Jan 30, 2013

ဆိုးရွှားစုတ်ပြတ်စွာ အဆင့်အတန်းကျဆင်းနေသော မြန်မာ့မီဒီယာများအတွက် ထိုင်းနိုင်ငံတွင် သတင်းရေးသားနည်း သင်တန်းပေးမည်


မြန်မာသတင်းစာဆရာများအတွက် “ မြန်မာနိုင်ငံနှင့်ဒေသ တွင်း ရေးရာ များ သတင်းရေးသားနည်း (Covering Myanmar and Regional Issues)” သတင်းစာပညာသင်တန်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၅ ဖေဖေါ်ဝါရီ ၂၀၁၃ မှ ၈ မတ် ၂၀၁၃ ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၀၁၄ခုနှစ်မှာ အာဆီယံဥက္ကဌအဖြစ် မြန်မာနိုင်ငံက တာဝန်မယူခင် အချိန်မီကျင်းပမည့် ယခုသင်တန်းတွင် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း နိုင်ငံရေး စီးပွားရေးဆိုင်ရာ အရေးပါသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံနှင့် တရုတ်၊ အိန္ဒိယနိုင်ငံများအကြား မဟာဗျူဟာမြောက်သည့် ဆက်ဆံရေး များနှင့် စိန်ခေါ်ချက်များ စသည့်အကြောင်းအရာများကို အလေးပေး ဆွေးနွေး သင်ကြားမည်ဖြစ်ပါသည်။ မြန်မာသတင်းစာပညာ သင်တန်းဆရာ ဦးရဲနိုင်မိုးနှင့် ၀ါရင့်ထိုင်းသတင်းစာဆရာ မစ္စတာက၀ီ ချုံကစ်တာဗွန် (Mr Kavi Chongkittavorn) တို့က ဦးဆောင်သင်တန်း နည်းပြများအဖြစ် ဆောင်ရွက်ကြပါမည်။

သင်တန်းကိုတက်ရောက်လိုသူ သတင်းထောက်များ၊ အယ်ဒီတာများနှင့် အလွတ်တန်းသတင်းစာဆရာများ (Freelance Journalists) အနေဖြင့် ကိုယ်ရေးအကျဉ်း (CV) နှင့် သင်တန်းတက်ရောက်လိုသည့် အကြောင်း အရင်းကို ရေးသားဖေါ်ပြသည့် တစ်မျက်နှာထက်မ ပိုသော လျှောက်လွှာကို အီးမေးလ်လိပ်စာ yenaingmoe@gmail.com နှင့် ahtunu@gmail.com သို့ ၁၀ ဖေဖေါ်ဝါရီ ၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။ ကိုယ်ရေးအကျဉ်းတွင် နိုင်ငံကူးလက်မှတ်တွင် ဖေါ်ပြထားသည့် အမည်မှန်၊ နိုင်ငံကူးလက်မှတ်အမှတ် (Passport No)၊ မွေးသက္ကရာဇ်၊ ရာထူး၊ သတင်းဌာနအမည်၊ ဆက်သွယ်ရန်တယ်လီဖုန်း၊ အီးမေးလ်၊ လိပ်စာ၊ ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံများ ကို ပြည့်စုံစွာ ဖေါ်ပြရ မည်ဖြစ်သည်။


ပဏာမ ရွေးချယ်ခံရသူများကို သင်တန်းစီစဉ်ဆောင်ရွက်သူ များမှ လူတွေ့စစ်ဆေးသွားမည် ဖြစ်ပါသည်။ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ သင်ကြားလိုသည့် သံဓိဌာန်နှင့် နိုင်ငံကူးလက်မှတ် အသင့်ရှိပြီး သတင်းစာဆရာများကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။
ရွေးချယ်ခံရသူများသည် နိုင်ငံကူးလက်မှတ် (Passport)ကို အချိန်မှီရရှိရန် မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းမှ ခရီးသွားလာမှုစရိတ်၊ လေယာဉ်စရိတ်၊ ပြည်ဝင်ခွင့်ဗီဇာကြေး၊ ဟိုတယ်စရိတ်၊ စားသောက်စရိတ်နှင့် နေ့စဉ်အသေးသုံးစရိတ်ကို တာဝန်ယူကျခံမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဦးအောင်ထွန်းဦး ဖုန်းနံပါတ် ၀၉ ၅၀၈၉၆၆၆ နှင့် ဦးရဲနိုင်မိုး ဖုန်းနံပါတ် ၀၉ ၅၄၀၂၅၈၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ နယ်သတင်းထောက်များလည်းလျှောက်ထာနိုင်သည်။

From:[_The Street View _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

yannaing said...

ဦးစားပေးအစီစဉ်အနေဖြင့် the voice.,weaklyeleven.,ဂျာနယ်များမှ အယ်ဒီတာများကို ကောလဟာလ ပပြောက်ရေး သင်တန်းပေးသွားမည်ဟုသိရှိရပါသည်။

Anonymous said...

မျိုးမစစ်မျိုးမမှန်တဲ့ စိတ်ဓါတ်အောက်တန်းကျနေတဲ့ကောင်တွေကိုသင်ပေးရင်
နွားပလာတာကျွေးသလိုဘဲဖြစ်မှာပါ

Anonymous said...

အဲဒီသစ္စာဖောက်တွေသင်တန်းပေးလဲအလကားပဲသောက်စိတ်ရင်းခံကိုကမကောင်းတာ

nnn said...

မီဒီယာကို မီဒီယာကဖျက်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ