Jan 31, 2013

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော

ပြည်ထောင်စု တပ်မတော် နဲ့ ကေအိုင်အေ တို့ တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် မှာ ကေအိုင်အေ အဖွဲ့တွေက မီဒီယာ သမားတွေ ကို လိုင်ဇာ နဲ့ ရှေ့တန်း စစ်ပြေပြင် ကို ခေါ်ယူပြီး သူတို့ စစ်တိုက်တာ မှန်သယောင် ခေါ်ပြခဲ့ကြပါတယ်။ 

အထူးသဖြင့် ယခင် အစိုးရ လက်ထက်က တပ်မတော် ကို အစဉ်အမြဲ ဆန့်ကျင်ဘက် အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေ ကိုပါ။ (အခုလဲ သတင်းထောက်ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး စီမံကိန်း အချို့ကို ထုတ်လွှင့် ရေးသားနေတုန်းပါ။)
ကေအိုင်အေ ခေါင်းဆောင်တွေက အရပ်ကူပါ၊ လူဝိုင်းပါ အနေနဲ့ သတင်းထောက် တွေ ကို ခေါ်ပြခဲ့တယ်။ အဲဒီမှာ ကေအိုင်အေ တပ်ဖွဲ့တွေ ရဲ့ နေထိုင်လှုပ်ရှားမှု့တွေ၊ စခန်းနေရာယူပုံတွေ၊ ကေအိုင်အေတပ်ဖွဲ့ဝင်
တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ အင်တာနက်ပေါ်မှာ မမြင်ချင် မတွေ့ချင် အဆုံး ပလူကို ပျံနေခဲ့ပါတယ်။


ဒီပုံတွေ ဟာ သာမန် အရပ်သူ အရပ်သားတွေအတွက် ဘာမှ မဟုတ်ပေမဲ့ စစ်ပညာကို စနစ်တကျ လေ့လာထားတဲ့ အစိုးရ စစ်သားတစ်ယောက်အနေနဲ့ စခန်းကုန်း ဓါတ်ပုံ၊ စစ်သည်တစ်ယောက် ၀တ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်တာနဲ့ ကေအိုင်အေ ရဲ့ အားနည်းချက်၊ အားသာချက်ကို ရှင်းကနဲ သိနိုင်ပါတယ်။

စစ်တိုက်ရင် ကိုယ် အင်အား နည်းနေရင် ရန်သူ့အမြင်မှာ များသယောင်၊ များရင် နည်းသယောင်၊ ငြိမ်နေရင် လှုပ်ရှားနေတယ် ထင်အောင်၊ လှုပ်ရှားနေရင် ရန်သူက ငြိမ်နေတယ်လို့ ယူဆအောင် လှည့်စားရတာပါ။ကေအိုင်အေ ကတော့ အဲဒီ စစ်သဘောတရားကို မလိုက်နာပဲ သူတို့ အကြောင်း အလုံးစုံသိအောင် မီဒီယာသမားတွေကို စခန်းကုန်းတွေ လိုက်ပြနေပါတော့တယ်။ မီဒီယာမှာ ပဲ ၀ါဒဖြန့်ဖို့ အားသန်နေခဲ့ပါတယ်။

နောက်တစ်ခါ သံသယဖြစ်စရာ အချက်ကတော့ ကေအိုင်အေ သူတို့ စခန်းတွေ နဲ့ လိုင်ဇာကို ခေါ်ပြတဲ့ သတင်းထောက်တွေထဲမှာ သာမန် သတင်းထောက်တွေ ပါနိုင်သလို အစိုးရ သတင်းထောက်တွေလဲ ပါနိုင်ပါတာကိုပါ။ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ကေအိုင်အေ ဟာ စိတ်ဓါတ်နဲ့ လက်နက် အခြေပြု ထားတဲ့ တိုက်စွမ်းရည် မှာ အမြဲတမ်းလေ့ကျင့်ထားသော စစ်တပ် ကို မမှီခဲ့တာကြောင့်ရော ၊ သူတို့လုပ်ရပ်တွေ မှန်ကန်ကြောင်း ၀ါဒ ဖြန့်ချင်ဇောနှင့် သတင်းထောက်တွေ ကို သူ့တို့ စခန်းတွေ မြို့တွေကို ၀င်ခိုင်းပြီး ..ရိုက်ခိုင်းခဲ့တဲ့ ဓါတ်ပုံတွေ ကြောင့် ကေအိုင်အေ တို့ စစ်ရှုံးခဲ့ရပေပြီ။

From:[_ မြန်မာ့သားကောင်း _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

mmdailystar said...

mmdailystar

လူသတ်အဖွဲ့ ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ပေါင်းသလဲ?


၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေ ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးတွန်သံများ ဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေ သိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဇွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှို ဆိုပြီး စွပ်စွဲ၊ ရက်ရက်စက်စက် လည်ပင်းကို ၀ါးကြောနဲ့လှီး၊ ပေါင်ကိုခွဲ ဆားသိပ်၊ အမျိုးသမီး ဆိုရင် မိန်မအင်္ဂါကို တံစို့ကို မီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှိခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်းလဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုက ဘာတွေဘဲ လုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဇွန် မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များ ရမလား ဆိုပြီး စမ်းကြည့်တယ်။ မိုးသီးဇွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီး ဆိုပြီ ဆန်အိတ်တွေ ဘာတွေတောင် ထမ်းပြလိုက်သေး တယ်။ ABSDF ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက် လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် ABSDF မြောက်ပိုင်းလူသတ်မှုတွေကြောင့် တရားစွဲခံရမှာလဲကြောက်၊ သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီး ဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင် ရပ်သလား ဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာပါပြီ၊ ပြောင်ပြောင်တင်းတင်း ပါဘဲ၊ ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ KIA က တပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊ KIA က အသာစီးရနိုင်တဲ့ တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကို ကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကို တင်ပြီး KIA ဘက်က ကူသယောင်နဲ့ ABSDF ကို နာမည်ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့ နာမည်ကို ပါအောင် သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ဝါးကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကို ခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်း ပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံး ကျပြီး ရှုံးနိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီ ဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကို ရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်း အဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး ဆိုတာ သိသွားပါတယ်။ ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ (KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊ အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာမဲ့ နည်းလမ်းဖြစ်ပါတယ်။

၉။ KIO / KIA တွေ သိဖို့က လူသတ်အဖွဲ့ ABSDF ဆိုတာ KIA ကို ချစ်လွန်းလို့ လာ ပူပေါင်းတာ မဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေ တစ်လုံးကို အသက်သွင်းချင်လို့ KIA ဆီကို လူသတ်အဖွဲ့ ABSDF ရောက်နေတယ် ဆိုတာပါဘဲ။

From:JingHpaw Land

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ