တာပါ။လိုင်ဇာဌာနချုပ်စခန်း ဆိုတာ ၁၉၉၆ ခုနှစ်မှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ဒီတော့ ဂွမ်မော် ပြောနေတဲ့ သူ့နယ်မြေ ကိုယ့်နယ်မြေဆိုတာ ဘာကို ဆိုလိုတာလဲ မေးချင်ပါတယ်။

ဖိလစ်ပိုင်တစ်ခေါက်ရောက်ပြီး ဖိလစ်ပိုင်သမိုင်းမသိပဲနဲ့ ဖိလစ်ပိုင်က လက်ချာရိုက်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားနဲ့ ဆရာကြီးဂိုက်နဲ့ မင်းကိုနိုင်


ဒီနေ့ ဧရာဝတီမှာ ရှစ်ပူးကိုကိုကြီးက ငြိမ်းချမ်းရေးဆရာကြီး လေသံနဲ့ လက်ချာတစ်ခု ရိုက်လာတယ်။ ဖိလစ်ပိုင်သွား ဟိုက ရှင်းပြလိုက်တာလေးနဲ့ ဟုတ်လှပြီ ဆိုပြီး ငြိမ်းချမ်းရေးဆရာကြီး လုပ်နေတာ အမြင်ကက်လွန်းလို့ ဒီစတေးတပ်ကို ရေးပါတယ်။

အဲဒီ ဖိလစ်ပိုင်မှာ လူမျိုးဘယ်လောက်ရှိသလဲ၊ သူပုန်ဘယ်နှစ်ဖွဲ့ ရှိသလဲ၊ အဲဒီသူပုန်ရဲ့ နောက်ခံသမိုင်းက ဘာလဲ၊ သေသေချာချာလေ့လာပြီးမှ ပြောပါ။ ငြိမ်းချမ်းရေူးဆိုတာ ဖိလစ်ပိုင်မှာ ဒီလိုအဆင်ပြေတယ် ဒို့ဆီမှာလည်း ဒီလိုလုပ်မယ် ဆိုပြီး ပုံတူး ကူးချလို့ မရပါဘူး။နောက်တစ်ချက်က တပ်မတော်ကို ငြိမ်းချမ်းရေးတပ်မတော် ဆိုပြီး ဖိလစ်ပိုင်ကို သောက်အထင်ကြီးပြီး သောက်တစ်လွဲစကား လာပြောနေတာ တွေ့ရတယ်။ KIA သမိုင်းကြောင်း ဘယ်လို ပေါ်ပေါက် လာတယ်ဆိုတာကိုရော သိပါသလား။
မြန်မာနိုင်ငံရေးသမားများဆိုသည်မှာ

နိုင်ငံခြားသွား ငြိမ်းချမ်းရေးတစ်ခုလောက်လေလ့လာပြီးတာနဲ့ မြန်မာနိုင်ငံမှာ ဆရာကြီး လာလုပ်လို့ ရပြီ လို့ ထင်ပါသလား။ အဲဒီလိုနဲ့ ဖိလစ်ပိုင်ကနေ ဖဲ့ပြီး ပေးရတော့မယ် ဆိုတာကိုရော သိပါသလား။ တီမော ဒီလိုပဲ ကွဲထွက်လာတာ သိပါသလား။

စစ်တပ်ကို ဆန့်ကျင်ဘက် ကြည့်ရင် ဆန့်ကျင်ဘက်ပဲ မြင်ပါလိမ့်မယ်။
စစ်တပ်ကို အပြုသဘော ကြည့်ရင် အပြုသဘော မြင်ပါလိမ့်မယ်။

စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ချင်ကြတဲ့ နိုင်ငံရေးသမားများ၊ အရင်ဆုံး ငြိမ်းချမ်းအောင်၊ အပစ်အခတ် ရပ်စဲအောင် လုပ်ပါ။ တစ်ပြည်လုံး ငြိမ်းချမ်းသွားရင် နိုင်ငံရေးမှာ စစ်တပ် ပါစရာ အကြောင်း မရှိဘူး။
အပြာရောင်အလံသည် မြန်မာတပ်မတော်စခန်းဖြစ်ပြီး အနီရောင်နေရာများသည် ကေအိုင်အေတပ်စခန်းများဖြစ်သည်

ပြီးတော့ အပစ်အခတ် ရပ်စဲရေးဆိုတာ တစ်ဖက်တည်းက ရပ်လို့ မရဘူး။
ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို မထိုးဘဲ တောက်လျှောက် ရှောင်နေနိုင်တဲ့ လက်ဝှေ့သမား မရှိသလို-ကြိုးဝိုင်းထဲမှာ မထိုးဖို့ စကား ပြောမယ် ဆိုရင် တစ်ဘက်လက်သီးချက် အတွဲလိုက် ခံရဖို့ဘဲ ရှိတယ်။

အခု လိုနေတာက နှစ်ဖက်လုံး ပစ်ခတ်မှု အမြန်ဆုံး ရပ်ဖို့ပဲ။
ရှစ်ပူးတွေ ခရိုနီပါတီဖြစ်တဲ့ NLD တွေ၊ တိုင်းရင်းသားပါတီတွေက ကင်းစောင့်ပေးကြ။ KIA ဘက်က စဖောက်ပြီး ပစ်ရင် KIA က စတယ် ပြော-စစ်တပ်က စပြီး ပစ်ရင် စစ်တပ်က စ ဖောက်ဖျက်တယ်ပြော။
လုပ်လိုက်လေ ကြာသလားလို့။

KIA စစ်ရူးတွေကို တစ်ခွန်းမှ မပြောဘဲ စစ်တပ်ကို လာပြီး ဖိအား မပေးနဲ့။ သောက်ရူးတွေရဲ့။
မင်းတို့က ပလက်ဖောင်း ရှာတာ။ ဒီမှာက သေကြ ကြေကြ၊ ဒဏ်ရာ ရကြ ဖြစ်ရတာ။

From :ပလေတို ဒီမို (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား (၁၆)ဦး ၁၄၊၁၊၂ဝ၁၃ ၇က်နေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသို့ လေ့လာရေးခ၇ီး ထွက်သွား၇ာတွင် ခ၇ီးစဉ်တာဝန်ခံသည် ခင်ဥမ္မာ ဖြစ်သည်။

ခင်ဥမ္မာ သည် ABSDF လူသတ်သမား နိုင်အောင် ၏ မိန်းမ ဖြစ်သည်။

လူသတ်သမား နိုင်အောင် နှင့် ခင်ဥမ္မာ သည် ဒီမိုကေ၇စီေ၇းဘန်းပြကာ စီးပွါး၇ှာ လုပ်စားသူများအနက် အချမ်းသာဆုံးစာ၇င်းဝင်သူ ဒီမိုလုပ်စားလင်မယား ဖြစ်သည်။

၈၈မျိုးဆက်ကျောင်းသားများသည် ABSDF လူသတ်သမား နိုင်အောင် နှင့် ခင်ဥမ္မာ လင်မယားထံမှ လာဘ်ငွေ အကူအညီအထောက်အပံ့ ယူကာ လူသတ်သမား နိုင်အောင် ၏ ABSDF မြောက်ပိုင်းလူသတ်မှုများနှင့် ABSDF တောင်ပိုင်းလူသတ်မှုများကို ဖုံးကွယ်ပေးနေသည်။

ထိုကြောင့် ၈၈မျိုးဆက်ကျောင်းသားများသည် သိက္ခာ အကြီးအကျယ်ကျဆင်းကာ လူထု၏အယုံအကြည်ကင်းမဲ့မှုကို စတင် ခံနေ၇ပြီဖြစ်သည်။

Anonymous said...

၈၈ချာတိတ်ကလေးတွေကိုခွင့်လွှတ်လိုက်စမ်းပါ Kiaကိုမပြောရဲလို့ပြောလို့ရတဲ့တပ်မတော်ကိုပြော
တာပြောပါ့စေ အဲဒီလိုပြောမှသူတို့တွေမုန့်ဖိုးရမှာဥစ္စာ သားသားဆော့ချင်တာဆော့လို့ရပြီ
ဖမ်းလဲမဖမ်းတော့ဘူ အထင်လဲမကြီးတော့ဘူ

Anonymous said...

ဒီကျောင်းသားအိုကြီးတွေက သူတို.ကို သူတို. နိုင်ငံတော်သမ္မတနဲ.တန်းတူလောက်မှတ်နေတဲ.လူတွေ.တခါလောက်နိုင်ငံခြားသွား၇တာနဲ.

Anonymous said...

ပြည်သူ.အကျိုးပြုလုပ်ငန်းတွေလုပ်မယ်ဆိုလို.အကြံပေးပါ၇စေ။တအိမ်တက်တအိမ်ဆင်းပြီးအိပ်သာကျင်းတွေအခမဲ.လိုက်ဆယ်ပေးပါလား။ကိုကို ၈တို.၇ာ..အဟီး

nnn said...

ဒေါင်းရုပ်ခိုစား ကျောင်းသားအိုများ

ကောင်းမြတ်စိတ်ထား ရင်ဝယ်ပွားကာ

ိုနိုင်ငံ့သားတာဝန် ကိုယ့်ဝန်သာလျှင်

မှန်ကျေပွန်အောင် ဦးစွာထမ်းရွက်စေချင်သည် ။

ထိုမှတစ်ဆင့် မြင့်သထက်မြင့်

များကျိုးဆင့်ဆင့် ထမ်းသင့်သည်သာမဟုတ်လော ။

ပညာရှိများ ဖြစ်ခဲသတိ

ရံခါရှိတတ် သတိချပ်ဖို့ 

ကောင်းကျိုးမျှော်ရည် နှိုးဆော်မိသည်

လွန်တာရှိလျှင်တောင်းပန်သည် ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ